ဆက်သွယ်ချိတ်ဆက်ရေး၊ ခေတ်မီမြို့တော်တည်ဆောက်ရေး၊ ကွန်ရက်လုံခြုံမှုရှိရေးနဲ့ ရေကြောင်းဆက်သွယ်ရေး စတဲ့ကဏ္ဍ (၄) ခုအတွက်အဓိကထားတဲ့နည်းပညာတွေကို MWC 19 ပွဲကြီးမှာ Mytel ကမိတ်ဆက်ပေးခဲ့

CHI_6503.jpg

တစ်နှစ်မှာတစ်ကြိမ် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိတဲ့ MWC Barcelona အခမ်းအနားကြီးကို ယခုကျင်းပနေပြီး နိုင်ငံတကာကုမ္ပဏီကြီးအများစုတက်ရောက်ခဲ့ကြကာ နည်းပညာတွေကို အပြန်အလှန် ဖလှယ်၊ မိတ်ဆက်တင်ပြခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ကနေ (၂၈) ရက်နေ့အထိကျင်းပပြုလုပ်နေတဲ့ MWC 19 ကို ‘Intelligent Connectivity’ ခေါင်းစဉ်နဲ့တင်ဆက်ထားတာကြောင့် ဒီအခမ်းအနားကြီးမှာ ဘယ်လိုကုမ္ပဏီတွေက ဘယ်လိုနည်းပညာမျိုးတွေ မိတ်ဆက်ပေးသွားမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍကို နောက်ဆုံးဝင်ရောက်လာခဲ့တဲ့ Mytel ကလည်း MWC 19 ကို တက်ရောက်နေတာဖြစ်လို့ Mytel ရဲ့ နောက်ဆုံးပေါ်တီထွင်မှုတွေနဲ့ သစ်လွင်ဆန်းသစ်တဲ့နည်းပညာရပ်တွေကို ပါဝင်မိတ်ဆက်ခဲ့ပါတယ်။ ဒီပွဲကြီးမှာ Mytel က ကဏ္ဍ (၄) ခုကို အဓိကထားပြီးတော့ ထောက်ပံ့ကူညီရေး solutions တွေကို မိတ်ဆက်ပေးသွားခဲ့ပြီး အဲဒီအဓိကကျတဲ့ကဏ္ဍ (၄) ခု ကတော့

၁။ Smart Telco Solutions
၂။ Smart City Solutions
၃။ Network Security Solutions
၄။ Smart Marine Communication Solutions တို့ဖြစ်ပါတယ်။

၁။ Smart Telco Solutions ဆိုတာဘာလဲ
စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာပါဝင်ပြီး ကိုယ်တိုင်လည်းအသုံးပြုနေကြတဲ့ သုံးစွဲသူတစ်ဦးချင်းစီနဲ့ သူတို့တစ်ဦးချင်းစီတိုင်းအတွက် ဆက်သွယ်ချိတ်ဆက်ရာမှာလွယ်ကူအဆင်ပြေစေတဲ့စနစ်တွေကို ဖော်ထုတ်မိတ်ဆက်ပေးတဲ့အပြင် Internet of Things (IoTs) မှာ ဖန်တီးတဲ့အခါမှာလည်း သန်းနဲ့ချီတဲ့ သုံးစွဲသူတွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ပံ့ပိုးကူညီမှုစနစ်ကို ဆိုလိုတာဖြစ်ပါတယ်။

၂။ Smart City Solutions ကရော ဘယ်လိုအခန်းကဏ္ဍမျိုးကို အထောက်အကူပြုနေသလဲ
ဒစ်ဂျစ်တယ်နိုင်ငံတည်ဆောက်တဲ့အခါ နိုင်ငံတွင်းမှာရှိတဲ့မြို့တွေကို ခေတ်မီမြို့ ပြအဂါၤရပ်တွေနဲ့ ကိုက်ညီစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဆင့်မြင့်နည်းပညာတွေနဲ့ လွှမ်းခြုံထားဖို့လိုအပ်ပါတယ်။ Smart City Solutions တွေက မြို့တစ်မြို့ရဲ့ အရေးကြီးအခန်းကဏ္ဍတွေဖြစ်တဲ့ ယာဉ်လမ်းကြောထိန်းချုပ်မှု၊ ပြည်သူ့လုံခြုံရေး၊ အရေးပေါ်ကူညီထောက်ပံ့မှု စတာတွေကို နည်းပညာအကူအညီနဲ့ အထိရောက်ဆုံးလုပ်ဆောင်နိုင်ပေးနိုင်မှာပါ။

