ဖျော်ဖြေတင်ဆက်မှုပြီးတဲ့နောက် ခြေကုန်လက်ပန်းကျသွားတဲ့ BTS

1.jpg

စင်ပေါ်မှာ ဖျော်ဖြေတင်ဆက်မှုရှိတိုင်း BTS အဖွဲ့ဝင်တွေက စိတ်ရောကိုယ်ပါ နှစ်ပြီး တင်ဆက်တတ်ကြပါတယ်။

ဒါပေမဲ့ သူတို့ ဘယ်လောက်ပြင်ဆင်ကြိုးပမ်းခဲ့ရလဲ ဆိုတာ သိတဲ့လူနည်းပါတယ်။ ဒါကို သက်သေပြနေတာ တစ်ခုကတော့ ၂၀၁၇ ခုနှစ် Mnet Asian Music Awards မှာ သူတို့ရဲ့ ကျော်ကြားခဲ့တဲ့သီချင်းတွေကို သောင်းပြောင်းထွေလာ တစ်ပုဒ်ပြီးတစ်ပုဒ် ဖျော်ဖြေခဲ့ပါတယ်။

နောက်ဆုံးပိတ်ဖျော်ဖြေပွဲပြီးချိန်မှာ စတိတ်စင်နောက်ကို ပြန်မသွားမီ BTS အဖွဲ့ဝင်တွေအားလုံးရဲ့ မျက်နှာမှာ ပင်ပန်းမှု အရိပ်အယောင်ကို ပရိသတ်တွေမျက်ဝါးထင်ထင်တွေ့ခဲ့ပါတယ်။

https://www.youtube.com/watch?v=h1FKIiQfUdQ#action=share

အဲ့ဒီအချိန်ကဆိုရင် BTS အဖွဲ့ဝင်တိုင်း နဖူးကချွေးစေးတွေပေါက်ပေါက်ကျပြီး အသက်တောင် မနည်းရှူရတဲ့ထိ ပင်ပန်းသွားကြတာပါ။ လှေကားထစ်တွေကို တက်သွားတဲ့အချိန်မှာ ယိုင်ထိုးနေလို့ လှေကားလက်တန်းကို ကိုင်တက်ရတဲ့ အဖွဲ့ဝင်တွေတောင်ရှိပါတယ်။ တစ်နှစ်တာရဲ့ အကောင်းဆုံးဆု (Artist of the Year award) ကို လက်ခံယူတဲ့အချိန်မှာတောင်မှ မောပန်းနေပေမယ့် ဆုရလို့ပျော်တဲ့ အပြုံးမျက်နှာလေးတွေတော့ မြင်တွေ့ရပါတယ်။ A.R.M.Y ပရိသတ်တွေက BTS ရဲ့ ကမ္ဘာတစ်ဝန်းအောင်မြင်မှုအတွက် ပျော်ရွှင်ကြပေမဲ့ သူတို့ရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်နေကြပါတယ်။

May Moe (ရိုးရာလေး)

Ref : Entertainment : Video Footage Shows Just How Exhausted BTS Gets After Performances

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top