Vivo ရဲ့ ထုတ်ကုန်သစ်မှာ ဘယ်လို feature တွေ ပါဝင်လာနိုင်မလဲ

    Vivo Smartphone ကုမ္ပဏီဟာ မကြာခင်မှာ ထုတ်ကုန်သစ်တစ်ခုကို မိတ်ဆက်ဖြန့်ချိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။ မော်ဒယ်မြင့် ဖုန်းသစ်တစ်မျိုး ထပ်ပြီးထွက်ပေါ်လာတာဟာ မထူးဆန်းပေမယ့် ဒီတစ်ခါမှာတော့ Shanghai MWC ပြပွဲကြောင့် Vivo ကို စိတ်ဝင်စား စောင့်ကြည့်နေကြတဲ့သူတွေ များပါတယ်။

    Vivo ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့တုန်းက စတင်ကျင်းပခဲ့တဲ့ Shanghai MWC ပွဲကြီးမှာ Under Display fingerprint Scanning Solution အပြင် Digital Signal Processing (DSP) Photography Solution, Hi-Fi solution စတာတွေကိုလည်း ပြသခဲ့ပါတယ်။
    Vivo အနေနဲ့ Qualcomm ရဲ့ လက်ဗွေဖတ်ခြင်းဆင်ဆာပေါ် အခြေခံပြီး လုပ်ဆောင်ထားတဲ့ မျက်နှာပြင်အောက် လက်ဗွေဖတ်ခြင်းစနစ်ကို သူတို့ရဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုမယ်ဆိုရင် မျက်နှာပြင်မှာ ခလုတ်မပါဝင်တော့ဘဲ ဖန်သားပြင်အပြည့် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Vivo အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်သစ်မှာ ဒီ Under Display fingerprint ကို ထည့်သွင်းလာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
    စိတ်ဝင်စားစရာ နောက်တစ်ချက်က စမတ်ဖုန်း ကင်မရာစွမ်းရည်နဲ့ ပတ်သက်ပြီး အပြိုင်အဆိုင်ဖြစ်နေကြချိန်မှာ Vivo ကလည်း သူတို့ရဲ့ ထုတ်ကုန်က ကင်မရာတွေကို ဘယ်လိုအဆင့်မြှင့်တင်မလဲဆိုတာပါပဲ။ ရှန်ဟိုင်းမှာတုန်းကတော့ Vivo ဟာ နောက်ခံအလင်းချိန်ညှိခြင်းနဲ့ ညမြင်ကွင်းမှာ ဓာတ်ပုံရိုက်ကူးခြင်းတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ဖြေရှင်းမှုတွေ ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် V5 ထက် ဘယ်လိုမျိုး စွမ်းဆောင်ချက်တွေ ပိုကောင်းတဲ့ ကင်မရာကို ထုတ်ကုန်သစ်မှာ တွေ့ရမလဲဆိုတာကလည်း စောင့်ကြည့်ချင်စရာပါ။
    ဒါ့အပြင် Vivo ဟာ Hi-Fi အရည်အသွေးကို Head Phone နဲ့ နားထောင်ရာမှာ ပိုပြီး ကောင်းမွန်စေဖို့ အထူးပြုလုပ်ထားတဲ့ DAC decoder chip အကြောင်းကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ စမတ်ဖုန်းလောကမှာ Hi-Fi audio chip ကို စတင်ထည့်သွင်းခဲ့တဲ့ Vivo အနေနဲ့ သူတို့ရဲ့ Hi-Fi music အရည်အသွေးကို ထုတ်ကုန်သစ်မှာ ဘယ်လောက်ထိ မြှင့်တင်ထားမလဲ။ ဒါကလည်း စိတ်ဝင်စားစရာ အချက်ပါပဲ။
    ဒီနေ့ခေတ်မှာ လူသားတွေဟာ ရပ်တန့်မနေကြပါဘူး။ ဒီလိုပဲ နည်းပညာတွေကလည်း တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်နေကြတာပါ။ အပြိုင်အဆိုင် ဆန်းသစ်တီထွင်နေကြတဲ့ နည်းပညာခေတ်မှာ Vivo ကလည်း သူတို့ကြေညာခဲ့တဲ့ နည်းပညာသစ်တွေကို သုံးစွဲသူတွေလက်ထဲ လက်တွေ့ပေးအပ်တော့မလားဆိုတာကတော့ သိပ်မကြာတဲ့ အချိန်ကာလအတွင်းမှာ မြင်တွေ့ရလိမ့်မယ်လို့ ယူဆရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top