အောင်မြင်မှုစံချိန်သစ်တင်တော့မယ့် V7+

fastest-selling_01.jpg

24MP အရှေ့ကင်မရာ၊ FullViewTM Display တို့ပါဝင်တာကြောင့် ဝယ်လိုအားများခဲ့တဲ့ V7+ ဟာ ယခင် ထွက်ရှိခဲ့တဲ့ flagship phone V5+ ထက် သာလွန်တဲ့ အောင်မြင်မှု ရရှိနေတယ် လို့သိရပါတယ်။

V7+ ကို အိန္ဒိယမှာ အစောဆုံး ရောင်းချခဲ့ပြီးနောက် အရှေ့တောင်အာရှ ဈေးကွက်ဖြစ်တဲ့ မြန်မာ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် တို့မှာရောင်းချခဲ့ရာ ရေပန်းစားပြီး လူကြိုက်များနေတယ်လို့ သိရပါတယ်။

V7+ ကို မြန်မာပြည်ဈေးကွက်တွင် စတင်မရောင်းချခင်ကတည်းက Pre-Order မှာမျှော်မှန်းထားသော ပမာဏထက်များစွာကျော်လွန်ခဲ့ပြီး၊ စတင်ရောင်းချချိန်မှ သုံးပတ်အတွင်း ရောင်းအားမှာလည်း မျှော်မှန်းထားတဲ့ပမာဏထက် ကျော်လွန်ခဲ့ပြီး နယ်အချို့မှာ ထပ်မံရောင်းချရန် မကျန်တော့တဲ့အတွက် ထပ်မံရောက်ရှိလာချိန်ကို စောင့်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေမှာလည်း မျှော်မှန်းထားတာထက် ကျော်လွန်တဲ့ Pre-Order တွေရရှိခဲ့ပြီး၊ ယနေ့အချိန်ထိလည်း ရောင်းအားသွက်နေကြောင်းသိရပါတယ်။

V7+ ဟာ ယခင် V5+ ထက် ကြည်လင်ပြတ်သားတဲ့ Selfie တွေကို ရိုက်ကူးနိုင်တဲ့အပြင် မျက်နှာပြင်မှာလည်း V5+ ထက် 12.5% ပိုကျယ်ပြန့်ပါတယ်။ ရှေ့ကင်မရာမှာ အသုံးပြုထားတဲ့ 24MP ဟာ စမတ်ဖုန်းကင်မရာများတွင် အများဆုံးပမာဏအဖြစ် ဦးဆောင်လျက်ရှိပြီး ကိုယ်ထည် မျက်နှာပြင် အချိုးကလည်း 84.4% ဖြစ်တာကြောင့် အခြား စမတ်ဖုန်းများရဲ့ ကိုယ်ထည်မျက်နှာပြင် ဧရိယာ အချိုးထက် ပိုများတဲ့ရာခိုင်နှုန်း ဖြစ်ပါတယ်။

ခေတ်ရေစီးကြောင်း၏ တောင်းဆိုချက်ဖြစ်လာတဲ့ Selfie ရိုက်ကူးမှုကို အကောင်းဆုံး ဖြည့်ဆည်းထားတဲ့ အချက်နဲ့ ကျယ်ပြန့်တဲ့ မျက်နှာပြင်က V7+ ကို စံချိန်သစ်တွေ ရယူစေတဲ့ အဓိက အချက်တွေလို့ပဲ ဆိုရမှာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top