Vivo အနေဖြင့် ထုတ်ကုန်သစ် V7+ ကို ယခုလအတွင်း မိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရ

     ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက Vivo အနေဖြင့် ထုတ်ကုန်သစ် V7+ ကို မိတ်ဆက်ရောင်း ချတော့မည် ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး အဆိုပါ V7+ ကို ပြည်တွင်းဈေးကွက်တွင် ယခုလအတွင်း မိတ်ဆက်ပေးမည်ဟုလည်း သိရပါသည်။

   ထို့ကြောင့် Vivo အနေဖြင့် 20MP Softlight Camera ပါဝင်သည့် V5 ကို ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိရောင်းချပြီး ၈ လကျော် ကွာခြားသည့်အချိန်အတွင်း နောက်ထပ် ထုတ်ကုန်သစ်ကို ထပ်မံဖြန့်ချိရောင်းချခြင်း ဖြစ်သည်ဟု ဆိုရပါမည်။
    Vivo အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်သစ်ကို ယခုလအတွင်းမှာပင် ခမ်းနားသိုက်မြိုက်စွာဖြင့် မိတ်ဆက်ပေးနိုင်ရန်အတွက် product launching ကို စီစဉ်နေပြီဖြစ်ကြောင်းလည်း သိရပါသည်။
    ယခု တစ်ကြိမ် မိတ်ဆက်ရောင်းချမည့် ထုတ်ကုန်သစ် V7+ မှာ ယခင် V5 series ထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များ၊ Feature များပါဝင်လာမည်ဖြစ်ပြီး သုံးစွဲသူအားလုံး နှစ်ခြိုက်ကြမည်ဟု ယုံကြည်ထားကြောင်းလည်း Vivo မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖွင့်ဟပြောဆိုခဲ့ပါသည်။
    ယခုတစ်ကြိမ် မိတ်ဆက်ရောင်းချမည့် V7+မှာ High end product ဖြစ်ကြောင်း Vivo က အတည်ပြုခဲ့ပါသည်။ ထို့အပြင် Vivo အနေဖြင့် အဆိုပါ ထုတ်ကုန်ကို နောက်ထပ်တစ်ဆင့် မြင့်မားလာမည့် စမတ်ဖုန်းအသုံးပြုမှု အတွေ့အကြုံများပေးအပ်ရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
    FullViewTM Display ဖြစ်သည့် V7+ သည် ကျဉ်းမြောင်းသည့် ဘောင်များကို အသုံးပြုထားပြီး ဖုန်းကိုယ်ထည် အထက်နှင့်အောက်တွင်လည်း နေရာလွတ် အနည်းငယ်သာ ချန်လှပ်ထားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မျက်နှာပြင် အကျယ်အဝန်းသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပါသည်။

 

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top