WLC-14 မှာ အန်တိုနီယိုဖာရီယာ ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့ပြီး မြန်မာကိုယ်စားပြုကစားသမား (၃) ယောက်မှာ ၂ ယောက်ရှုံး၊ ၁ ယောက် သရေပွဲ ဖြစ်

003.jpg

ထိုင်းနိုင်ငံတွင် ကျင်းပပြီး ယနေ့တင်ဆက်သည့် WLC-14: Lethwei Showcase ပြိုင်ပွဲ၏ ခေါင်ပွဲဖြစ်သည့် လိုက်ဝယ်လ်တာဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲတွင် အန်တိုနီယိုဖာရီယာ( ပေါ်တူဂီ) အနိုင်ရခဲ့ပြီး WLC ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

အန်တိုနီယိုဖာရီယာ( ပေါ်တူဂီ) နှင့် ဖရန်စစ္စကိုမီညာလက်စ် (စပိန်)တို့ ပွဲစဉ်၌ တတိယအချီအပြီးတွင် ဖရန်စစ္စကို ဆက်လက်မထိုးသတ်နိုင်၍ အန်တိုနီယာဖာရီယာအနိုင်ရခဲ့ခြင်းဖြစ်သည်။

ဒုတိယခေါင်ပွဲဖြစ်သည့် ဆန်းဆွက် (ထိုင်း) နှင့် နီကိုမန်ဒက်စ် (စပိန်)တို့ တွဲဆိုင်း၌ ပထမအချီ ၁ မိနစ် ၃၀ စက္ကန့်တွင် နီကိုမန်ဒက်စ် အလဲထိုးအနိုင်ရခဲ့သည်။ပဉ္စမတွဲဆိုင်းဖြစ်သည့် လီဟာနီဟန်းနရစ် (ဘရာဇီး) နှင့် ဝလာဒီမာရှူးလက်ခ် (ရုရှား) တို့ ပွဲစဉ်တွင် လီဟာနီဟန်းနရစ်က ဝလာဒီမာရှူးလက်ခ်ကို အမှတ်ပေးဆုံးဖြတ်ချက်အရ ၃-၀ ဖြင့် အနိုင်ရခဲ့သည်။

စတုတ္ထတွဲဆိုင်းဖြစ်သည့် စောလှမင်း ( မြန်မာ) နှင့် ယိုရယ်လ်ပီကေး (အာဂျင်တီးနား)တို့ ပွဲစဉ်၌ ဒုတိယအချီ ၃၇ စက္ကန့်တွင် ယိုရယ်လ်ပီကေးက အလဲထိုးအနိုင်ရခဲ့သည်။တတိယတွဲဆိုင်းဖြစ်သည့် ဖကျော်ဟဲ ( မြန်မာ) နှင့် ဘန်ဒါဆက် (ထိုင်း)တို့ ပွဲစဉ်တွင် ပူးတွဲသရေ ဖြစ်ခဲ့သည်။

ဒုတိယတွဲဆိုင်းဖြစ်သည့် ပက်ချ်နာရီ (ထိုင်း) နှင့် မိုင်ရီယမ်ဆာဘော့တ် (အီတလီ)တို့ ပွဲစဉ်၌ ဒုတိယအချီအပြီးတွင် ပက်ချ်နာရီ ဆက်လက်မထိုးသတ်နိုင်၍ မိုင်ရီယမ်ဆာဘော့တ် အနိုင်ရခဲ့သည်။

အဖွင့်တွဲဆိုင်းဖြစ်သည့် ဂျေးချေ ( မြန်မာ) နှင့် အယ်လ်လိန်းဂါရီအာယွတ် ( မော်ရိုကို)တို့ ပွဲစဉ်တွင် အယ်လ်လိန်းဂါရီအာယွတ်က ဂျေးချေကို အမှတ်ပေးဆုံးဖြတ်ချက်အရ ၂-၁ ဖြင့် အနိုင်ရခဲ့သည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top