ကိုယ်ဝန်လွယ်ထားရပြီလို့ သတင်းထွက်ရှိနေတဲ့ နာမည်ကြီးမော်ဒယ်ဂျီဂျီ ဟာဒစ်

29-4-2020-yyl-001.jpg

One Direction အဖွဲ့ဝင်ဟောင်း ဇိန်း မာလိခ် (Zayn Malik) နဲ့ နာမည်ကြီးမော်ဒယ်ဂျီဂျီ ဟာဒစ် (Gigi Hadid) တို့ဟာ ချစ်သူစုံတွဲတွေဆိုတာကို စာဖတ်ပရိသတ်တွေ သိထားကြမှာပါ။ အခုဆိုရင် ဂျီဂျီ ဟာဒစ်က ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ သတင်းတွေထွက်ရှိနေပါတယ်။ သူဟာ ကိုယ်ဝန်လွယ်ထားရတာ (၂၀) ပတ်ရှိနေပြီလို့ ထွက်ရှိလာတဲ့သတင်းတွေအရ သိရပါတယ်။

သူတို့စုံတွဲကတော့ အရာရာတိုင်းကို သိုဝှက်ထားနိုင်ပါတယ်။ သူတို့စုံတွဲက လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ ပြန်ပေါင်းထုတ်ခဲ့တာ မကြာသေးပါဘူး။ ဇိန်းကို ဂျီဂျီရဲ့ (၂၅) နှစ်ပြည့်မွေးနေ့မှာ နောက်ဆုံးမြင်ခဲ့ရတာပါ။ မွေးနေ့ပွဲကိုတောင် သိုသိုသိပ်သိပ်ကျင်းပခဲ့တာဖြစ်ပြီး အင်စတာဂရမ်မှာ ပုံတင်မှာသာ ပရိသတ်တွေ သိခဲ့ရတာဖြစ်ပါတယ်။ မိသားစုနဲ့ သိကျွမ်းတဲ့ Source တစ်ခုကတော့ သူတို့စုံတွဲဟာ ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလားမသိရသေးကြောင်းနဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားနေကြောင်း အတည်ပြုပြောကြားထားပါတယ်။

ဂျီဂျီ ကိုယ်ဝန်လွယ်ထားရတဲ့ သတင်းထွက်ရှိလာပြီးတဲ့နောက်မှာ ဂျီဂျီနဲ့ ရင်းနှီးတဲ့ အဆိုတော်ဂျွန်လက်ဂျန့် (John Legend)ရဲ့ဇနီး ခရစ်စီ တီဂန်ကလည်း ဂျီဂျီကို အင်စတာဂရမ်မှာ ဂုဏ်ပြုစကားဆိုထားပါတယ်။ ဖေဖော်ဝါရီလထုတ် Vice မဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာလည်း ဂျီဂျီက “ကျွန်မ အသက်ကြီးလာပြီဖြစ်တဲ့အတွက် တစ်နေ့တော့ မိသားစုတစ်စု ထူထောင်ရမယ်ထင်ပါတယ်။ ကျွန်မ အမြဲတမ်း မော်ဒယ်အလုပ်လုပ်ရမလားဆိုတာ မသိပါဘူး” လို့ ပြောခဲ့ဖူးပါတယ်။

ဇိန်နဲ့ ဂျီဂျီတို့က ၂၀၁၈ခုနှစ်မှာ လမ်းခွဲခဲ့ကြပြီး ၂၀၁၉ခုနှစ်ကုန်ပိုင်းမှာ ပြန်တွဲခဲ့ကြပါတယ်။ သူတို့ ပြန်တွဲနေတယ်ဆိုတဲ့သတင်းက ခရစ်မတ်ရာသီ ဒီဇင်ဘာလမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှ သူတို့က ထွက်ရှိနေတဲ့သတင်းတွေကို နယူးယောက်မြို့မှာ လျှောက်လည်ရင်တဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီပုံတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားသလို သူတို့ပြန်တွဲနေပြီဆိုတာကိုလည် းအတည်ပြုနေတာဖြစ်ပါတယ်။ သူတို့အတွဲ နောက်ထပ်ပြန်တွဲဖြစ်နေတယ်ဆိုတာကို E! News က သေချာအတည်ပြုပေးခဲ့ပါတယ်။

Ref: Zayn Malik, Gigi Hadid are expecting a baby!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top