မင်းသားဟယ်ရီရဲ့ တော်ဝင် လက်ထပ်ပွဲမှာ မင်္ဂလာသီချင်း သီဆိုမယ့် Ed Sheeran

Ed_Sheeran.jpg

ကျွန်တော်တို့ချစ်တဲ့ အနုညာရှင်တွေ ဆီက သတင်းကောင်းလေးတွေကြားရရင် အလိုလိုနေရင်း အပျော်တွေကူးစက်ရတာ ပရိသတ်တွေထုံးစံပါ။

ဒီတစ်ကြိမ်မှာလည်း ငယ်ချစ်ဦးနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းကြားပြီး ဝမ်းသာပေးခဲ့ရတဲ့ Ed Sheeran က တော်ဝင် လက်ထပ်ပွဲမှာ ဖျော်ဖြေဖို့ ကမ်းလှမ်းခြင်း ခံရပြန်ပါပြီ။ မင်းသားဟယ်ရီက မေလမှာကျင်းပမယ့် သူတို့ရဲ့လက်ထပ်ပွဲကို ဖိတ်ကြားခြင်းပဲ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က ကျင်းပခဲ့တဲ့ မင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်တန်တို့ လက်ထပ်ပွဲတုန်းကလည်း Ed Sheeran ကို သီဆိုဖို့ ဖိတ်ကြားခဲ့ပါသေးတယ်။ နောက်ထပ် ဖိတ်ကြားခြင်းခံရတဲ့ အနုပညာရှင်ကတော့ “Love Me Like You Do” သီချင်းနဲ့ လူသိများတဲ့ Ellie Goulding ပါ။ လက်ထပ်ပွဲပြီး ညဘက် ပါတီပွဲမှာ ဖျော်ဖြေဖို့ ဖိတ်ကြားခဲ့တာပါ။ မင်းသားဟယ်ရီတို့မောင်နှံက မူရင်းအဆိုတော် Elton John ရဲ့ “Your Song” သီချင်းကို ဖျော်ဖြေပေးဖို့ Ellie Goulding ကို တောင်းဆိုခဲ့ပါတယ်။ Buckingham နန်းတော်ကို ဖိတ်ကြားခြင်းခံရတာက Ellie အတွက် မယုံနိုင်လောက်အောင် ပျော်ရွှင်ရတဲ့ သတင်း ဖြစ်ပါလိမ့်မယ်။

မင်းသား ဟယ်ရီကလည်း သူ့ရဲ့အကို မင်းသား ဝီလျံကိုအားကျမခံ သူ့ရဲ့လက်ထပ်ပွဲမှာပါ Ed Sheeran ကို ဖိတ်ကြားခဲ့တာပါ။ ဒီသတင်းက ကောလဟာလသတင်း ဖြစ်တယ်ဆိုပြီး အစောပိုင်းက ပြောကြပေမယ့် နောက်ပိုင်း နန်းတော် သတင်းထောက်တွေက မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ Ed Sheeran က မင်းသား ဟယ်ရီရဲ့ မောင်နှမဝမ်းကွဲဖြစ်သူ မင်းသမီး Beatrice နဲ့ အရင်းနှီးဆုံးမိတ်ဆွေဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။

Ref : fabiosa.guru

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top