ဗင်ဂိုးရဲ့အသည်းနှလုံးတစ်ခု သို့မဟုတ် ခရိုလာမူလာပြတိုက်

1200px-Entrance_Krller-Mller_Museum.JPG

ခရိုလာမူလာပြတိုက်(Kroller-Muller Museum )ဟာ နယ်သာလန်နိုင်ငံ၊ အော့တာလို (Otterlo)၊ ဟိုဂီဗယ်လ်ဝီအမျိုးသားပန်းခြံမှာတည်ရှိပါတယ်။

ဒီပြတိုက်ကို ဟယ်လင်မူလာ(Helene Muller)နဲ့ သူမအမျိုးသား အန်တွန်ခရိုလာ(Anton Kroller)တို့က ၁၉၃၈ခုနှစ်မှာ ဗင့်ဆင့်ဗန်ဂိုး(Vincent van Gogh)အမှတ်တရအနေနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ မြို့တော်အမ်စတာဒမ်မှာရှိတဲ့ ဗင်ဂိုးပြတိုက်ပြီးရင် ခရိုလာမူလာပြတိုက်ဟာ ဒုတိယမြောက်ဗင်ဂိုးပန်းချီကားအများဆုံးရှိတဲ့ ပြတိုက်ဖြစ်ပါတယ်။ ပြတိုက်ဟာ ရုပ်ထုဥယျာဉ်နဲ့တွဲလျက်ဖြစ်ပါတယ်။ ဒီဥယျာဉ်ဟာ ၁၉၆၁ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၇၅ဧကကျော်ကျယ်ဝန်းကာ ဥရောပရဲ့ အကြီးဆုံးရုပ်ထုဥယျာဉ်တွေထဲကတစ်ခုဖြစ်ပါတယ်။

ဟယ်လင်ဟာ အနုပညာပစ္စည်းတွေ စုဆောင်းခြင်းကို ဝါဿနာထုံသူတစ်ဦးဖြစ်ပြီး ဗင်ဂိုးရဲ့ပန်းချီကားတွေကိုတော့ အိတ်ခ်ျပီဘရန်မာ(H.P.Bremmer)ရဲ့ အကြံပေးချက်အရ စတင်စုဆောင်းခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဗင်ဂိုးကိုလေးစားသူဖြစ်ပါတယ်။ ဘရန်မာဟာ ဗင်ဂိုးရဲ့အနုပညာကို စတင်အသိအမှတ်ပြုသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူမစုဆောင်းထားတဲ့အနုပညာပစ္စည်းပေါင်း ၁၁၅၀ဝနီးပါးရှိပါတယ်။ ဒါဟာ ၂ဝရာစုနှစ်ရဲ့အများပြားဆုံး တစ်ကိုယ်ရည်စုဆောင်းမှုဖြစ်ပါတယ်။ သူမရဲ့အမျိုးသားဟာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်တဲ့အပြင် သူမအလုပ်ကိုလည်း အားပေးတာကြောင့် တဖြည်းဖြည်းနဲ့ ဗင်ဂိုးပန်းချီကားအတော်များများကို စုမိလာခဲ့ပါတယ်။

ဟယ်လင်ဟာ အမြဲတမ်းကိုယ်ပိုင်အနုပညာပြတိုက်လေးရှိနေဖို့ အိမ်မက်မက်ခဲ့ပါတယ်။ သူမစုဆောင်းမိသမျှပစ္စည်းလေးတွေကို အများပြည်သူနဲ့ပြန်ဝေမျှချင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၃၈မှာ ခရိုလာမူလာပြတိုက်ဆိုပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပြတိုက်မှာ ဗင်ဂိုးရဲ့ပန်းချီကားတွေအပြင် အခြားသူမစုဆောင်းမိတဲ့ အနုပညာပစ္စည်းအချို့ကို ပြသထားပါတယ်။ ဗင်ဂိုးရဲ့နာမည်ကျော်ပန်းချီကားအတော်များများ ဥပမာ-The Potato EatersCafé Terrace at NightSorrowing Old ManCountry Road in Provence by Night စတာတွေတောင် ရှိပါတယ်။ စာရေးသူအကြိုက်ဆုံးကတော့ ၁၈၈၇မှာ ရေးဆွဲခဲ့တဲ့ Cafe Terrace at Nightပါ။

ဒီပန်းချီကားလေးထဲက ဆိုင်ကလေးဟာ အပြင်မှာတကယ်ရှိပါသေးတယ်။ ဒီပန်းချီကားလေးအကြောင်းကိုတော့ Dr. Who Series မှာတောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ပြတိုက်အတွင်းက ပန်းချီကားတစ်ခုချင်းစီမှာ ပန်းချီကားအကြောင်းရှင်းပြထားတဲ့ အသံဖိုင်လေးတွေပါတာကြောင့် ကိုယ်သိချင်တဲ့ပန်းချီကားအကြောင်း အလွယ်တကူသိနိုင်ပါတယ်။ ဒါ့ကြောင့် နယ်သာလန်ရောက်ခဲ့မယ်ဆိုရင် သွားသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ပါရစေ။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top