အလှအပအတွက် အလေးပေးလွန်းတဲ့ ကမ္ဘာကြီးကို ပင်ကိုအလှနဲ့ ကိုင်လှုပ်လိုက်တဲ့ မော်လ်ဒယ်မလေး တီဆူ

49187816_323187545198442_635930153679060992_n.jpg

တစ်ယောက်လာလည်း မေးချွန်ချွန်၊ တင်လုံးလုံး၊ ရင်သားဖွံ့ဖွံ့နဲ့ ဘယ်သူက ဘယ်သူ့ထက် ပိုလှမှန်းမသိတော့တဲ့ (၂၁) ရာစုကြီးကို တိဘက် မိန်းမငယ်လေးတစ်ဦးက သူ့ရဲ့ ရှိရင်းစွဲအလှကို လှစ်ပြပြီး ခြောက်လှန့်လိုက်ပါပြီ။

ယခုလက်ရှိ UK မှာနေထိုင်နေတဲ့ နှုတ်ခမ်းစူစူ၊ မျက်လုံးစောင်းစောင်း၊ ပါးရိုးကြီးကြီးနဲ့ တီဘက်သူလေး မော်လ်ဒယ် တီဆူနေနမ် (Tsunaina) ဟာ မျက်နှာတစ်ခုလုံးမှာလည်း မှဲ့တွေ အပြည့်နဲ့ပါ။ သူ့ရဲ့နှာခေါင်းကတော့ မျက်နှာတစ်ခုလုံးမှာ အသိသာဆုံးလို့ ဆိုရပါမယ်။ နှာခေါင်းဟာ မယုံနိုင်လောက်အောင် ပြားနေပြီး ကျယ်လည်းကျယ်သလို တော်တော်လေးလည်းထူပါတယ်။ ခိုင်ခံလွန်းလှတဲ့နှာခေါင်းကြီးက တံတားတစ်စင်းနဲ့တောင် တူနေပါသေးတယ်။

အရပ် (၅’၅”) သာအမြင့်ရှိတဲ့ တီဆူအတွက်တော့ မော်ဒယ်လ်တစ်ယောက်ဖြစ်ဖို့ဆိုတာ အလှမ်းဝေးလွန်းလှပါတယ်။ ဒါပေမဲ့လည်း အေဂျင်စီက သူ(မ)ရဲ့ သူမတူတဲ့မျက်နှာကို သတိထားမိသွားပြီး မော်လ်ဒယ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှတရားကြောင့် ပရိတ်သတ်ပေါင်းများစွာကို ရရှိထားပြီး လက်ရှိ အင်စတာဂရမ်မှာ ဖော်လိုဝါ (၂၀၀,၀၀၀) ကျော်နဲ့ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖော်လိုဝါများများ သူ(မ) ကတော့ တခြားမော်ဒယ်လ်တွေလို ပုံတွေ၊ ပိုစ့်တွေ ခဏ၊ ခဏတင်လေ့မရှိပါဘူး။ သူ့အထာနဲ့ သူနေတာပါ။

အကယ်၍များ ရိုးရာလေးပရိတ်သတ်ကြီးလည်း မိမိရဲ့ ရှိရင်းစွဲအလှကြောင့် အားငယ်နေရမယ်ဆို တီဆူကိုပဲ စံထားပြီး အားငယ်နေတာတွေကို ဖြေဖျောက်လိုက်ပါနော်။ လူတိုင်းမှာ ပင်ကိုအလှဆိုတာ ရှိပြီးသားပါ။

Ref: Elitereaders “Tibetan Girl’s Unconventional Beauty Shakes the Modeling World”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top