ဖြတ်မရတော့အောင် စွဲသွားကြတဲ့ ကမောက်ကမ စွဲလမ်းမှုတွေ

19-3-2020-yyl-004.jpg

တင်ဇာမော်ရဲ့သီချင်းထဲကလို စွဲလမ်းမှုပြသနာလို့သာ ဖောက်သည်ချရတော့မလားပဲ။ ကမောက်ကမ အရာတွေကိုမှ စွဲလမ်းကြတဲ့ သူတွေ တကယ်ရှိနေပါတယ်။ လူတွေ ဘိန်းကို စွဲကြသလိုပဲ။ အနံ့နဲ့ စွဲလမ်းခြင်း အပြင် လူသာမန်တွေ ပုံမှန်ဆို စားလေ့မရှိတဲ့ အစားအသောက် အရသာကိုမှ စွဲလန်းငြိတွယ်ကြတဲ့ သူတွေလည်း ရှိပါတယ်။ အသက်ရှင်နေထိုင်ဖြတ်သန်းတဲ့ ဘဝမှာ ဒီအရာကို ဖြတ်လို့ကို မရတော့တာမျိုးပါ။ သူတို့ စွဲလမ်းပုံက အော်ဂလီဆန်စရာဖြစ်ရသလို အံ့ကြမင်သက်မိစေတဲ့ စွဲလန်းမှုပြသနာတွေလို့ အမည်တပ်ရတော့မှာပါပဲ။

ကလေးပေါင်ဒါနံ့ကို စွဲလမ်းခြင်း

ကလေးပေါင်ဒါကိုစွဲတာက ကိုကိန်းစွဲသလိုပါပဲ။ အသက် ၃၀ အရွယ် အမျိုးသမီး ဂျေး ဟာ ကလေးပေါင်ဒါကို နေ့စဉ်နေ့တိုင်း ၁၀ ကြိမ်အထက် ရှူရင်း သူမရဲ့ ဘဝသက်တမ်း ၁၈ နှစ်ကို ဖြတ်သန်းခဲ့ရပါသတဲ့။ အခုတော့ ကလေးပေါင်ဒါတွေ ဈေးတွေတက်ကုန်တာက Jaye အတွက်တော့ သတင်းဆိုးပဲ ပြောရမလား။

ဆိုဖာမြှုပေ်တွဆို စားပစ်ချင်တာ

တခြားသူတွေအတွက်တော့မသိဘူး။ အဒဲလ် ဆိုတဲ့ အမျိုးသမီးအတွက်ကတော့ ဆိုဖာပေါ်မှာ ထိုင်ရုံထိုင်ရတာက သိပ်ခြောက်ကပ်ကပ်နိုင်လွန်းတာပဲ တဲ့။ သူက ဆိုဖာကူရှင်တွေကို ဆွဲလှန်၊ လက်တစ်နှိုက်စာလောက် ဆိုဖာမြှုပ်တွေကို ထုတ်စားပစ်လိုက်ရမှ နေသာထိုင်သာ ရှိသွားတာ။ နှစ် ၂၀ လောက် ဒီအတိုင်း စားသောက်လာခဲ့တဲ့ အဒဲလ်။ ပရိဘောဂ အစုံပလုံကိုလည်း သူက စားဖူးခဲ့ပြီးပြီ။ အဒဲလ်တို့ အစားစုံခဲ့ပုံများ။

အိမ်သာသုံးစက္ကူတွေဆို ဝါးကိုစားလိုက်ရမှ

ကလေးတွေတုန်းကတော့ လူတိုင်းလိုလို စက္ကူတွေဝါးစားဖူးတယ် မဟုတ်လား။ ပြသနာက ဒီ စက္ကူအရသာကို သေတိုင်အောင် စွဲသွားရင် ဘယ်လိုလုပ်ရပါ့။ အိမ်သာသုံးစက္ကူလိပေ်တွကို တစ်ပတ် လေးငါးလိပ်လောက် ကုန်အောင်စားတဲ့ အမျိုးသမီး တစ်ယောက်ရှိခဲ့ဖူးသတဲ့။ သူ့ဖြစ်အင်က ရုပ်ရှင်ရုံထဲ ရုပ်ရှင်သွားကြည့်ရင်တောင် စက္ကူကို ဝါးရင်းစားရင်း ဇိမ်ခံကြည့်သတဲ့။ စက္ကူ အစာအိမ်ကြီး နဲ့ စက္ကူအလေးတွေ သွားကုန်တော့မှာပဲ။

