Category: Technology

နာမည်ကျော် Paint Programကိုရပ်ဆိုင်းတော့မယ်အကြောင်း ကြေညာလိုက်တဲ့ Microsoft

Microsoft ရဲ့နာမည်ကျော်ဒီဇိုင်း Program ဖြစ်တဲ့ paint ဟာ Windows 10 စနစ်ထဲမှာ ပါဝင်လာခဲ့ပေမဲ့ Microsoft ကတော့ ဒီ Program ကိုဖယ်ရှားပစ်ပြီး ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ Paint Program ဟာ Windows operating system ထဲမှာ ၁၉၈၅ ခုနှစ်ကတည်းက ပါဝင်လာခဲ့တဲ့ Program တစ်ခုဖြစ်ပြီးသူရဲ့ရိုးရှင်းခြင်းနဲ့လွယ်ကူစွာ ဖန်တီးနိုင်ခြင်းတို့ကြောင့် လူသိများတဲ့ Program တစ်ခုဖြစ်ပါတယ်။ Paint Program ကိုရပ်ဆိုင်းလိုက်ပေမဲ့ Paint နောက်ပေါ်တဲ့ Program ဖြစ်တဲ့ Paint 3D ကိုတော့ဆက်လက် အသုံးပြုနိုင်မှာဖြစ်တယ် လို့သိရပါတယ်။ Microsoft ကတော့ Paint Program ကိုစက်တင်ဘာမှ နိုဝင်ဘာလအတွင်း Windows 10 မှဖယ်ရှားခြင်း ဒါမှမဟုတ် နောက်ထပ်လာမဲ့ Updates တွေမှာတော့ ထည့်သွင်းခြင်းမပြုတော့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

Category: Technology

နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင် နိုင်ခဲ့တဲ့ First Global Team Myanmar

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၁၈ ရက်နေ့တွေတုန်းက အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်မှာ First Global အဖွဲ့က ကြီးမှူးကျင်းပတဲ့ စက်ရုပ်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုင်ငံတကာက အသင်းပေါင်း ၁၆၃ သင်း  ပါဝင် ယှဉ်ပြိုင်ခဲ့ရတဲ့ အဲဒီ ၂ ရက်တာ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု First Global Team Myanmar ကတော့ နံပါတ် ၆ နေရာကို ရရှိတဲ့ အထိ စွမ်းရည်ပြသနိုင်ခဲ့ကြပါတယ်။

Category: Technology

ယာဉ်ကြောပိတ်ဆို့မှုအခြေအနေကို ဖုန်း မှ တဆင့်ကြည့်လို့ရပြီ

Google Map ဟာ မော်တော်ယာဉ်သွားလာမှုအခြေအနေတွေ ၊ ယာဉ်ကြောပိတ်ဆို့မှု အနေအထားတွေကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနိုင်မယ့် Real Time Traffic Data feature ကို မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့အချို့အတွက် စတင်ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့်မို့ မော်တော်ယာဉ်နဲ့ သွားလာနေသူတွေ အနေနဲ့ ဖုန်းထဲက google map မြေပုံမှာ ကြည့်ရှုပြီး ယာဉ်ကြောပိုမို ရှင်းလင်းတဲ့ လမ်းကြောင်းတွေကို ရွေးချယ်သွားလာနိုင်မှာ ဖြစ်ပါတယ်။ မြေပုံထဲမှာ အနီနဲ့ ပြထားတဲ့ နေရာတွေဟာ ယာဉ်ကြော အတော်ပိတ်ဆို့နေတဲ့ နေရာတွေ ဖြစ်ပြီး အဝါနဲ့ ပြထားတာကတော့ ယာဉ်ကြောအတန်အသင့် ပိတ်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။

အခြေခံအားဖြင့်တော့ ဒီ feature ဟာ ဖုန်းသုံးစွဲသူ ၊ google map သုံးစွဲသူပေါင်းများစွာကို မြေပုံပေါ်မှာ ခြေရာခံစောင့်ကြည့်နေပြီး ခရီးလမ်းကြောပေါ်က လူတွေရဲ့ နေရာတစ်နေရာက တခြားတစ်နေရာအရွေ့ အနှေးအမြန်ကို မှတ်သားပေးပါတယ်။ အဲဒီကမှ အဲဒီနေရာမှာ မော်တော်ယာဉ်လမ်းကြောပိတ်နေသလား၊ ရှင်းနေသလားဆိုတာကို မှန်းဆတွက်ချက်ပေးတာ ဖြစ်ပါတယ်။ Google Map ဟာ တခြားသော အရင်းအမြစ် (sources) တွေကနေ ယာဉ်ကြောအနေအထားကို စစ်တမ်းကောက်ယူတာတွေ ရှိတယ်လို့ သိရပါတယ်။

 

Ref: VGR ; “The simple and creepy reason Google Maps knows when there’s traffic“

Category: Technology

မုန်းတီးရေးစကားများမဖျက်ပေးတဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီများကို ဒဏ်ရိုက်မည်ဟု ဆိုလိုက်တဲ့ ဂျာမနီနိုင်ငံ

