ကမ္ဘာ့အမည်းနက်ဆုံးလူသားအဖြစ် အသွင်ပြောင်းခဲ့တဲ့ ဂျပန် YouTuber

6-10-2022-yyl06.jpg

ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး YouTuber ဟာဂျီမဲက ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ ကမ္ဘာ့အမည်းနက်ဆုံး သုတ်ဆေးကို သူ့ခန္ဓာကိုယ်မှာ သုတ်လိမ်းပြီး ကမ္ဘာ့အမည်းနက်ဆုံးလူသားအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

ကမ္ဘာ့အမည်းနက်ဆုံးသုတ်ဆေးက Vantablack ဖြစ်ပြီး အလင်း ၉၉.၉၆၅ ရာခိုင်နှုန်းအထိ စုပ်ယူနိုင်ပါတယ်။ ဒါပေမဲ့ ဈေးကြီးလွန်းပြီး ဈေးကွက်ထဲမှာလည်း ဝယ်ယူလို့ မရပါဘူး။ ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ အမည်းနက်ဆုံးသုတ်ဆေးကတော့ Koyo Orient Japan ကုမ္ပဏီက ထုတ်လုပ်တဲ့ Musou Black သုတ်ဆေးပါ။ အလင်းရောင် ၉၉.၄ ရာခိုင်နှုန်းအထိ စုပ်ယူနိုင်စွမ်း ရှိပါတယ်။

ခပ်ဆန်းဆန်း အိုင်ဒီယာတွေနဲ့ ဗီဒီယိုတွေ ဖန်တီးသူ ဟာဂျီမဲဟာ ကမ္ဘာ့အမှောင်ဆုံးအခန်း ဖန်တီးဖို့ Black Musou သုတ်ဆေးကို အသုံးပြုခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ သူ့ခန္ဓာကိုယ်ကိုပါ သုတ်လိမ်းခဲ့တာပါ။ ဟာဂျီမဲက အရိပ်တစ်ခုလို မှောင်မိုက်နေတာ မြင်ရမှာပါ။

Ref: YouTuber Becomes World’s Blackest Man With the Blackest Commercially-Available Paint

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top