၂၀၁၈ ကအမှားမျိုး ၂၀၁၉ မှာမလုပ်မိအောင် ရာသီခွင်အလိုက် ဘယ်လိုရှောင်ရှားကြမလဲ

49721826_2288669001351593_6063736511843532800_n.jpg

၂၀၁၉ ထဲဝင်လာတာ ပထမတစ်ပတ်တော့ပြီးသွားပြီ။ လုပ်မယ်ဆိုတဲ့ New Year resolution တွေစလုပ်နေပြီလား။ အရင်နှစ်ကအမှားတွေကို ဆက်လုပ်နေမိသေးလား။ အဲဒီအမှားတွေကို ထပ်မလုပ်မိအောင် ဘယ်လိုရှောင်ရှားကြမလဲ ကြည့်ရအောင်ပါ။

မိဿရာသီ (မတ် လ ၂၁ရက် – ဧပြီ ၁၉ ရက်)

၂၀၁၈မှာ သင်အရာတော်တော်များများကို မြန်မြန်ဆန်ဆန်တွေပဲ လုပ်ခဲ့တယ်။ မတွေးဘဲနဲ့စကားတွေ ပြောတယ်။ မသိတဲ့အရာတွေ၊ မလုပ်ဖူးတဲ့အရာတွေကို ဝုန်းဒိုင်း ဆိုပြီး စိတ်မြန် လက်မြန်လုပ်ခဲ့တယ်။ အကောင်းဆုံးဖြစ်မယ့်လမ်းတွေအစား အမြန်ဆုံးလမ်းကို သင်ရွေးခဲ့တယ်။ ၂၀၁၉ မှာ စိတ်ရှည်ခြင်းကို မွေးယူပါ။ ကလေးလေး တစ်ယောက်ယောက် ခြေလှမ်းစလှမ်းသလို သင့်ခြေလှမ်းတွေကို ဖြည်းညင်းစွာလှမ်းပါ။ မြန်တဲ့နည်းလမ်းတွေထက် မှန်ကန်တဲ့နည်းလမ်းတွေကို ရွေးချယ်ဖို့ သင့်ကိုယ်သင် အခွင့်အရေးပေးပါ။

ပြိဿရာသီ (ဧပြီ ၂ဝရက် – မေ ၂ဝရက်)

၂၀၁၈မှာ ကိုယ့် ဘာသာ မယုံကြည်ပဲ သံသယ ဝင်နေတာတွေများခဲ့ပြီးပြီ။ ရလာတဲ့ အခွင့်အရေး တွေကို လက်ခံပြီး အောင်မြင်အောင် လုပ်ရမယ့် အစား ကိုယ် နေနေ ကြ အဝန်းအဝိုင်း လေး ထဲက နေ ရုန်း မထွက်နိုင်ခဲ့ဘူး။၂၀၁၉မှာ စွန့်စားမှုတွေ စလုပ်ပါတော့။ ၂၀၁၉ နှစ်ကုန်တဲ့အခါ ၂၀၁၈ တုန်းရခဲ့တဲ့ နောင်တအဟောင်းထပ်မရချင်ဘူးမလား။ ကြောက်နေတာနဲ့ပဲ ကောင်းမွန်တဲ့ အရာတွေ မရလိုက်တဲ့အဖြစ်တွေ ရပ်တန့်သင့်နေပါပြီ။

မေထုန်ရာသီ (မေ ၂၁ ရက် – ဇွန် ၂ဝရက်)

၂၀၁၈မှာ ကိုယ့်အတွက်အရေးကြီးတဲ့သူတွေကို ဆက်သွယ်ဖို့ ပျက်ကွယ်ခဲ့တယ်။ ဖုန်းတွေလည်းသိပ်မဆက်တော့ဘူး။ မတ်ဆေ့ခ်ျတွေလည်း မပို့တော့ဘူး။ အလည်အပတ်တွေလည်း နည်းသွားခဲ့တယ်။ ကိုယ့်မျက်စိရှေ့မှာပဲ သင်နဲ့သင်ချစ်တဲ့သူတွေ ဝေးသွားတာကို ဒီတိုင်းကြည့်နေခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့သူတွေကို ပြန်ဆက်သွယ်ပါ။ သူတို့ကို တွေ့ဖို့၊ ဖုန်းပြောဖို့၊ မတ်ဆေ့ခ်ျပို့ဖို့သတိရပါ၊ အားထုတ်ပါ။ သူတို့ကို ဒီနှစ်မှာ အချိန်ပိုပေးပါ။

