အတင်းအဖျင်းပြောတတ်သူတွေအတွက် အကောင်းဆုံး သင်ခန်းစာ

yyl-21-024.jpg

အမျိုးသမီးတစ်ဦးဟာ အိမ်နီးချင်းမိန်းကလေးရဲ့ သတင်းတစ်ခုကို အသေအချာမသိပေမဲ့လည်း ပတ်ဝန်းကျင်က လူတွေကို ပြောပြခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ သူပြောပြခဲ့တာတွေအားလုံးက အမှားတွေပဲဆိုတာ သိသွားတဲ့အခါ အိမ်နီးချင်းဖြစ်သူကို အားတုံ့အားနာဖြစ်သွားပါတယ်။

အဲဒါကြောင့် ဒီလိုမျိုး မဟုတ်မမှန်ပြောခဲ့မိတဲ့အတွက် အိမ်နီးချင်းဖြစ်သူကို ပြန်လည်တောင်းပန်ခဲ့ပြီး စိတ်ကျေနပ်အောင် ဘာပြန်လုပ်ပေးရမလဲလို့ မေးလိုက်ပါတယ်။ အိမ်နီးချင်းမိန်းကလေးက “ကျွန်မ စိတ်ကျေနပ်အောင် လုပ်ပေးမှာ သေချာလား။ သေချာတယ်ဆိုရင် စူပါမားကတ်တစ်ခုကိုသွားပြီးတော့ ကြက်တစ်ကောင်ကိုဝယ်လိုက်ပါ။ ပြီးရင် အိမ်ပြန်လမ်းတစ်လျှောက်မှာ ကြက်မွှေးတွေ ချလာခဲ့ပါလို့” ပြောလိုက်ပါတယ်။ အတင်းပြောခဲ့တဲ့ အမျိုးသမီးလည်း အိမ်နီးချင်းမိန်းကလေးရဲ့ တောင်းဆိုမှုအတိုင်း ပြုလုပ်ပေးလိုက်ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ အိမ်နီးချင်းကောင်မလေးက ” မနေ့က ရှင် လမ်းတစ်လျှောက်မှာ ချထားခဲ့တဲ့ ကြက်မွှေးတွေကို တတ်နိင်သလောက် ပြန်စုလာခဲ့ပေးပါ”လို့ ပြောလိုက်ပါတယ်။ အမျိုးသမီးကလည်း မနေ့ကလမ်းအတိုင်းပြန်သွားပြီး ချထားခဲ့တဲ့ ကြက်မွှေးတွေကို ပြန်ရှာပါတော့တယ်။ နာရီပေါင်းများစွာကြိုးစားရှာပေမဲ့လည်း နောက်ဆုံးမှာတော့ ကြက်မွှေး ၃ချောင်းသာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အိမ်နီးချင်းမိန်းကလေးဆီပြန်ရောက်တော့ ” ဘယ်လိုလဲ ရှာတွေ့ခဲ့ရဲ့လား။ ချထားခဲ့တုန်းက လွယ်ကူသလောက် အချိန်တစ်ခုပေးပြီး ရှာတာတောင် အကုန်လုံး ပြန်မရနိင်တော့ဘူးမလား။ အတင်းအဖျင်းဆိုတာကလည်း အလားတူပဲ။ ကိစ္စတစ်ခုကို သေသေချာချာမစုံစမ်းဘဲ သတင်းအမှားကို လက်လွတ်စပယ် ဖြန့်ဝေတာက အရမ်းကို လွယ်ပါတယ်။ ပြောလိုက်တဲ့သတင်းက မှားသွားတဲ့အခါ ပြန်လည်ဖြေရှင်းဖို့ကတော့ ထင်သလောက်မရိုးရှင်းဘူးဆိုတာကို သိစေချင်လို့ အခုလို လုပ်ခိုင်းလိုက်တာပါ” လို့ပြောလိုက်ပါတယ်။

အရမ်းကောင်းတဲ့ ဥပမာလေးပါ။ အတင်းပြောတယ်ဆိုတာက မကောင်းတဲ့ အကျင့်စရိုက်တစ်ခုပါ။ လူတော်တော်များများက အတင်းပြောဖို့၊ ရှုံ့ချဖို့ကတော့ သတိရတတ်ပေမဲ့ချီးကျူးစကားဆိုဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ သင်က အထင်နဲ့လွယ်လွယ်လေးပြောလိုက်ပေမဲ့လည်း ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာက မှားယွင်းနေခဲ့မယ်ဆိုရင် တစ်ဘက်လူရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်သွားစေနိင်တာကြောင့် စကားတစ်ခွန်းပြောတော့မယ်ဆို ချင့်ချိန်စဉ်းစားပြီးမှ ပြောဖို့လိုအပ်ပါတယ်။

Ref: ” The Gossip Girl”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top