Vivo ရဲ့ FullView™ Display အကြောင်း တစေ့တစောင်း

    20 MP Softlight Camera perfect selfie နဲ့ ဈေးကွက်တွင်း ထိုးဖောက်နိုင်ခဲ့တဲ့ Vivo ဟာ ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်အဖြစ် V7+ ကို ဖြန့်ချိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

    V7+ ဟာ Vivo ရဲ့V series ဖုန်းတွေမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ စမတ်ဖုန်းဖြစ်တဲ့အလျောက် V5 ထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာမယ်လို့လည်း သိရပါတယ်။
လက်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ V7+ ရဲ့ အဓိက ထူးခြားချက်က လုံးဝကိုဆန်းသစ်လာတဲ့ မျက်နှာပြင်ပါပဲ။ မျက်နှာပြင်အချိုးက 18:9 ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ အတော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့ အချိုးအစားပဲလို့ ဆိုရမှာပါ။ ပြောရရင်တော့ V7+ ရဲ့မျက်နှာပြင်က V5 ထက် ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာတာ အသေအချာပါပဲ။
အတိအကျ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် V5 ရဲ့ မျက်နှာပြင်ဟာ 5.5 လက်မ နဲ့ 16:9 ဖြစ်ပါတယ်။ V7+ ရဲ့မျက်နှာပြင်က 18:9 ဆိုတော့ 12.5% လောက် ပိုပြီး ကြီးသွားပါလိမ့်မယ်။ ဒါပေမယ့် smartphone တစ်ခုလုံးရဲ့ ကိုယ်ထည် အတိုင်းအတာကတော့ ကွဲပြားမှုမရှိဘူးလို့ သိရပါတယ်။
    မျက်နှာပြင်အချိုးအစား ကြီးမားသွားတဲ့ V7+ ဟာ ဘေးဘောင်တွေကို တတ်နိုင်သမျှ လျော့ချထား တာလည်း တွေ့ရပါတယ်။ ဘေးနှစ်ဖက်က ဘောင်တွေဟာ အနားသတ်မရှိသလောက်နီးပါးကို သေးငယ်ကျဉ်းမြောင်း သွားပါတယ်။
V7+ အထက်ပိုင်းမှာ ကင်မရာနဲ့ ဖုန်းနားထောင်ဖို့ စပီကာကို နေရာသိပ်မပေးထားသလို၊ ဖုန်းရဲ့ အောက်ခြေပိုင်းမှာလည်း Home Button နဲ့ Fingerprint, Back, Recent Apps တွေအတွက် နေရာမပေးထားပါဘူး။ ဒါတွေအားလုံးဟာ Screen ပေါ်ကို ရောက်သွားဖွယ် ရှိနေပါတယ်။
    Vivo ဟာ Shanghai MWC ပြပွဲမှာ under display fingerprint solution ကို ပြသခဲ့တာကြောင့် V7+ ရဲ့ မျက်နှာပြင်ဘက်အခြမ်းမှာ Fingerprint အတွက် နေရာမပေးထားခြင်းက ရင်ခုန်စိတ်လှုပ်ရှားစရာ တစ်ခုလည်း ဖြစ်နေပါတော့တယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top