Category: Technology

အနက်လား ၊ ရွှေရောင်လား ၊ ဘယ်အရောင်ဖုန်းကို ပို သဘောကျသလဲ

ဒီဘက်ခေတ်မှာတော့ စမတ်ဖုန်းတွေဟာ ဆက်သွယ်ရေး အထောက်အကူပစ္စည်းတင် မကတော့ပါဘူး။ ဖုန်းတွေရဲ့ ဒီဇိုင်းတွေ၊ စတိုင်တွေကပါ ဖုန်းအသုံးပြုသူကို တစိတ်တပိုင်း ကိုယ်စားပြုနေပါတယ်။ အဖြူရောင် ၊ ငွေရောင် ၊ သတ္တုရောင် အရောင်ဆန်းအမျိုးမျိုးကို တွေ့ရပေမယ့် အနီးအနားက ဖုန်းတွေကို သတိထားကြည့်မိရင် အနက်ရောင်နဲ့ ရွှေ့ရောင်က အများဆုံးဖြစ်နေတာကို တွေ့ရမှာပါ။ အနက်ရောင်နဲ့ ရွှေရောင်တွေမှာတောင် အမျိုးအစားအမျိုးမျိုးထပ် ခွဲထားတာတွေ အများကြီးပါပဲ။ ဒါပေမယ့် ယေဘုယျအနေနဲ့ ပြောရရင် ဖုန်းဆိုင်တွေမှာလည်း ဒီအရောင် နှစ်မျိုးကို လူတွေက ပိုပြီး သဘောကျ ကြတယ်လို့ သိရပါတယ်။ ဖုန်း Brand တွေကလည်း ဒီအရောင်နှစ်မျိုးကို အသားပေးထုတ်လုပ်လာကြပါတယ်။

Vivo ကတော့ V7+အပြီး နောက်ထပ် ထွက်ရှိမယ့် V7 ဖုန်းကို အနက်ရောင်အပြင် ရွှေရောင် (Crown Gold Color) နဲ့ပါ တွဲဖက်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ V7+ တုန်းကတော့ အနက်ရောင် တစ်မျိုးတည်းနဲ့ ထုတ်ခဲ့တာပါ။ V7 ဖုန်းအသစ်မှာ V7+ နဲ့ တူတာတွေက FullViewTM Display ၊ 24 MP ရှေ့ကင်မရာ ၊ 16 MP နောက်ကင်မရာ ၊ Face Access နဲ့ lock ဖွင့်နိုင်မယ့် စနစ်နဲ့ ကျောဘက်က finger scanner ပါဝင်လာတာပါပဲ။  4 GB RAM နဲ့ 32  GB ROM လည်း သူ့မှာ ပါဝင်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် V7 နဲ့ ပတ်သက်တဲ့ specification အပြည့်အစုံကို လက်ရှိအချိန်မှာ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးသလို ဈေးနှုန်းကိုတော့ တရားဝင် ကြေငြာထားတာ မရှိသေးပါဘူး။ ဒီ နိုဝင်ဘာလ မကုန်ခင် ပြည်တွင်း ဈေးကွက်မှာ ဝယ်ယူသွားနိုင်မယ်လို့ပဲ သိရပါသေးတယ်။

အရောင်တွေနဲ့ လူ့ စိတ် အကြိုက် ဆက်စပ်ပုံအရတော့ ဒီလို ရှိပါတယ်။ အများအားဖြင့် လူငယ်တွေနဲ့ အမျိုးသားအများစုကတော့ ကျစ်လျစ်သိပ်သည်းပြီး လျှို့ဝှက်နက်နဲပုံရတဲ့ အနက်ရောင်ကို ပိုမိုနှစ်ခြိုက်ကြပါတယ်။ ဒါ့အပြင် အနက်ရောင်က ဘာအရောင်နဲ့မဆို တွဲရလွယ်တော့  ဖုန်းနဲ့ တွဲစပ်မယ့် ကာဗာတွေ၊ တခြား accessories တွေ ဘာအရောင်ဖြစ်ဖြစ် လိုက်ဖက်တာ များပါတယ်။ အမျိုးသမီးတွေ ၊ Celebrity တွေ ၊ ပွဲလမ်းအခမ်းအနားတွေ တက်ရတာများသူတွေ ကြတော့ လူအများကြားမှာ တောက်ပ လင်းလက်နေစေမယ့် ရွှေရောင်ကို ရွေးကြသတဲ့။

ကဲ ... စာဖတ်သူတွေရော ၊ ဘယ်အရောင်ကို ပို သဘောကျသလဲ ၊ ဘာလို့ သဘောကျသလဲ။ ပြောပြပါဦး။

Team (ရိုးရာလေး)

Category: Technology

နောက်ထွက်လာမယ့် V7 မှာလည်း FullViewTM Display နဲ့ 24MP ကင်မရာ ပါဝင်လာမယ်လို့သိရ

Vivo က မကြာခင် အချိန်အတွင်း ပြည်တွင်းဈေးကွက်သို့ တင်သွင်းရောင်းချလာသမယ့် ထုတ်ကုန်သစ်မှာ V7 ဖြစ်တယ် လို့သိရပါတယ်။

Category: Technology

တန်ဖိုး ၃၁၉၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမယ့် Oppo F5 Youth

ဒီကနေ့ ရန်ကုန်မြို့ရှိ Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စမတ်ဖုန်းသစ် မိတ်ဆက်ပွဲမှာ Oppo ဟာ သူ့ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Smart Phone ဖြစ်တဲ့ Oppo F5 Youth စမတ်ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

