အချိန်တိုအတွင်း သွေးပေါင်ချိန် အမြန်ကျနည်း

senior-woman-and-doctor-with-tonometer-at-P2SJREA.jpg

သင့်ရဲ့သွေးပေါင်ချိန်ကို သဘာဝနည်းလမ်းတွေအတိုင်း လျော့ကျစေနိုင်တဲ့ ရိုးရိုးရှင်းရှင်း ပြောင်းလဲမှုတွေရှိတယ်ဆိုတာကို သင်သိပါသလား။

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း၊ အဆိပ်အတောက်ဖြစ်စေတဲ့ အစားအစာတွေကို လျှော့ချစားသုံးပေးခြင်း၊ စိတ်ဖိစီးမှု လျော့ကျစေခြင်း၊ တရားထိုင်ခြင်းနဲ့ လေပြင်းပြင်းရှုပေးခြင်းတို့အပြင် လိုအပ်မယ်ဆို ခန္တာကိုယ်အလေးချိန် ညီမျှအောင် နေ့စဉ်စားသုံးပေးတာမျိုးတွေ ပြုလုပ်ပေးပြီး သင့်ရဲ့သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဆိုတာ သွေးပေါင်ချိန် မြင့်တတ်စေတဲ့ အဓိကတရားခံပဲ ဖြစ်ပါတယ်။ အာရုံစိုက်စရာ ကိစ္စတွေ အရမ်းများလာတဲ့အခါ သွေးပေါင်ချိန် မြင့်တက်လာရပါတော့တယ်။ အကယ်၍ သင့်အနေနဲ့ လျော်ကန်တဲ့ စိတ်ဖိစီးမှု လျော့ချနည်းမျိုး မရှိဘူးဆိုရင်တော့ ခန္ဓာကိုယ်ကနေပြီး ချွတ်ယွင်းတဲ့ လုပ်ဆောင်ချက်တွေကို စတင်လုပ်ဆောင်လာပါတော့တယ်။ ခန္ဓာကိုယ် အတွင်းပိုင်း တွန်းအားတွေကြောင့် သွေးလွှတ်ကြောဟာ တင်းကျပ်လာပြီး နှလုံးကိုလည်း ၎င်းလုပ်ဆောင်သင့်တဲ့ အလုပ် ပမာဏထက် ပိုပြီး အလုပ်ပေးလိုက်သလို ဖြစ်သွားတတ်ပါတယ်။

အချို့ ကြောင့်ကြစိတ်တွေဟာ ရှောင်လွှဲလို့ မရပါဘူး။ သို့ပေမဲ့လည်း ကျွန်တော်တို့ တတ်နိုင်သလောက်တော့ ဖယ်ထုတ်ပစ်လို့ ရပါတယ်။

ကိုယ်လက်လှုပ်ရှားပေးခြင်းနဲ့ အသက်ရှုလေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှု လျော့ကျစေဖို့အတွက် ရေရှည် အထောက်အကူဖြစ်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ လျင်လျင်မြန်မြန်ပဲ စိတ်ဖိစီးမှုတွေ လျော့ကျချင်တယ်ဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ရေချိုးရင်း သီးချင်းအေးအေးလေး နားထောင်ကြည့်လိုက်ပါ။

နောက်ထပ် စွမ်းအင်ကြီးမားလှတဲ့ စိတ်ဖိစီးမှု လျော့နည်းစေတဲ့ နည်းလမ်းကတော့ စိတ်ပါလက်ပါ ရယ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေ ဖယ်ရှားပေးခြင်းနဲ့လည်း စိတ်ဖိစီးမှု လျော့ချနိုင်ပါတယ်။

လမ်းလျှောက်ခြင်းနဲ့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း

တစ်နေ့မှာ မိနစ် (၃၀) လောက် ပုံမှန် လမ်းလျှောက်ပေးရုံနဲ့ သွေးပေါင်ချိန် ထိန်းညှိပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းများများ လုပ်နိုင်လေ သွေးလည်ပတ်မှု အားကောင်းလေပဲ ဖြစ်ပါတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဟာ သွေးပေါင်ချိန်တက်တတ်သူတွေအတွက် သွေးပြန်ကျစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဟာ သင့်ရဲ့နှလုံးကို ပိုမိုကျန်းမာလာစေပြီး သွေးလည်ပတ်မှု အားကောင်လာစေတဲ့အပြင် သွေးကြောအတွင်း တွန်းအား (သို့) ဖိအား များမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

