ခင်ပွန်းဖြစ်သူရဲ့နာမည်တက်တူးကို ဖျက်ပစ်ရတဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ ဗစ်တိုးရီးယား ဘက်ခမ်း

17-10-2022-yyl-50.jpg

ဗစ်တိုးရီးယားဘက်ခမ်းဟာ သူ့ရဲ့လက်ကောက်ဝတ်က ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းရဲ့နာမည်အတိုကောက် “DB” တက်တူးကို ဖျက်ပစ်လိုက်တဲ့အတွက်အိမ်ထောင်ရေးအဆင်မပြေဘူးလားဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဗစ်တိုးရီးယားက တက်တူးဖျက်ပစ်ရတဲ့အကြောင်းအရင်းကို ရှင်းပြပြီးတော့ အဲဒီသတင်းကို ငြင်းဆိုခဲ့ပါတယ်။

အသက် ၄၈ နှစ်အရွယ် ဗစ်တိုးရီးယားရဲ့ တက်တူးဖျက်ပစ်ရတဲ့အကြောင်းအရင်းက ရိုးရှင်းပါတယ်။ အဲဒီတက်တူးက မလှတော့တဲ့အတွက်ကြောင့် ဖျက်ပစ်လိုက်ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။ သူနဲ့ဒေးဗစ်တို့ရဲ့၂၃ နှစ်ကြာအိမ်ထောင်ရေးဟာ အရင်ကထက်ပိုမိုခိုင်မာလာတယ်လို့လည်း ပရိသတ်တွေကို အခိုင်အမာပြောခဲ့ပါတယ်။

“ကျွန်မမှာ ဒီတက်တူးတွေရှိခဲ့တဲ့ ကြာလှပြီး အဲဒီတက်တူးက သိပ်ပြီး အနုမစိတ်တော့ဘူး။ အဲဒါက သွေးနည်းနည်းထွက်နေပြီး လှတဲ့ပုံမပေါ်ဘူး။ ကျွန်မ တက်တူးကို စိတ်ကုန်သွားရုံပါပဲ”လို့ သူက ဆိုပါတယ်။ တက်တူးကို ဖျက်ပစ်လိုက်တာက အခြားဘာကိုမှဆိုလိုချင်ခဲ့တာမဟုတ်ပါဘူးလို့လည်း သူက ပြောပါတယ်။

ဘက်ခမ်းမှာ သူ့ဇနီးဗစ်တိုးရီးယားနဲ့သားသမီးတွေကို ရည်ညွှန်းတဲ့ တက်တူးများစွာရှိနေတုန်းပါပဲ။ သူ့ဇနီးရဲ့နာမည်ကို သူ့ရဲ့ညာလက်မှာ တက်တူးထိုးထားပါတယ်။ သူ့ညာလက်ရဲ့လက်သန်းကြွယ်မှာ နံပါတ် “99” ကိုလည်း တက်တူးထိုးထားပါတယ်။ “99” က ၁၉၉၉ ခုနှစ်ကို ဆိုလိုတာဖြစ်ပြီး အဲဒီနှစ်မှာ ဗစ်တိုးရီးယားနဲ့ လက်ထပ်ခဲ့တယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ UEFA ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့တဲ့အပြင် အကြီးဆုံးသား ဘရွတ်ကလင်ကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။

ဘက်ခမ်းမှာ သင်္သကရိုက်ဘာသာစကားနဲ့တက်တူးတစ်ခုလည်းရှိပြီး သူ့ဇနီးကို ရည်ညွှန်းတဲ့ လက်တင်ဘာသာစကားနဲ့ အခြားတက်တူးတစ်ခုလည်း ရှိပါတယ်။ ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားနှစ်ယောက်စလုံးမှာ “ငါက နင့်အချစ်ဆုံးဖြစ်ပြီး ငါရဲ့အချစ်ဆုံးက နင်ပါပဲ”ဆိုတဲ့ ဟေဗြဲဘာသာစကားနဲ့ဆင်တူတက်တူးရှိပါတယ်။ ဘက်ခမ်းက သူ့ရဲ့ဘယ်လက်မောင်းမှာ ထိုးထားပြီး ဗစ်တိုးရီးယားကတော့ သူ့ရဲ့လည်ပင်းမှာ ထိုးထားပါတယ်။ အဲဒီဆင်တူတက်တူးကို တစ်ယောက်နဲ့တစ်ယောက်ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုဖို့အတွက် သူတို့ရဲ့(၆) နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မှာ ထိုးခဲ့တာဖြစ်ပါတယ်။

Ref: TheMirror “Victoria Beckham denies marriage trouble as she explains ‘DB’ tattoo removal”

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top