အနက်​​ရောင်​အသွင်​သစ် (Dark Mode) ​နဲ့ အသုံးပြုနို​င်​​တော့မ​ယ့် ​ဖေ့စ်​ဘွတ်​ခ်​ မက်ဆင်ဂျာ

ဖေ့စ်​ဘွတ်​ခ်​ဟာ သုံးစွဲသူ​တွေအတွက်​ မျက်​လုံးကိုပြာ​ဝေ​စေတဲ့ အဖြူ​ရောင်​အပြင်​ ပိုအသုံးပြုရ အဆင်​​ပြေ​စေနို​င်​မယ့်​ အနက်​​ရောင်​အသွင်​သစ်​ကိုပါ မက်ဆင်​ဂျာမှာ ထည့်​သွင်းအသုံးပြုသွား​တော့မှာ ဖြစ်​ပါတယ်​။ စမ်းသပ်​ကာလနဲ့အတွင်းမှာတော့ နို​င်​ငံတချို့မှာပဲ စတင်​အသုံးပြုခွင့်​ရရှိ​မှာ ဖြစ်​တယ်​လို့လည်းသိရပါတယ်​။

ဒါ့အပြင်​ စမ်းသပ်​ကာလအသုံးပြုခွင့်​ရရှိတဲ့ထဲမှာ​တော့ အ​မေရိကန်​နို​င်​ငံ မပါဝင်​​သေးဘူးလို့ ဆိုပါတယ်​။ မက်ဆင်​ဂျာ app အတွက်​ အနက်​​ရောင်​ "Dark Mode" က မပြီးပြည့်​စုံ​သေးတာမို့ အမြင်​အာရုံကို ရုတ်​တရက်​ထိခို​က်​​စေနိုင်​တာကြောင့် စတင်​အသုံးပြုတဲ့အခါ ညဘက်​​တွေမှာ သတိထားသင့်​ပါတယ်​။

ဒီအနက်​​ရောင်​အသွင်​သစ်​မှာ​တော့ ​နောက်​ခံအဖြူ​ရောင်​အားလုံးနီးပါးက အနက်​​ရောင်​ အဖြစ်​​ပြောင်းသွားပြီး စာတို​တွေရဲ့အ​ရောင်​က​တော့ အဖြူ​ရောင်​အဖြစ်​ ​ပြောင်းလဲသွားတာကို မြင်​​တွေ့ရမှာပါ။ Search Bar အ​ရောင်​က​တော့ မီးခိုး​ရောင်​နဲ့ရှိ​နေမှာဖြစ်​ပြီး တချို့အစိတ်​အပိုင်း​တွေမှာလဲ အဖြူ​ရောင်​အ​နေနဲ့ ​ပေါ်နေမှာပါ။

စမ်းသပ်​ကာလအပြီးမှာ​တော့ နိုင်​ငံအားလုံး သုံးစွဲနို​င်​ဖို့​မျှော်​လင့်​ရသလို အမြင်​ဆန်း​​စေတဲ့ မာဆင်​ဂျာအသွင်​သစ်​က ဘယ်​လိုထပ်​ထူးခြားလာဦးမလဲ စောင့်ကြည့်မှာပါ။

Ref: Androidpolice " Facebook Messenger is testing dark mode, but only in some countries "

AI (ရိုးရာ​လေး)