ကရကဋ်ရာသီ (ဇွန် ၂၁ ရက် – ဇူလိုင် ၂၂ရက်)

၂၀၁၈ အတွင်းမှာ သင်အကူအညီလိုတဲ့အခါ သူများတွေကို အကူအညီမတောင်းခဲ့ဘူး။ အကူအညီတောင်းလို့ရပါလျက်နဲ့ကိုယ့်ဘာသာညင်းဆဲပြီးတော့ ကိုယ့်ပြဿနာကိုယ်ရှင်းနိုင်တယ်ဆိုပြီး ခေါင်းမာခဲ့တယ်။ ဘယ်သူကိုမှ အနှောင့်အယှက်မပေးချင်ဘူးဆိုပြီး ကိုယ့်ဘာသာ ဒုက္ခတွေ ပြန်ပေးနေခဲ့တယ်။၂၀၁၉မှာ ကိုယ့်ရဲ့အားနည်းချက်လေးတွေကိုလည်း သူများ မြင်သာအောင် ဖော်ပြပါ။ အကူအညီတောင်းလို့ရတာတွေဆို တောင်းပါ။ မလုပ်နိုင်ဘူးဆိုရင်လည်း မလုပ်နိုင်ကြောင်းပြောပါ။ ကိုယ့်ကိုယ်ကိုယ်ကို မနှိပ်စက်ပါနဲ့။

သိဟ် ရာသီ ( ဇူလိုင် ၂၃ -ဩဂုတ် ၂၂ရက်)

၂၀၁၈မှာ သင်မျှော်လင့်ထားသလောက် မအောင်မြင်ခဲ့လူး။ တချို့ပရောဂျက်တွေ မပြီးခဲ့ဘူး။ တချို့အိပ်မက်တွေကို သင်အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ သင် ၂၀၁၈ နှစ်စမှာ ချထားတဲ့ New Year resolution တွေကို အောင်မြင်ဖို့နေနေသာသာ အဲဒါတွေလုပ်ဖို့အချိန်လည်း မရှိခဲ့ဘူး၊ စိတ်ခွန်အားလည်း မရှိခဲ့ပြန်ဘူး။၂၀၁၉ မှာ သင်ချထားတဲ့ စည်းကမ်းတွေကို သင်ကိုယ်တိုင်လိုက်နာပါ။ သင်စခဲ့တဲ့ဇာတ်လမ်းတွေ သင်ကိုယ်တိုင်အဆုံးသတ်ပါ။ လမ်းအလယ်လောက်ရောက်မှ လက်မြောက်အရှုံးပေးဖို့လည်းမစဉ်းစားပါနဲ့။ ပျင်းရိဖို့အချိန်မပေးပါနဲ့။ စိတ်ကိုတင်းထားပါ။ သင့်ကိုယ်သင် ပိုပြီးလုပ်နိုင်တယ်ဆိုတာ ယုံကြည်ပါ။

ကန်ရာသီ (ဩဂုတ် ၂၃ ရက် – စက်တင်ဘာ၂၂ ရက်)

၂၀၁၈မှာ ကိုယ့်အပေါ် မကောင်းတဲ့သူကိုမှ မေတ္တာပေးမိခဲ့တယ်မလား။ သူတို့တောင်းပန်တာအကုန်လုံးကိုလည်းလက်ခံတယ်။ သူတို့ရဲ့အမှားတွေအကုန်လုံး ခွင့်လွှတ်ပေးခဲ့တယ်။ သင် သူတို့ကို ဒီလောက်ယုံကြည်ခဲ့တာတောင် သူတို့အမြဲပဲ ယုံကြည်မှုကို တစ်ခါပြီးတစ်ခါ ချိုးဖောက်နေခဲ့တယ်။ ၂၀၁၉ မှာ ဒီလူတွေ သင့်ကို စိတ်ဒုက္ခပေးနေတာတွေကို လက်မခံပါနဲ့တော့။ အချစ်တစ်ခု တည်းအတွက်နဲ့သင့် စံနှုန်းတွေကို နိမ့်ပစ်ဖို့မလိုပါဘူး။ သင့်ကမ္ဘာထဲမှာ မကောင်းတဲ့သူတွေကို လက်မခံထားပါနဲ့။ လူကောင်းသူကောင်းတွေနဲ့တွေ့ကြုံရဖို့ သင်ထိုက်တန် ပါတယ်။

