အလုပ်ရုံးခန်းထဲက ဘက်တီးရီးယား အပေါက်ပွားဆုံးနေရာများ

yyl-21-041.jpg

သင်အလုပ်သစ်တစ်ခုကို စဝင်ပြီဆိုရင် ပထမဆုံးလုပ်မိတဲ့အရာက ဘာဖြစ်မလဲ… ပထမဆုံး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်မယ်။ ဒုတိယက သင့်အလုပ်နဲ့ပတ်သက်ပြီး ပြောမယ်။ စတာတွေပေါ့နော်… အမှန်တကယ်တော့ ဒီအရာတွေထက် သင့်ရုံးခန်းမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ အရင်တွေ့ဆုံရမှာပါ။ ကျွန်မတို့အလုပ်လုပ်တဲ့ နေရာတွေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနေတတ်ပါတယ်။ ဘက်တီးရီးယားတွေဟာ ကျွန်မတို့ရဲ့လက်တွေမှာ ကပ်ပါလာပြီး တခြားနေရာတွေကို ကူးစက်တတ်ပါတယ်။ ရုံးပတ်ဝန်းကျင်မှာ ဘက်တီးရီးယားတွေ ရှိနေတတ်တာ အံ့ဩစရာတော့ မကောင်းပါဘူး။ ရုံးကို လူတွေ အများကြီးလာကြပြီးတော့ ရုံးတော်တော်များများမှာ မီးဖိုချောင်ရှိတတ်ကြပါတယ်။ အိမ်သာ၊ ရေချိုးခန်းကိုလည်း မျှသုံးကြရပါတယ်။ ဒီလိုနေရာတွေထဲမှာမှ ဘက်တီးရီးယား အပေါက်ပွားဆုံးနေရာတွေကတော့….

ဘေစင်နဲ့ လက်ကိုင်တွေ

မိုက်ကရိုဝေ့ဖ်မီးဖိုလက်ကိုင်တွေ၊ ဘေစင်နဲ့ ရေပိုက်ခေါင်းတွေဟာ ဘက်တီးရီးယား ပေါက်ပွားမှုအများဆုံး နေရာတွေ ဖြစ်ပါတယ်။ မိုက်ကရိုဝေ့ဖ် ၄၈ ရာခိုင်နှုန်းနဲ့ ဘေစင် ၇၅ ရာခိုင်နှုန်းအပါအဝင် ဒီပစ္စည်းတွေအများစုဟာ အလွန်ညစ်ညမ်းပါတယ်။

အလုပ်စားပွဲတွေ

ဘက်တီးရီးယား အပေါက်ပွားဆုံးနေရာက မီးဖိုချောင်ဖြစ်ပေမဲ့ သင့်ရဲ့အလုပ်စားပွဲဟာလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်ပါတယ်။ ပြီးတော့ အလုပ်စားပွဲမှာထိုင်ပြီး တစ်နေကုန်အချိန်ကုန်ဆုံးရပါတယ်။ ပျမ်းမျှအားဖြင့် စားပွဲခုံတစ်ခုံဟာ အိမ်သာခုံတစ်ခုံထက်တောင် ဘက်တီးရီးယားတွေ အဆ ၄၀၀ လောက် ပိုပြီး ပေါက်ဖွားနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်စားပွဲမှာ နေ့လည်စာ မစားသင့်ပါဘူး။

ရေခွက်၊ ကော်ဖီခွက်တွေ

မီးဖိုချောင်ထဲမှာဆိုရင် ရုံးသုံးကော်ဖီခွက်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပိုးမွှားတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒီရေခွက်တွေ၊ ကော်ဖီခွက်တွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ ညစ်ညမ်းနေတတ်ပါတယ်။

စက်ကိရိယာတွေ

နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ကမ္ဘာကြီးဟာ စက္ကူလွတ်အသုံးပြုရတဲ့စက်တွေ ထွက်ပေါ်လာကြပါတယ်။ ရုံးတွေမှာ မိတ္ထူကူးစက်တွေ၊ ပရင်တာစက်တွေဟာ အသုံးပြုတာများလာပါတယ်။ ဒါကြောင့် ဒီစက်တွေရဲ့ မျက်နှာပြင်တွေမှာလည်း ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားနေတတ်ပါတယ်။

လက်ကိုင်ဖုန်း

စက္ကူလွတ်တွေကို အသုံးပြုရတဲ့ စက်တွေလိုပဲ ရုံးအလုပ်သမားတွေမှာလည်း စားပွဲတင်လက်ကိုင်ဖုန်းတစ်လုံးတော့ ရှိကြမှာပါပဲ။ လက်ကိုင်ဖုန်းဆိုတာ ပါးစပ်၊ နားရွက်တွေနဲ့ ပုံမှန်လိုလို ထိတွေ့နေရတဲ့အရာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းတွေမှာလည်း တခြားနေရာတွေထက်ပိုပြီး ဘက်တီးရီးယားတွေ ပေါက်ပွားနေတတ်ပါတယ်။

Ref: www.curiosity.com “The 5 most bacteria-ridden spots in your office”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top