V7 နဲ့ V7+ ဘာကိုရွေးမလဲ

3-e1560871920462.jpg

Vivo က V7+ ကို အရင်ဦးဆုံး မိတ်ဆက်ခဲ့ပြီး နိုဝင်ဘာလလယ်ပိုင်းကတော့ V7 ကိုဈေးကွက်ထဲ ထပ်တင်သွင်းခဲ့ပါတယ်။

V7+ ကို ဝယ်ပြီးသားသူတွေကတော့ V7 ထွက်လာလည်း သိပ်ပြီးရင်မခုန်ကြဘူးဆိုပေမဲ့ အခုမှ ဝယ်ဖို့ စိတ်ကူးသူတွေကတော့ ဒီဖုန်း ၂ လုံးကြား ကြား ကွာခြားမှုကို သိထားဖို့ လိုပါတယ်။

V7+ နဲ့ V7  ဖုန်းနှစ်လုံးက အဓိက အားသာချက်တွေမှာ ကြီးကြီးမားမား မကွာကြပါဘူး။ အဓိက အားသာချက် နှစ်ခုဖြစ်တဲ့ 24MP အရှေ့ကင်မရာနဲ့ FullViewTM Display ချင်းက တူတူပါပဲ။ တိတိကျကျပြောမယ်ဆိုရင်တော့ V7+ ရဲ့ မျက်နှာပြင် အရွယ်အစားက 5.99 လက်မဖြစ်ပြီး၊ V7 ရဲ့ မျက်နှာပြင် အရွယ်အစားကတော့ 5.7 လက်မပါ။ အခြေခံအားဖြင့် သုံးထားတဲ့ Processor  နှစ်ခုစလုံးက Qualcomm Octa-core Snapdragon 450 တွေပါ။ RAM 4GB ချင်းလည်း တူညီတာကြောင့် Performance ပိုင်းမှာတော့ အများကြီးကွာဟမှု ရှိမှာ မဟုတ်ပါဘူး။

V7+ နဲ့ V7 အကြား ကွာဟချက်တစ်ခုက သိုလှောင်မှုပိုင်း ဖြစ်ပါတယ်။ V7+ က 64GB ဖြစ်ပြီး၊ V7 ကတော့ 32GB ပါ။ ပမာဏထပ်ပြီးတိုးမယ်ဆိုရင်တော့ နှစ်ခုစလုံးက microSD Card နဲ့ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။ နောက်ထပ် ကွာခြားချက်ကတော့ ဘက်ထရီပါ။ V7+ က 3225mAh ဖြစ်ပြီး V7 ကတော့ 3000mAh ဖြစ်ပါတယ်။ Processor တူညီနေတဲ့အတွက် မျက်နှာပြင် အရွယ်အစားအလိုက် သင့်တော်တဲ့ ဘက်ထရီစွမ်းအင်ကို ထည့်သွင်းပေးထားတယ်လို့ ယူဆရပါတယ်။ လက်တွေ့ စမ်းသပ်ချက်တွေအရတော့ V7+ ရော V7 ပါ စွမ်းအင်ခြွေတာပြီး ဘက်ထရီ အသုံးခံတာကို တွေ့ရပါတယ်။ Operating System အနေနဲ့ကတော့ နှစ်မျိုးစလုံးက Funtouch OS 3.2 (based on Android 7.1) ကို အသုံးပြုထားပါတယ်။ Fingerprint, Face Access စတာတွေနဲ့ ကျန်တဲ့အပိုင်းတွေလည်း အတူတူပါပဲ။

V7 မှာ Hi-Fi audio chip ကို မထည့်ပေးထားပါဘူး။ ဒီတစ်ချက်ကတော့ Vivo ရဲ့ Hi-Fi audio အရည်အသွေးကို နှစ်သက်သူတွေအတွက် V7+ ကို ဝယ်သင့်ပါတယ်။ ဈေးနှုန်းအားဖြင့် နှိုင်းယှဉ်မယ်ဆိုရင် ကျပ် ၈၀,၀၀၀ အထိ ကွာနေပါတယ်။ ဒါပေမဲ့ အဓိက အားသာချက်တွေဖြစ်တဲ့ 24MP အရှေ့ကင်မရာ၊ FullViewTM Display တွေ ရရှိတာကတော့ အတူတူပါပဲ။ ကွာခြားချက် အနည်းငယ်ပဲ ရှိတာကိုတွေ့ရတာကြောင့် ဝယ်ယူမယ့်သူရဲ့ ရွေးချယ်မှုကပဲ အဓိကဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top