၃။ ကွန်ရက်လုံခြုံရေး (Network Security) ကရော ဘယ်လောက်ထိအရေးပါသလဲ
နယ်ပယ်အသီးသီးကအဖွဲ့အစည်းကြီးတွေရဲ့ IT စနစ်တွေ လုံခြုံမှုရှိဖို့က အရမ်းကိုအရေးကြီးတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ IT စနစ်တွေကို တိုက်ခိုက်နေတာပဲဖြစ်ဖြစ်၊ ဒီစနစ်တွေမှာ တစ်ခုခုမူမမှန်တာ၊ လွဲချော်နေတာတွေကို စောစီးစွာသိရှိနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ Network Security ပံ့ပိုးကူညီမှုစနစ်ကလည်း အလွန်တရာပဲ အရေးပါလှပါတယ်။

ပင်လယ်ပြင်၊ ရေပြင်မှာ လုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေအတွက်ရော Smart Marine Communications Solutions တွေက ဘယ်လိုကူညီနိုင်မလဲ
လှိုင်းလေကြီးတဲ့ ပင်လယ်ပြင်ကြီးထဲမှာ အကြောင်းအရာအမျိုးမျိုးအတွက်နဲ့ လုပ်ငန်းတျွေဆာင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေအတွက် စီမံခန့်ခွဲမှုဆိုင်ရာလိုအပ်ချက်တွေနဲ့ ငါးဖမ်းသမားတွေကို အထိရောက်ဆုံး အကာအကွယ်ပေးဖို့အတွက် ရေကြောင်းဆက်သွယ်ရေးပံ့ပိုးမှုစနစ်တွေ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။

ဒါဆို ဒီကဏ္ဍကြီး (၄) ခုကို ပံ့ပိုးကူညီပေးသွားဖို့ ဘယ်လိုနည်းပညာတွေပါဝင်မှာလဲ
Mytel ကနေ ပံ့ပိုးကူညီသွားမယ့်နည်းပညာတွေကတော့ Virtual Telecommunications ကွန်ရက်နဲ့ M2M ဖန်တီးတည်ဆောက်တဲ့အခါ အချိန်နဲ့တပြေးညီ billing လုပ်နိုင်ဖို့ ထောက်ပံ့ပေးတဲ့ စနစ်ဖြစ်တဲ့ vOCS၊ Volte နဲ့ ဒေတာတွေကို အမြန်ဆန်ဆုံး၊ အထိရောက်ဆုံးအသုံးပြုနိုင်မယ့် နည်းပညာကွန်ရက်တစ်ခုရဲ့ ရေဒီယိုအချက်ပြဆိုင်ရာကိစ္စရပ်တွေနဲ့ ကွန်ရက်ပိုင်းဆိုင်ရာအခက်အခဲတွေကို သိရှိဖြေရှင်းဖို့ အထောက်အပံ့ပေးနိုင်တဲ့ Geolocation နည်းပညာ၊ သုံးစွဲသူတစ်ဦးချင်းစီတိုင်းရဲ့ ကွန်ရက်အသုံးပြုမှုသဘာဝကိုလေ့လာပြီး သုံးစွဲသူတွေ နှစ်ခြိုက်သဘောကျမယ့် ဈေးကွက်အလိုက်အစီအစဉ်တွေကို ဖန်တီးနိုင်ဖို့ Campaign Management စနစ်၊ ခေတ်မီမြို့ ပြတစ်ခုဖြစ်လာစေဖို့ သက်ဆိုင်ရာနယ်ပယ်တွေမှာ ထောက်ပံ့ပေးသွားမယ့် Smart Operating Center
အလွယ်တကူ ကားထိုး၊ ကားရပ်ဖို့ အကူအညီပေးမယ့် Smart Parking နည်းပညာ၊ IT စနစ်လုံခြုံမှုရှိဖို့ Mytel SOC၊ ရေကြောင်းဆက်သွယ်ရေးအတွက်အဓိကကျတဲ့ S-Tracking cruise ship monitoring equipment၊ AIS automatic identification system၊ HF communication transceiver နဲ့ Personal Location Beacon equipment တွေပဲဖြစ်ပါတယ်။

Mytel အနေနဲ့ အခုလိုအရေးပါတဲ့နယ်ပယ် (၄) ခုအတွက်အဓိကထားပြီး ပံ့ပိုးမှုဆိုင်ရာစနစ်တွေနဲ့ နည်းပညာတွေကို တင်ပြမိတ်ဆက်ပေးခဲ့တဲ့အပြင် ဒစ်ဂျစ်တယ်နိုင်ငံဖော်ဆောင်နိုင်ရေး ဆိုတဲ့ရည်မှန်းချက်ကို အကောင်းဆုံး ထောက်ပံ့ပေးသွားမယ့်အစီအစဉ်၊ ထုတ်ကုန်တွေကိုလည်း ဒီပွဲကြီးမှာ မိတ်ဆက်ပေးသွားခဲ့တာကိုတွေ့ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top