တူရာသီ (စက်တင်ဘာ ၂၃ ရက် -အောက်တိုဘာ ၂၂ရက်)

၂၀၁၈ မှာ သင့် နည်းနည်းလေး သိပ် သဘောကောင်းမိခဲ့တယ်။ လူတွေ သင့်အပေါ်က ကျော်ခွသွားတာတွေကို သင်ခွင့်ပြုခဲ့တယ်။ သင့်အပေါ်မှာ အမြတ်ထုတ်တာတွေကိုလည်း သင်လက်ခံခဲ့တယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တောင် သင်စကားကောင်းကောင်းမပြောခဲ့ဘူး။ ၂၀၁၉ မှာ သင့်ရဲ့အရေးအကြီးဆုံးအရာက သင်ကိုယ်တိုင်ပါ။ သင့်အတွက်သင် တစ်ကိုယ်ကောင်းဆန်ပါ။ သူများတွေကို ဂရုစိုက်ဖို့သင် မစဉ်းစားခင် သင့်ကိုယ်သင် ဂရုစိုက်ဖို့အရင်စဉ်းစားပါ။

ဗြိစ္ဆာရာသီ ( အောက်တိုဘာ ၂၃ ရက်- နိုဝင်ဘာ ၂၁ရက်)

၂၀၁၈မှာ အတိတ်ကအမှားတွေအတွက် သင့်ကိုယ်သင့် အပြစ်တင်လို့မဆုံးခဲ့ဘူး။ ဘာတွေမှားသွားခဲ့လဲ၊ မမှားခဲ့ရင် ကောင်းသားဆိုတဲ့ အတွေးတွေထဲမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့တယ်။ အချိန် တော်တော်များများမှာ ကိုယ့်ဘာသာ မုန်းတီးနေတာနဲ့ပဲ အချိန်ကုန်နေခဲ့တယ်။ ၂၀၁၉မှာ ကိုယ့် ဘာသာကိုယ်ခွင့် လွှတ်ပါတော့။ မှားခဲ့တာတွေကို အသိအမှတ်ပြုပါ။ အနာဂတ်မှာ ပိုကောင်းမွန်အောင် လုပ်မယ် လို့သံန္ဒိဌာန် ချထားပါ။ အရှေ့ကိုပဲ ကြည့်ပါ။

ဓနုရာသီ ( နိုဝင်ဘာ ၂၂ရက် – ဒီဇင်ဘာ ၂၁ရက်)

၂၀၁၈မှာ သင် အိမ်မှာနေတဲ့အချိန် အရမ်းများခဲ့တယ်။ ရှိတဲ့ အစီအစဉ်တွေကိုလည်းဖျက်ပစ်တယ်။ လိုအပ်တာထက်ပိုအိပ်တယ်။ အိပ်ခန်းကထွက်တဲ့အချိန်က တော်တော်နည်းခဲ့တယ်။ ၂၀၁၉မှာ အိမ်အပြင်လေး ဘာလေးထွက်ပါဦး။ ကိုယ့်ဘက်က အရင် မတ်ဆေ့ခ်ျ စပို့ပါ။ သူငယ်ချင်းတွေနဲ့လည်း တွေ့ပါ။ သင့်ရဲ့လူမှုဆက်ဆံရေး အသိုင်းအဝိုင်းလေးကို ကောင်းကောင်းမွန်မွန်တည်ဆောက်ပါ။