Category: Technology

မကြာခင်မှာ ထုတ်ကုန်သစ်ကို မိတ်ဆက်တော့မယ် Vivo

24MP ရှေ့ကင်မရာ၊ FullViewTM Display ပါဝင်တဲ့ V7+ ကို ပြည်တွင်းဈေးကွက်မှာ ဖြန့်ချိခဲ့တဲ့ Vivo ဟာ မကြာခင် အချိန်အတောအတွင်း ထုတ်ကုန်သစ်တစ်ခုကို ထပ်မံဖြန့်ချီလာနိုင်ကြောင်းသိရပါတယ်။

Category: Technology

မျက်နှာပြင်အပြည့်ဒီဇိုင်းနဲ့ ထွက်ရှိလာတော့မယ့် OPPO F5 Youth

မိုဘိုင်းဖုန်းတွေရဲ့ ရေစီးကြောင်းက ဒီ ၂၀၁၇ မကုန်ခင်အချိန်မှာ  ပြောင်းလဲမှုတစ်ခုအဖြစ် ထွက်ပေါ်လာနေတာကိုတွေ့ရမှာပါ။

Category: Technology

စမ်းသပ်သုံးကြည့်သင့်တဲ့ Smart Motion တွေ

အဆင့်မြင့် မိုဘိုင်းဖုန်းတွေ၊ စမတ်ဖုန်းတွေတော်တော်များများမှာတော့ Smart Motion လို့ ခေါ်တဲ့ သက်တောင့်သက်သာ အသုံးပြုလို့ရမယ့် feature လေးတွေ ပါလာကြပါပြီ။

Category: Technology

ဂျက်ဝတ်စုံဖြင့် ကမ္ဘာ့အမြန်နှုန်း စံချိန်တင်ခဲ့တဲ့ လက်တွေ့ဘဝ Iron Man

အင်္ဂလန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ စွန့်ဦးတီထွင်သူ ရစ်ချက်ဘရောင်းနင်း (Richard Browning) ဟာ သူတီထွင်ထားတဲ့ ဝတ်စုံကြောင့် တကယ်လက်တွေ့ဘဝ Iron Man လို့သတ်မှတ်ထားခြင်းခံရသူ တစ်ယောက်ဖြစ်ပါတယ်။

Category: Technology

Selfie ရိုက်ကြစို့

Vivo က သူတို့ရဲ့ နောက်ဆုံး ထုတ်ကုန် V7+ ကို ထုတ်တော့ Selfie အသားပေးအဖြစ်     24MP အရှေ့ကင်မရာကို တပ်ဆင်ခဲ့ပါတယ်။ 24MP ဟာ စမတ်ဖုန်းကင်မရာတွေထဲမှာ mega pixel အများဆုံး အဖြစ် ဦးဆောင်နေတဲ့ MP ပမာဏပါ။

Category: Technology

Selfie အသားပေးနဲ့FullView Display က V7+ ရဲ့အောင်မြင်ခြင်းသော့ချက်လား

လက်ရှိအချိန်မှာလူကြိုက်များနေတဲ့ V7+ ဟာ မြန်မာဈေးကွက်ထဲတင်မကဘဲ အရှေ့တောင်အာရှ ဈေးကွက်တွေဖြစ်တဲ့၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေမှာလည်းမူလမျှော်မှန်းထားတဲ့ ပမာဏထက် ပိုရောင်းနေရတဲ့ ထုတ်ကုန်ဖြစ်နေပါတယ်။

Category: Technology

V7+ ရဲ့ စိတ်ဝင်စားစရာ Features များ

ကြည်လင်ပြတ်သားတဲ့ 24MP Selfie အပြင် Fullview display ကို ပါ ပေးစွမ်းနိုင်တဲ့ V7+ မှာ နောက်ထပ် ဘယ်လို စိတ်ဝင်စားစရာ Features လေးတွေပါဝင်လဲဆိုတာ လေ့လာကြည့်ရအောင်။

Category: Technology

အောင်မြင်မှုစံချိန်သစ်တင်တော့မယ့် V7+

24MP အရှေ့ကင်မရာ၊ FullViewTM Display တို့ပါဝင်တာကြောင့် ဝယ်လိုအားများခဲ့တဲ့ V7+ ဟာ ယခင် ထွက်ရှိခဲ့တဲ့ flagship phone V5+ ထက် သာလွန်တဲ့ အောင်မြင်မှု ရရှိနေတယ် လို့သိရပါတယ်။

Category: Technology

V7+ ဖုန်းနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေ

24MP အရှေ့ကင်မရာ၊ FullViewTM Display တို့ကြောင့်ဈေးကွက်အတွင်းမှာ ရောင်းအားကောင်းပြီး ရေပန်းစားနေတဲ့ V7+ အကြောင်း ကိုစိတ်ဝင်စားပြီးမေးမြန်းလာကြတဲ့ စာဖတ်ပရိသတ်တွေ ရှိကြပါတယ်။ သူတို့မေးထားတဲ့ မေးခွန်းတွေထဲက အချို့ကိုစုစည်းလိုက်မယ်ဆိုရင် V7+ အကြောင်းကိုအတော်လေးသိရှိသွားမှာဖြစ်ပြီးဝယ်သင့်၊ မဝယ်သင့် ဆုံးဖြတ်ဖို့ ပိုပြီး လွယ်ကူသွားမှာဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။

Subcategories