ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေမယ့် ပျားရည်

experiences-with-croup-e1555388260622.jpg

ဆရာဝန်ဝန် တော်တော်များများကတော့ ပဋိဇီဝဆေးတွေကို ချောင်းဆိုးပျောက်ကင်းအောင် သောက်ဆိုပြီး ညွှန်းခဲကြပါတယ်။ ချောင်းဆိုးတယ်ဆိုတာကလည်း နှစ်ပတ်၊ သုံးပတ်လောက် ဆက်တိုက်ဆိုးတတ်တော့တာပါ။ မလိုအပ်ဘဲ ပဋိဇီဝဆေးတွေ အလွန်အကျွံသုံးမယ်ဆိုရင် ကုသရခက်တဲ့ ကူးစက်ရောဂါတွေကိုပါ ဖြစ်ပွားလာစေနိုင်တယ်လို့ ဆိုပါတယ်။ တန်ဆေး၊ လွန်ဘေးလေ။

ပျားရည်ကို ရေနွေးပူပူ၊ သံပရာသီးနည်းနည်း ဒါမှမဟုတ်လည်း ဂျင်းတစ်တက်လောက်နဲ့ရောပြီး သောက်ပေးခြင်းက ချောင်းဆိုးသက်သာစေပြီး လည်ချောင်းရှင်းစေနိုင်တယ်ဆိုတာကို အိမ်ရှင်မတိုင်း သိပြီးသားဖြစ်မှာပါ။ National Institute for Health and Care Excellence (NICE) နဲ့ Public Health England (PHE) တို့ရဲ့ အသစ် ထပ်မံတွေ့ရှိထားတဲ့ လေ့လာချက် တစ်ခုမှာလည်း ၎င်း အိမ်တွင်းနည်းလမ်းဟာ ချောင်းဆိုးတဲ့ ရောဂါ လက္ခဏာရပ်တွေကို ပိုလို့ကောင်းမွန်၊ သက်သာလာစေနိုင်တယ်လို့ ဆိုပါတယ်။ အများအားဖြင့် ချောင်းဆိုးပျောက်ဆေး တော်တော်များများကို ပဲလ်လာဂိုးနီးယမ် (pelargonium)၊ ဂွိုင်ယာဖန်းနစင် (guaifenesin) ဒါမှမဟုတ် ဒတ်ဇ်ထရောမီသောလ်ဖန် (dextromethorphan) စတဲ့ အကျိုးပြုဓာတ်တွေနဲ့ ဖော်စပ်ထားတယ်လို့ ဆိုပါတယ်။

လူနာတွေအနေနဲ့ ဆရာဝန်ဆီ မသွားခင် ရောဂါအခြေအနေ တိုးတက်မှုရှိလာလား၊ မရှိလာလားဆိုတာကိုပဲ အရင်ဆုံး မိမိဘာသာ လေ့လာကြည့်သင့်တယ်လို့ ဆိုပါတယ်။ ချောင်းဆိုးခြင်း တော်တော်များများဟာ ရောဂါပိုးမွှားတွေကြောင့်ဖြစ်ပြီး ပဋိဇီဝဆေးတွေကို သောက်သုံးလို့ ပျောက်သွားတာက ရှားပါတယ်။ အချိန်တန်ရင် သူ့အလိုလို ပျောက်သွားတတ်တာပါ။

PHE ဒါရိုက်တာ ဒေါက်တာ ဆူဆန် ဟောပ့်ကင်စ် (Dr. Susan Hopkins) က “ပဋိဇီဝဆေးတွေရဲ့ ခုခံနိုင်စွမ်းက ကြီးမားတဲ့ ပြဿနာတစ်ခုလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ ပဋိဇီဝဆေး အသုံးပြုမှု ပမာဏကို လျှော့ချသွားဖို့ အစီအစဉ်လည်း ရှိပါတယ်” လို့ဆိုပါတယ်။ ဒီပြောကြားချက်အရ ဆရာဝန်တွေဟာ မိမိရဲ့လူနာကို မလိုအပ်ဘဲ ဆေးတိုက်၊ ဆေးကျွေးပြုလုပ်တာထက် မိမိကိုယ်ကို ဂရုစိုက်သင်တဲ့ ကျန်းမာရေး ဆွေးနွေးချက်တွေကိုသာ ပိုလို့အလေးပေး ပညာပေးသင့်ကြောင်းကို ထောက်ခံနေပါတယ်။ တကယ်လို့ သာမန်ချောင်းဆိုးတာမျိုး မဟုတ်ဘဲ နေမကောင်းတွေ၊ ဘာတွေပါဖြစ်နေတယ်၊ တခြား ရောဂါ လက္ခဏာတွေပါ ပြသနေတယ်ဆိုရင်တော့ ဆေးသောက်သုံးသင့်ပြီဖြစ်ကြောင်း အကြံပြုထားပါတယ်။

ပျားရည်ကိုတော့ အသက် (၁) နှစ်အောက် ကလေးတွေကို မတိုက်ကျွေးဖို့ ပြောကြားထားပြီး ပျားရည်မှာပါဝင်တဲ့ ဘက်တီးရီးယားဟာ ကလေးငယ်လေးတွေကို အစာ အဆိပ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ချောင်းဆိုးတာက တစ်နေ့တစ်ခြား ပိုပိုဆိုးလာတယ်၊ အသက်ရှုလို့လည်း မဝတော့ဘူးဆို ဆရာဝန်ကို သေချာပြသင့်ပါတယ်။

အဓိကကတော့ ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ မသောက်သုံးကြဖို့နဲ့ ချောင်းဆိုးခြင်းဟာ ဘက်တီးရီးယားတွေကြောင့်ဖြစ်တာမို့ ပုံမှန် အိမ်တွင်း ကုသနည်းတွေနဲ့လည်း အဆင်ပြေသွားနိုင်တဲ့အတွက် မလိုအပ်ဘဲ ဆေးမသောက်သုံးကြဖို့ အကြံပြုထားခြင်းပဲ ဖြစ်ပါတယ်။

Ref : bbc “Use honey first for a cough, new guidelines say”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top