အာရှဖလားကို ပထမဆုံးအကြိမ်​ ဆွတ်​ခူးခဲ့တဲ့ ကာတာ

asiacup-005.jpg

ဂျပန် ၁-၃ ကာတာ

အာရှဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တဲ့ ကာတာဟာ အာရှထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ဂျပန်ကို အနိုင်ယူပြီး ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၂ မိနစ်မှာ အယ်မို့ဇ်အလီက နောက်ပြန်ကန်ချက်နဲ့ အဖွင့်ဂိုးသွင်းခဲ့ပြီး ၁၅ မိနစ်အကြာမှာ ဟာတမ်က ဧရိယာထိပ်ကန်ချက်နဲ့ ဒုတိယဂိုး သွင်းခဲ့ပါတယ်။ အဲဒီ ၂ ဂိုးလုံးဟာ ဂျပန်အသင်း ခံစစ်ကြောင်းနဲ့ ဂိုးသမား ပေါ့ဆမှုကြောင့် ပေးလိုက်ရတာပါ။

ပွဲချိန် ၆၉ မိနစ်မှာ မီနာမီနိုက ဂျပန်အတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပေမဲ့ ပွဲချိန် ၈၃ မိနစ်မှာ အဖစ်က ပင်နယ်တီကနေ ကာတာအတွက် ပွဲသိမ်းဂိုး သွင်းပေးခဲ့တာပါ။ ကာတာတိုက်စစ်မှူး အယ်မို့ဇ်အလီကတော့ ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ၉ ဂိုးသွင်းယူပြီး ဂိုးသွင်းဘုရင်ဖြစ်ခဲ့သလို အီရန်အသင်း ဂန ္ထဝင် တိုက်စစ်မှူးဟောင်း အလီဒါယီရဲ့ အာရှဖလားပြိုင်ပွဲတစ်ရပ်အတွင်း သွင်းယူတဲ့ သွင်းဂိုးစံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။ အာရှဖလား ပွဲစဉ် ၇ ပွဲကစားရာမှာ ပေးဂိုးမရှိပွဲစဉ် ၆ ပွဲ ကစားနိုင်ခဲ့ပြီး တစ်ဂိုးပဲ ပေးခဲ့ရတဲ့ ကာတာဂိုးသမား အယ်ရှိကလည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဂိုးသမားဆု ဆွတ်ခူးခဲ့ပါတယ်။

အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတဲ့
ကာတာနိုင်ငံကို ယုံကြည်မှု ပိုကောင်းစေတဲ့ အောင်ပွဲတစ်ရပ် ဖြစ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)
www.yoyarlay.com
#Nz_yyl #Sports_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top