အပန်းဖြေခရီးထွက်နေတဲ့ ရုရှားသမ္မတပူတင်ရဲ့ပုံရိပ်များ

170805073939-04-vladimir-putin-0805-exlarge-169.jpg

အမေရိကန်ရဲ့ ရုရှားနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများ ချမှတ်မှုအပြီးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ရုရှားသမ္မတတို့ကတော့ ကမ္ဘာတစ်ဘက်ခြမ်းစီမှာ ကိုယ်စီ အပန်းဖြေခရီး ထွက်နေကြပါတယ်။ သမ္မတထရမ့်က နယူးဂျာစီပြည်နယ်ရှိ ဂေါက်ကလပ်တွင်ရှိနေပြီး ပူတင်ကတော့ ဆိုင်ဘေးရီးယား(Siberia) မှာငါးမျှားထွက်နေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတထရမ့်ဟာ နယူးဂျာစီပြည်နယ် (New Jersey) ဘဒ်မင်စ္စတာမြို့ (Bedminster) ရှိ သူပိုင်ထရမ့်အမျိုးသား ဂေါက်ကလပ်ကို ဩဂုတ်လ ၄ ရက်နေ့က ၁၇ ကြာအပန်းဖြေခရီး အတွက် သွားခဲ့တာဖြစ်ပြီး သူအပန်းဖြေခရီးထွက်နေတဲ့အချိန် အိမ်ဖြူတော်ကိုပြုပြင်မွမ်းမံမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ထရမ့် သာမကပဲ ရုရှားသမ္မတပူတင်ကလည်း အပန်းဖြေခရီးထွက်နေပြီး ငါးမျှားခြင်း၊ ခြေလျင်ခရီးလျှောက်ခြင်း၊ ကယပ်လှေစီးခြင်းတို့ကို ပြုလုပ်ပြီး အနားယူလျက်ရှိနေပါတယ်။ ပူတင် အပန်းခြေခရီးထွက်နေတဲ့ ဓာတ်ပုံများကို ကရင်မလင်မှထုတ်ပြန်ခဲ့တာဖြစ်ပြီး ပူတင်ကို ရေငုပ်ဝတ်စုံဝတ်ထားတာကို တွေ့ရနိုင်ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်များဟာ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ မော်စကိုကဝင်ရောက်နှောင့်ယှက်ခဲ့တဲ့အတွက် ရုရှားကို စီးပွားရေးပိတ်ဆို့အရေးယူရန် ကွန်ဂရက်ကမဲခွဲအပြီးမှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ပူတင်ရဲ့ အလုပ်ချိန်ပြင်ပဓာတ်ပုံများကို ကရင်မလင်က ထုတ်ပြန်ပေးတာ ဒီတစ်ကြိမ်က ပထမဆုံး မဟုတ်ဘဲ ကရင်မလင်ဟာ ပူတင်ရေငုပ်ဝတ်စုံဝတ်နေပုံ၊ မြင်းစီးနေပုံ၊ အပန်းဖြေလမ်းလျှောက်နေပုံ စတဲ့ ဓာတ်ပုံများကို မကြာခဏသတင်းထုတ်ပြန်တတ်လေ့ရှိပါတယ်။

Ref : CNN News : Vladimir Putin boats, sunbathes and picks mushrooms in his Russian vacation photos

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top