Vietjet က ပြည်တွင်း ခရီးစဉ်သစ် ၈ ခုကို ပြေးဆွဲ၊ အထူးပရိုမိုးရှင်း လက်မှတ်ပေါင်း ၂.၅ မီလီယံ ပေးအပ်

Vietjet-Promotion-1.jpeg

Vietjet က ပြည်တွင်းခရီးစဉ်များကို ပြန်လည် ပြေးဆွဲပေးနေပြီဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ စတင်ပြေးဆွဲသွားမည့် ပြည်တွင်းခရီးစဉ်သစ် ၈ ခုအတွက် လက်မှတ်များကို စတင် ရောင်းချနေပြီဖြစ်ပါတယ်။ ဝန်ဆောင်မှုအသစ်များပေးအပ်နိုင်သည့် အထိမ်းအမှတ်အနေဖြင့် အထူးပရိုမိုးရှင်း လက်မှတ်ပေါင်း ၂.၅ မီလီယံအထိ ပေးအပ်သွားမှာဖြစ်ပြီး ပြည်တွင်းခရီးစဉ် များအားလုံးအတွက် ဗီယက်နမ်ဒေါင် ၈၀၀၀ (မြန်မာကျပ်ငွေ ၄၈၀ ခန့်သာ) (အခွန် နှင့် အခြားပေးဆောင်ရမည့်အခများ မပါဝင်ဘဲ) မှ စတင်ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

ပရိုမိုးရှင်းလက်မှတ်များကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့နောက်ဆုံး Vietjet ရဲ့ဝက်ဘ်ဆိုက် www.vietjetair.com နှင့် Vietjet Air မိုဘိုင်းလ်အက်ပလီကေးရှင်းတို့မှာ ဝယ်ယူသွား နိုင်မှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း (ရုံးပိတ်ရက်များ မပါဝင်ဘဲ) ခရီးစဉ်များအတွက် အသုံးပြုနိုင်မှာ ဖြစ်ပြီး ခရီးစဉ် အသစ် ၈ ခုအတွက် ၂၀၂၀ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ အောက်တိုဘာ ၂၄ ရက်နေ့အထိ (ရုံးပိတ်ရက်များ မပါဝင်ဘဲ) အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဟနွိုင်း၊ Hai Phong ၊ Da Nang တို့လိုမြို့ကြီးများနှင့် ဗီယက်နိုင်ငံရှိ လှပသော မြို့များစွာအကြား ပြည်တွင်း ခရီးစဉ်အသစ်များအဖြစ် ပြေးဆွဲသွားမည်ဖြစ်သောကြောင့် Vietjet ရဲ့ ပြည်တွင်း ခရီးစဉ်အရေအတွက်က စုစုပေါင်း ၅၃ ခုအထိ ရှိလာပြီဖြစ်ပါတယ်။ ခရီးစဉ်များနှင့် ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Vietjet ရဲ့ဝက်ဘ်ဆိုက် www.vietjetair.com ၊ Vietjet Air မိုဘိုင်းလ်အက်ပလီကေးရှင်း၊ Facebook စာမျက်နှာ https://www.facebook.com/vietjetvietnam/ ၊ လက်မှတ်အရောင်းဌာနများ၊ ရုံးများတွင် လေ့လာနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top