လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာဝတ်ဆင်ရခြင်း၏ အကြောင်းရင်း

which-hand-does-the-wedding-ring-go-on-what-finger-do-you-wear-a-promise-ring-on-diamond-dealer-direct-platinum-wedding-bands-for-women.jpg

Engagement

လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာဝတ်ဆင်ရတာနဲ့ ပတ်သက်ပြီး တရုတ်လူမျိုးများ၏ အလွန်ကောင်းမွန်သော ဆိုရိုးတစ်ခုရှိပါတယ်။ လူတစ်ယောက်ရဲ့ လက်ချောင်းများမှာ အဓိပ္ပာယ်တစ်ခုစီ ရှိပါတယ်။

လက်မ – မိဘကို ရည်ညွှန်းပါတယ်။
လက်ညိုး – မွေးချင်း မောင်နှမများကို ရည်ညွှန်းပါတယ်။
လက်ခလယ် – မိမိကိုယ်ကိုယ် ရည်ညွှန်းပါတယ်။
လက်သူကြွယ် – ဘဝလက်တွဲဖော်ကို ရည်ညွှန်းပါတယ်။
လက်သန်း – မိမိမွေးလာသောသားသမီးများကို ရည်ညွှန်းပါတယ်။

ဆိုလိုတာကတော့
(က) ပုံမှာပြထားတဲ့အတိုင်း မိမိရဲ့လက်များကို ထိပ်ချင်းဆိုင်လိုက်ပါ။ အဲဒီမှာ လက်ခလယ်ကိုခေါက်ပါ။ လက်ခလယ်ကို ခေါက်ပြီး ကျောချင်းကပ်လိုက်ပါ။ ကျန်တဲ့လက်များကိုတော့ မခေါက်ပါနဲ့။ ကပ်ထားသောလက်မထိပ်များကို ခွာကြည့်ပါ။ ခွာလို့ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လက်မဆိုတာ မိဘကိုရည်ညွှန်းခြင်း ဖြစ်တယ်။ တစ်နေ့ကျရင် မိဘဆိုတာ မိမိနဲ့ ခွဲခွာရမှာဖြစ်တာကို လက်မလေးများက သက်သေပြနေပါတယ်။

(ခ) လက်ညိုးဟာ မွေးချင်းမောင်နှမများကို ရည်ညွှန်းပါတယ်။
မွေးချင်းတွေဆိုတာ တစ်နေ့ကျရင် သူတို့ဟာ ကိုယ်ပိုင်မိသားစု၊ ကိုယ်ပိုင်ဘဝတွေကို လျှောက်လှမ်းကြရမှာ ဖြစ်တယ်။ ဒါကြောင့် သင့်လက်ညိုးတွေဟာလည်း ခွာကြည့်တဲ့အခါ ကွာသွားခြင်း ဖြစ်တယ်။

(ဂ) လက်သန်းဆိုတာ မိမိ၏ သားသမီးများကို ရည်ညွှန်းပါတယ်။
မိမိ၏ သားသမီးတွေဆိုတာလည်း နောက်တစ်ချိန် မိမိနဲ့ အတူရှိနေမှာ မဟုတ်ပါဘူး။ ခွဲခွာရမယ့်လူတွေထဲမှာ ပါဝင်ပါတယ်။ လက်သန်းလေးတွေကို ခွာကြည့်ပါ။

(ဃ) လက်ချောင်းထိပ်တွေ အားလုံးခွာလို့ရသော်လည်း လက်သူကြွယ်ကတော့ ခွာလို့မရပါဘူး။ လက်သူကြွယ်ဆိုတာ မိမိရဲ့ ဘဝကြင်ဖော်ကို ရည်ညွှန်းပါတယ်။ တစ်သက်လုံး ကိုယ်နဲ့ အတူ အေးတူပူမျှ သေသည်ထိ နေရမယ့် သူဖြစ်ပါတယ်။ ဒါကြောင့် လက်သူကြွယ်မှာ လက်ထပ်လက်စွပ်ကိုဆင်မြန်းရခြင်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top