မြန်မာတစ်နိုင်ငံလုံးမှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့ V7 Gold color

V7_whole_country_available_03.jpg

ပြီးခဲ့တဲ့ ရက်ပိုင်းကရန်ကုန်မှာသာ ဝယ်လို့ရနိုင်တဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာသူတို့ရဲ့ V series ထုတ်ကုန်ဖြစ်တဲ့ V7 Gold color ကိုပြည်တွင်းဈေးကွက်ထဲစောစီးစွာ ဖြန့်ချိခဲ့ပါတယ်။ နိုဝင်ဘာလနောက်ဆုံးပတ်လောက်မှာ V7 အတွက် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဈေးကွက်ထဲကိုတိုက်ရိုက်ဖြန့်ချိခဲ့တာသာ ဖြစ်ပါတယ်။

Vivoဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်မှာ V7+ ကိုမိတ်ဆက်ခဲ့ပြီးနောက် တစ်လကျော်အကြာမှာ V7 ကို မြန်မာပြည်ဈေးကွက်ထဲ ဖြန့်ချိခဲ့တာပါ။ V7 ဟာ V7+ ထက် ကိုယ်ထည်ပမာဏအနည်းငယ် သေးငယ်သွားပေမယ့် အဓိကအားသာချက်တွေဖြစ်တဲ့ FullViewTM Display နဲ့ 24MP အရှေ့ ကင်မရာတို့ကိုတော့ ထည့်သွင်းထားတာ တွေ့ရပါတယ်။

V7 ရဲ့ FullViewTM Display မျက်နှာပြင်အကျယ်ဟာ 5.7 လက်မရှိပြီး Resolution အနေနဲ့ 1440 x 720 HD ကိုထောက်ပံ့ပေးထားပါတယ်။ V7 ဟာ 3000mAh ဘက်ထရီကိုသာအသုံးပြုထားပြီး Operation System အနေနဲ့ကတော့ Funtouch OS 3.2 (based on Android 7.1) ကိုအသုံးပြုနိုင်ပါတယ်။ Qualcomm Octa-core Processor, 4GB RAM, Storage 32GB ပါဝင်ပြီး micro SD Card နဲ့လည်း 256GB အထိတိုးချဲ့နိုင်ပါတယ်။ V7 ရဲ့ ဈေးနှုန်းက ၃၄၉ ,၀၀၀ ကျပ် ဖြစ်ပြီးလက်ရှိအချိန်မှာတော့ Gold color တစ်မျိုးတည်းကိုပဲဝယ်ယူလို့ရဦးမှာပါ။ မကြာခင် အချိန်အတွင်းမှာV7 black color ကိုတင်သွင်းရောင်းချမယ်ဆိုတဲ့ သတင်းလည်းထွက်ပေါ်နေပေမယ့် ဘယ်နေ့ ဘယ်အချိန်မှာဈေးကွက်ထဲရောက်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top