မကာရရာသီ (ဒီဇင်ဘာ ၂၂ရက် – ဇန်နဝါရီ ၁၉ရက်)

၂၀၁၈မှာ သင် နားချိန် မရှိလောက်အောင် အလုပ်တွေ လုပ်ခဲ့တယ်။ ကိုယ့်ဘာဘာကိုယ် နားချိန်ပေးဖို့နေနေသာသာ ယားလို့ကုတ်ချိန်တောင် မရှိခဲ့ဘူး။ ၂၀၁၉မှာ ကိုယ့်ဘာသာကိုယ် နားဖို့အချိန်လေးတွေ ချန်ချန်ထားပါ။ ကိုယ့်ကိုယ်ကိုယ် မညင်းဆဲပါနဲ့။ အရမ်းပင်ပန်းလွန်းလို့ဖျားနာတဲ့အဆင့်အထိ ကိုယ့်ကိုယ်ကို မတွန်းပို့ပါနဲ့။

ကုံရာသီဖွား (ဇန်နဝါရီ ၂ဝရက် – ဖေဖော်ဝါရီ ၁၈ရက်)

၂၀၁၈တုန်း က မနက်ဖြန် ဒါမှမဟုတ် မနေ့ကအတွက် စိုးရိမ်ပူပန်နေရတာနဲ့ပဲ သင့်မှာ အချိန်ကုန်နေခဲ့တယ်။ သင့်မှာ တစ်ခုမဟုတ် တစ်ခုအတွက် စိုးရိမ်ထိတ်လန့်နေခဲ့တယ်။ သင့်မှာ အကြီးအကျယ် ပူပန်စရာတစ်ခုခုကတော့ အမြဲရှိခဲ့တယ်။ ၂၀၁၉မှာ ပစ္ပုန်မှာ အမြဲရှိဖို့စဉ်းစားပါ။ မနေ့ကတုန်းက သင်မှားပြောခဲ့တဲ့ အူကြောင်ကြောင် စကားအတွက် သင် စိတ်ညစ်နေဖို့လည်း မလိုသလို မနက်ဖြန် ငါဘာကြောင်တောင်တောင်လုပ်ဦးမလဲဆိုပြီးတော့လည်း စိတ်ပူမနေပါနဲ့။ အခုလက်ရှိအချိန်လေးမှာပဲ အေးချမ်းစွာနေပါ။

မိန်ရာသီ ( ဖေဖော်ဝါရီ ၁၉ရက် – မတ်လ ၂ဝရက်)

၂၀၁၈မှာ သင့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သင့်မှာ ဘယ်လိုမှ စိတ်တိုင်းမကျနိုင်ခဲ့ဘူး။ ဓာတ်ပုံတွေကို ပြန်ဖျက်ပစ်တယ်။ “ဆိုးလိုက်တဲ့ ရုပ်” လို့သင်တွေးတယ်။ အစားအစာတွေကိုလည်း ပုံမှန် ကောင်းကောင်းမစားဘူး။ လေ့ကျင့်ခန်းတွေကိုလည်း ကောင်းကောင်းမွန်မွန်မလုပ်ဘူး။ ကိုယ့်ခန္ဓာကိုယ်၊ ရုပ်ရည်ပဲ ပတ်သက်ပြီး သင့်မှာ အမြဲ အဆိုးမြင်နေခဲ့တယ်။ ၂၀၁၉မှာ ကိုယ့် ခန္ဓာကိုယ်ကို ကိုယ်ချစ်နိုင်ဖို့ကြိုးစားပါ။ မချစ်နိုင်သေးရင်တောင် ကိုယ့်ကိုယ်ကို လေးလေးစားစား ဆက်ဆံပါ။ သင် ကြည့်လို့ကောင်းတဲ့ ရုပ်ရည်ရှိတယ်ဆိုတာ ကိုယ့်ဘာသာ လက်ခံပါ။ ကိုယ့်ကိုယ်ကို အဆိုးမြင်တာတွေရပ်ပြီး ကြင်ကြင်နာနာဆက်ဆံပေးပါ။

Ref: “The Biggest Mistake Each Zodiac Made In 2018 (And How to Avoid Repeating It In 2019)”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top