ဆောင်းတွင်းကာလ အရေပြားအပေါ်ယံလွှာမပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ

7-1-2021-yyl34.jpg

အေးမြတဲ့ရာသီက သင့်ရဲ့အသားရေကို အတော်လေးကြမ်းတမ်းခြောက်သွေ့စေတယ်နော်။ အချမ်းပြေဖို့အတွက် အပူပေးစက်ဖွင့်ထားမယ်ဆိုရင် သင့်အသားရေက ခြောက်သွေ့ကြမ်းတမ်းလာမှာအမှန်ပါပဲ။ အသားရေက ခြောက်သွေ့ကြမ်းတမ်းလာပြီဆိုရင် သင့်မျက်နှာက မွဲခြောက်ခြောက်ဖြစ်လာမှာပါ။ တဖြည်းဖြည်းခြောက်သွေ့လာမယ်ဆိုရင် သင့်ရဲ့အရေပြားအပေါ်ယံလွှာကို ပျက်စီးလာမှာဖြစ်ပါတယ်။ တချို့လူတွေက ဆောင်းတွင်းကာလမှာ သူတို့ရဲ့အရေပြားအပေါ်ယံလွှာကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို မသိကြပါဘူး။ အဲဒါကြောင့် နည်းလမ်းတချို့ကိုပြောပြပေးချင်ပါတယ်။

အပျော့စားထုတ်ကုန်တွေကိုသာ အသုံးပြုပါ

ဆောင်းတွင်းကာလမှာ အသားရေက အထိခိုက်မခံနိုင်ကြပါဘူး။ အသားရေရဲ့ pH ပမာဏကို ထိန်းပေးရမယ့်အပြင် အလှကုန်ပစ္စည်းတွေကို အလွန်အကျွံမသုံးစွဲဖို့ပါပဲ။ ပုံမှန်အသားရေထိန်းသိမ်းပေးပြီး အပျော့စားထုတ်ကုန်တွေကို အသုံးပြုကာ မျက်နှာချေးချွတ်ပေးပါ။ တစ်ပတ်ကို (၂) ကြိမ်လောက်ပဲ လုပ်ပေးပါ။ လုပ်လွန်းရင်လည်း အရေပြားအပေါ်ယံလွှာကို ပျက်စီးစေနိုင်ပါတယ်။ မျက်နှာ အရမ်းသစ်ပေးတာကလည်း အရေပြားအပေါ်ယံလွှာကို ထိခိုက်နိုင်ပါတယ်။ တစ်နေ့ ညကြိမ်ပဲ အယ်ကိုဟောမပါဝင်တဲ့ နူးညံ့တဲ့မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးပါ။ မျက်နှာသစ်တဲ့အခါ ရေပူကို အသုံးမပြုပါနဲ့။

Facial Oil ကို သုံးပါ

အရေပြားအပေါ်ယံလွှာပျက်စီးတာကို သက်သာစေချင်ရင် facial oil ကို အသုံးပြုပေးနိုင်ပါတယ်။ Facial Oil က အသားပက်တာ၊ အက်ကွဲတာတွေကို သက်သာစေနိုင်ပါတယ်။ အဆီပြန်တဲ့သူတွေလည်း အသုံးပြုပေးနိုင်ပါတယ်။ ညဘက်ဆိုရင် facial oil ကို moisturiser အနေနဲ့ အသုံးပြုနိုင်ပါတယ်။ နေ့ဘက်တွေဆိုရင်တော့ တိုနာအသုံးပြုပြီးရင် သုံးနိုင်ပါတယ်။

အရေပြားအပေါ်ယံလွှာကာကွယ်ပေးတဲ့၊ ကုသပေးတဲ့ ထုတ်ကုန်တွေကို သုံးပါ

အရေပြားအပေါ်ယံလွှာကို ကာကွယ်ပေးတဲ့ဓာတ်တွေပါဝင်တဲ့ Moisturiser ကို အသုံးပြုပေးသင့်ပါတယ်။ Petroleum Jelly ကလည်း အရေပြားအပေါ်ယံအလွှာတွေ ကောင်းတဲ့ရွေးချယ်မှုပါပဲ။ သင့်အသားရေမှာ Collagen အားဖြည့်ပေးမယ်ဆိုရင် အသားရေကို နူးညံ့စေပါလိမ့်မယ်။

နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးမှာကို ကာကွယ်ပါ

နေရောင်ခြည်ဒဏ်က သင့်ရဲ့အရေပြားအပေါ်ယံလွှာကို တိုက်ရိုက်ထိတာဖြစ်ပါတယ်။ အဲဒါကြောင့် အမဲစက်၊ အသားရေရောင်မညီတာကွက်တာ၊ အရေးကြောင်းပေါ်တာတွေဖြစ်လာရတာပါ။ နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားရေပရိုတင်းဓာတ်တွေနဲ့ အရေပြားအပေါ်ယံလွှာလုပ်ဆောင်ချက်တွေကို ကောင်းမွန်လာဖို့အတွက် Sunscreen ကို (၂) နာရီ (၃) နာရီတိုင်း ပြန်လိမ်းပေးပါ။ သင့်အသားရေက အရမ်းထိခိုက်လွယ်ပါတယ်။ ဒါကြောင့် သင့်အသားရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့အတွက် Sunscreen ကို လိမ်းပေးသင့်ပါတယ်။

စိုထိုင်းမှုထိန်းစက်ကို ထားရှိပါ

အေးနဲ့နေရာဒေသမှာ နေတဲ့သူဆိုရင် လေထုထဲကို အစိုဓာတ်ဖြည့်ပေးဖို့အတွက် အိမ်ထဲမှာ စိုထိုင်းမှုထိန်းစက်ကို တပ်ဆင်ထားတာအကောင်းဆုံးပါ။ သင့်အသားရေက ရေဓာတ်တွေကို ဆုံးရှုံးမသွားအောင် ကူညီပေးနိုင်ပါတယ်။ ဆောင်းတွင်းကာလမှာ သင့်အသားရေကရေဓာတ်ကုန်ခန်းပြီး မသက်သာဖြစ်သလိုခံစားရပါတယ်။ စိုထိုင်းမှုထိန်းစက်ကို တပ်ဆင်ထားတာက သင့်အသားရေရဲ့ကျန်းမာရေးကို အတော်လေးပြောင်းလဲသွားစေနိုင်ပါတယ်။

Ref: This is how you protect your skin barrier during winters
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top