အဓမ္မပြုကျင့်မှုများတွင် မသန်စွမ်း အမျိုးသမီးများကို အဓိက ပစ်မှတ်ထားလာ

တွံတေးမြို့နယ်မှာ နေထိုင်တဲ့ မွေးရာပါ မသန်စွမ်းသူတစ်ဦးဖြစ်သူ မခတ္တာ (အမည်လွှဲ) ကလည်း လွန်ခဲ့တဲ့လအနည်းငယ်က အဓမ္မပြုကျင့်ခြင်း ခံခဲ့ရတယ်လို့ မိခင်ဖြစ်သူ ဒေါ်စန်းဝေက ပြောပြပါတယ်။ အသက် (၁၆) နှစ်ရှိပြီဖြစ်တဲ့ မခတ္တာက အစ်ကိုဝမ်းကွဲ တော်စပ်သူရဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရတာပါ။

iSchool-Myanmar သုတေသနအဖွဲ့က ပြုလုပ်တဲ့ (၂၀၁၇-၂၀၁၈) လေ့လာချက်အစီရင်ခံစာ http://www.mmpwd.org/2018/09/2524/ အရ အဓမ္မပြုကျင့်မှုတွေမှာ မသန်စွမ်း အမျိုးသမီးတွေကို ပစ်မှတ်ထားလာတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

မသန်စွမ်း အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုဟာ ဧရာဝတီတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးသမီးတွေရဲ့ အဓိက မသန်စွမ်းမှုကတော့ ဥာဏ်ရည် မသန်စွမ်းမှုပဲဖြစ်တယ်လို့ အစီရင်ခံစာရဲ့ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ်ဆယ်နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

Cherry
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top