၂၀၂၅ ခုနှစ် အထိပဲ Windows 10 ကို Microsoft က ထောက်ပံ့ပေးတော့မယ်

17-6-2021-yyl-01.jpg

အခုလနောက်ပိုင်းမှာ Windows Operating System အသစ်ထွက်ရှိဖို့ပြင်ဆင်နေတဲ့အတွက်ကြောင့် ၂၀၂၅ ခုနှစ်မှာ Windows 10 ကို ဗာရှင်းအသစ်ထောက်ပံ့ပေးတာ ရပ်တန့်တော့မယ်လို့ Microsoft က ကြေညာခဲ့ပါတယ်။ Windows 10 ထွက်ရှိခဲ့တဲ့အချိန်က Operating System ရဲ့ နောက်ဆုံးဗာရှင်းတစ်ခုဖြစ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ Microsoft က ပြောခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၅ခုနှစ် အောက်တိုဘာ ၁၄ ရက်ကစပြီး Home နဲ့ Pro အတွက် ဗာရှင်းအသစ်ရတော့မှာမဟုတ်ပါဘူး။

နောက်လာမယ့် Windows အသစ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်က OS အတွက် အသိသားဆုံးဗာရှင်းတွေထဲက တစ်ခုအနေနဲ့ ကိုယ်စားပြုမှာဖြစ်တယ်လို့ Microsoft က ဆိုပါတယ်။ Windows 11 လို့ယူဆရတဲ့ OS အသစ်ကို ဒီလထဲ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

စီးပွားရေးလုပ်ငန်းတွေက Windows Professional နဲ့ Windows 7 Enterprise တွေအတွက် Microsoft ကို ငွေပေးချေရင် ဗာရှင်းအသစ် ဆက်လက်ရရှိနိုင်ပေမဲ့ အရင်ထွက်ရှိခဲ့တဲ့ Windows 7 ကိုလည်း ၂၀၂၀ခုနှစ်မှာ ထောက်ပံ့ပေးတာ ရပ်တန့်ခဲ့ပါတယ်။ Windows 10 ကို ၂၀၁၅ခုနှစ် ဇူလိုင်က ထွက်ရှိခဲ့ပြီး နှစ်တိုင်း OS ဗာရှင်းအသစ်ထွက်ရှိတာနဲ့ အပိုဝန်ဆောင်ခမပါဘဲ ဆော့ဖ်ဝဲကို တဖြည်းဖြည်းချင်း ဗာရှင်းမြှင့်နိုင်မယ့် ဝန်ဆောင်မှုပေးတဲ့ Windows အဖြစ် အမည်တပ်ခဲ့ပါတယ်။

စတ်ရာ နတ်ဒဲလ်လာ (Satya Nadella) နဲ့ ထုတ်ကုန်အရာရှိချုပ် ပါနော့စ် ပါနေ (Panos Panay) တို့က ဇွန်လ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် အွန်လိုင်းပွဲ တစ်ခုမှာ OS အသစ်ကိုစတင်မိတ်ဆက်မှာဖြစ်ပါတယ်။ အချို့ဝေဖန်သုံးသပ်သူတွေကတော့ OS အသစ်ကို နံပါတ် ၁၁ အစား နာမည်ပေးလိမ့်မယ်လို့ ဆိုကြပါတယ်။ OS အသစ်မှာ feature အသစ်တွေ ပိုမိုခေတ်မီတဲ့အသွင်အပြင် နဲ့ ပြန်လည်ဆန်းသစ်တဲ့ Start menu တွေ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

PC ရောင်းချမှုကလည်း ဆက်လက်လွှမ်းမိုးနေဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ၇၉.၄ သန်းတင်ပို့ရောင်းချနိုင်ခဲ့သလို Google ရဲ့ Chrome OS မှာ ပါတဲ့ Chromebooks ၁၁.၇ သန်း ကိုလည်း ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref: BBC”Windows 10 to be retired in 2025, as new OS unveils”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top