လက်သည်းဆိုးဆေးဆို သိပ်ကြိုက်

လက်သည်းဆိုးဆေးဆိုတာ လက်သည်းလှအောင် ဆိုးတာလေ။ ဘယ့်နှယ်။ ရေသောက်သလိုလို တဂွပ်တဂွပ် မော့နေလို့ ဖြစ်မလား။ ဘာသာ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးကတော့ မတတ်နိုင်ပါဘူး။ လက်သည်းဆိုးဆေးရည်ကို ရေဆာတိုင်း ရေလို သောက်မှ ရပါသတဲ့။ သူသောက်လို့ အာသာအပြေဆုံးက အရောင်တလက်လက် တွေရယ် အပြာရောင်ဆိုးဆေးရည် ရယ်ပါ လို့ ဆိုလာတဲ့ သူမ။ ကြိုက်လွန်းလို့ လက်သည်းတင်မက တစ်ကိုယ်လုံးကို ဆိုးပစ်လိုက်တယ် ဆိုတဲ့သဘောပါလား။

ကျင်ငယ်ရည်သောက်ရတာ ကင်ဆာအတွက်ပါ

သူမကတော့ ကယ်ရီပါ။ အသက်ငါးဆယ်အရွယ် အမျိုးသမီးကြီး။ ကင်ဆာရောဂါခံစားနေရတဲ့သူ။ ကင်ဆာရော၈ါ ရပြီးကတည်းက သူမ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိုယ့်ကျင်ငယ်ရည် ကိုယ်ပြန်သောက်မယ်။ ကျင်ငယ်ရည်သောက်ပြီး ကိုယ့်ရောဂါကို ပြန်ကုဖို့ပါတဲ့။ သောက်တဲ့အပြင် ကျင်ငယ်ရည်နဲ့ပဲ သွားတိုက်ပြီး ကျင်ငယ်ရည်နဲ့သာ ရေချိုးပါတယ်တဲ့။

ပြာကိုစားခြင်း

ဓလေ့အရ လူသေရင် မီးသဂြိုဟ် တတ်တယ် မဟုတ်လား။ အမျိုးသမီးတစ်ဦးကတော့ ဘယ်လိုစိတ်ခံစားချက်တွေ ပြင်းထန်ခဲ့တယ် မသိပါဘူး။ သေဆုံးသူ သူမယောင်္ကျားရဲ့ အရိုးပြာတွေကို သွားလေရာ ဆောင်ထားပြီး စားတတ်ပါတယ်။ သူမရဲ့ စိတ်ခံစားမှု အတိမ်အနက် ဘယ်သူများ ခန့်မှန်းနိုင်ပါ့မလဲလေ။

သွေးသောက်မယ်

သူမက ပန်ဆဲလ်ဗေးနီးယားမှာ နေတဲ့ အမျိုးသမီး။ ကလေးနှစ်ယောက်အမေ။ တစ်ရက်သား ဝိဥာဉ်ပူးတဲ့ မှော်ဖြစ်ရပ်လိုလို ကြုံပြီးကတည်းက တစ်လ တစ်လကို သွေး ၂လီတာ သောက်ဖို့ ဖြစ်လာပါတယ်။ အခု ဒီလို သွေးသောက်ရင်း နေထိုင်လာတာ နှစ်၃၀ တောင် ရှိလာပါပြီတဲ့။ သွေးတွေ ဘယ်ကနေများ ရပါလိမ့်။ ကျောချမ်းစရာကောင်းလိုက်ပုံ…

Ref: ppcorn.comAI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top