ဂျာမနီနိုင်ငံမှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်တစ်ခုအရ Facebook, Twitter and Google တို့ဟာ  ဂျာမနီနိုင်ငံရဲ့ဥပဒေအရ တရားမဝင်တဲ့ နာဇီသင်္ကေတများနဲ့ Holocaust denial (ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့က ဂျူးများကို အစုလိုက်အပြုံလိုက်သတ်ခြင်း) စတဲ့ စာသား၊ ဓာတ်ပုံ ၊ဗီဒီယိုစတာတွေကို ၂၄ နာရီအတွင်း  ဖယ်ရှားခြင်းမပြုရင် ဒဏ်ငွေ ယူရို ၅၇ သန်းအထိချမှတ်ခြင်းခံရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

Category: Technology

အင်္ဂလိပ်စာလေ့လာသူများအတွက် အသုံးဝင်မယ့် App

အခြေခံအင်္ဂလိပ်စာဘာသာကို လေ့လာသူတွေအတွက် အသုံးဝင်မယ့် မိုဘိုင်း App တစ်ခုကို ရိုးရာလေးရဲ့ ပရိသတ်တွေအတွက် လမ်းညွှန်ပေးချင်ပါတယ်။

Johnny Grammar's Word Challenge လို့အမည်ရတဲ့ ဒီ Appဟာ ဂိမ်းတစ်ခုဖြစ်ပြီး ဒီApp ကို ဖန်တီးထားတာကတော့ အင်္ဂလိပ်စာသင်ကြားရာမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ဗြိတိသျှကောင်စီပဲဖြစ်ပါတယ်။

Category: Technology

နှုတ်ခမ်းလှီးကြဦးမလား၊ လှချင်သူများ

ခန္ဓာကိုယ် အလှအပ ပြုပြင်တဲ့ နည်းပညာတွေထဲမှာ နောက်ထပ်ခေတ်စားလာတာ  တစ်မျိုးကတော့ နှုတ်ခမ်းသားတွေကို ခွဲစိတ်ပြီး ပါးပါးလျလျ ဖြစ်အောင် ပြုပြင်တဲ့ ကုထုံးပါပဲ ။

Category: Technology

ပေါက်ဖတ် (ဘောက်ဖတ်) အားနဲ့ ပျောက်ပျက်သွားစေမယ့် ပလတ်စတစ်အမှိုက်တွေ

သဘာဝဘေးပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ အရာတွေထဲမှာ ပလတ်စတစ်လည်းပါတယ်ဆိုတာ အားလုံးအသိပါ။

Category: Technology

ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေ ရှိသူတွေကို ဖော်ထုတ် တားဆီးသွားမယ့် Facebook

Facebook ပေါ်မှာ တင်တဲ့ status တွေ၊ အပြန်အလှန်ပေးတဲ့ comment တွေက တဆင့် ကိုယ့်ကိုယ်ကို သတ်သေသွားနိုင်ချေရှိတယ်လို့ ယူဆရတဲ့ Facebook အသုံးပြုသူုတွေကို ရှာဖွေ တားဆီးသွားမယ့် Artificial Intelligence (AI) နည်းပညာသစ်ကို Facebook က စတင် အသုံးပြုလျက် ရှိနေပါပြီ။

Category: Technology

မဟုတ်မမှန်သတင်းတွေ Facebook ပေါ်ကနေ ဖယ်ဖို့ မက်ဇူကာဘတ် ဆုံးဖြတ်လိုက်ပြီ

မဟုတ်မမှန်သတင်းတွေကို Facebook ပေါ်ကနေ ဖယ်ဖို့အတွက် မက်ဇူကာဘတ်ဟာ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သူ့ရဲ့ Facebook Status မှ ပြောဆိုခဲ့ ပါတယ်။

Category: Technology

ဇူကာဘတ်ရဲ့ News Feed လမ်းစဉ်ကိုတောင် သူ့ဝန်ထမ်းများ လက်မခံတော့

Facebook တည်ထောင်သူ မတ်ဇူကာဘတ်ရဲ့ News Feed အလုပ်လုပ်ပုံပေါ် သတ်မှတ်ထားမှုကို သူ့ရဲ့ ဝန်ထမ်းတွေတောင် မကျေနပ် လက်မခံမှုများ ထွက်ပေါ်လာကြောင်း ဆိုပါတယ်။

Category: Technology

Apple မှ Jet White အရောင် အိုင်ဖုန်းထွက်ဦးမည်

Apple အနေနဲ့ iPhone 7 ကို စတင်ရောင်းချခဲ့ပြီး ဖြစ်ရာ နောက်ထပ် အရောင်တစ်မျိုးကို မကြာမီ ထပ်မံမိတ်ဆက်ဦးမှာ ဖြစ်ကြောင်း သတင်းများထွက်ရှိနေပါတယ်။