V7 Gold color ကို ရန်ကုန်တွင် ဝယ်ယူနိုင်ပြီ

V7_gold_available_01.jpg

Vivo V7 Gold color ကို ရန်ကုန်မြို့ရှိ Vivo Showroom တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရပါသည်။ V7 သည် မျက်နှာပြင်အကျယ် 5.7 လက်မရှိပြီး FullViewTM Display ဖြစ်သကဲ့သို့ အရှေ့ ကင်မရာမှာလည်း 24MP ထောက်ပံ့ပေးထားကြောင်း သိရပါသည်။

V7 သည် Qualcomm Octa-core Processor, 4GB RAM, Storage 32GB ကို ထောက်ပံ့ပေးထားပြီး micro SD Card ဖြင့်လည်း 256GB အထိ တိုးချဲ့နိုင်ကြောင်း သိရပါသည်။

V7 တွင် အသုံးပြုထားသည့် ဘက်ထရီမှာ 3000mAh ဖြစ်ပြီး Fingerprint Sensor မှာ ကိုယ်ထည်၏ ကျောဘက်တွင် ထည့်သွင်းထားပါသည်။ Operation System အနေဖြင့် Funtouch OS 3.2 (based on Android 7.1) ကို အသုံးပြုနိုင်ပါသည်။

လက်ရှိအချိန်တွင် အဆိုပါ V7 Gold color ကို ၃၄၉,၀၀၀ ကျပ်ဖြင့် ရန်ကုန်မြို့ရှိ Vivo Showroom နှင့် Vivo အရောင်းကောင်တာရှိသော ဆိုင်များသွင်သာ ဝယ်ယူရရှိနိုင်ဦးမည်ဖြစ်ပြီး အခြားသော နယ်မြို့များတွင်မူ ဝယ်ယူနိုင်ဦးမည် မဟုတ်ကြောင်းလည်း သိရပါသည်။

Vivo အနေဖြင့် V7 အတွက် တရားဝင် မိတ်ဆက်မှုကို နိုဝင်ဘာလ၏ နောက်ဆုံးပတ်တွင် ပြုလုပ်မည်ဟုလည်း ထပ်မံသိရှိရပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top