တစ်ပတ်မှာ မိနစ် (၁၅၀) လောက် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းလိုမျိုး ရိုးရိုးရှင်းရှင်း လေ့ကျင့်ခန်းတွေနဲ့ အပြေးလေ့ကျင့်ခန်းလိုမျိုး လေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ (၇၅) မိနစ်လောက် ပြုလုပ်ပေးရုံနဲ့ သွေးဖိအား လျော့ကျစေနိုင်ပြီး နှလုံးကျန်းမာရေး ကောင်းလာစေနိုင်ပါတယ်။

ဆေးလိပ်နဲ့ အရက်လျော့ချခြင်း

ခန္ဓာကိုယ်တွင်းမှာ ရေဓာတ် အလုံအလောက်မရတဲ့အခါ သွေးကြောတွေဟာ ပိုလို့ထူလာပြီး လည်ပတ်ရ ပိုခက်ခဲလာပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးပေါင်ချိန် ထိန်းညှိပေးနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ပုံမှန် အဆိပ်အတောက် ရှင်းလင်းပေးခြင်းပဲ ဖြစ်ပါတယ်။ အဆိပ်အတောက်တွေ ဖယ်ရှားပြီး အစာချေအင်္ဂါကို သန့်စင်ပေးခြင်းဖြင့် သွေးလည်ပတ်မှု မှန်ကန်ညီညွတ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဆိုဒီယမ် (ဆား) စားသုံးမှု ပမာဏကို လျှော့ချလိုက်ပါ

ဆိုဒီယမ် (ဆား) စားသုံးမှု ပမာဏဟာ ကမ္ဘာနဲ့ချီ မြင့်မားနေတာပါ။ သင်က သွေးပေါင်ချိန် တက်တတ်သူဆိုရင်တော့ ဆား စားသုံးမှု ပမာဏကို လျော့ချလိုက်ပါ။ ဆားအစား သန့်ရှင်းလတ်ဆတ်တဲ့ ရာသီစာ အသီးအရွက်နဲ့ သစ်ဥသစ်ဖုတွေကိုသာ အစားထိုးပြီး ပြောင်းလဲစားသုံးကြည့်ပါ။ အရင်နဲ့မတူ ထူးခြားတဲ့ရလဒ်ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

အစားအသောက်

စိတ်ဖိစီးမှုနဲ့ အဆိပ်အတောက် ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပြီးပြီဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်အတွက် အကောင်းဆုံး စွမ်းအင်တစ်မျိုး ထည့်ပေးဖို့ လိုအပ်လာပါတယ်။

တကယ်တော့ သွေးပေါင်ချိန် လျှော့ချပေးနိုင်တဲ့ အစားအသောက်တွေ အများကြီးရှိပါတယ်။ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီး၊ သခွားမွှေးသီး၊ ခရမ်းချဉ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ အနက်ရောင် ချောကလက်တို့ကို သင့်ရဲ့ နေ့စဉ် အစားအသောက်ပုံစံတွေထဲ ပေါင်းထည့်ထားရုံနဲ့ သွေးပေါင်းချိန် အလွယ်တကူ ကျဆင်းသွားမှာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရှောင်ရန်၊ ဆောင်ရန်တွေကို သင့်ရဲ့ ကျန်းမာရေး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အည္ဓန်းအတိုင်း လိုက်နာကျင့်သုံးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရေနွေးပူပူလေးနဲ့ ရေချိုးပြီး သီချင်း အေးအေးလေး နားထောင်ရင်း အနက်ရောင် ချောကလက်လေး တစ်ကိုက်၊ နှစ်ကိုက်လောက် မြည်းစမ်းကြည့်လိုက်ပါ။ သင့်ရဲ့ နှလုံးအားကောင်းလာပါလိမ့်မယ်။

တရားထိုင်ခြင်းနဲ့ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း

တရားထိုင်ခြင်းနှင့် အသက်ရှု လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဟာ သင့်ရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး သွေးလည်ပတ်မှု အားကောင်းစေနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေ ဖြစ်ပါတယ်။ သီးသန့် သွေးလွှတ်ကြောကို အသက်သွင်းပေးပြီး နလုံး အလုပ်လုပ်မှုကို အားကောင်းစေတဲ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းစွာ ထိန်းညှိပေးပါတယ်။

Ref : Health “Ways to lower your blood pressure naturally”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top