အသားအရေ စိုပြေလှပစေဖို့ ရေကိုဘယ်လို သောက်သုံးရမလဲ

detox1.png

အသားအရေ စိုပြေလှပစေဖို့အတွက် တစ်နေ့ကို ရေ နှစ်လီတာခန့် သောက်သုံးပေးရပါတယ်။

ရေတစ်မျိုးတည်းမှာပဲ ရေဓာတ် ဖြည့်တင်းပေးတဲ့ အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ ရေဓာတ်ပါဝင်ပြီးသား ရေထဲကိုပဲ အသားအရေအတွက် ရေဓာတ်နှစ်ဆ တိုးမြင့်နိုင်စေဖို့ ပါဝင်ပစ္စည်းလေးတွေ ထပ်ပေါင်းထည့် သောက်သုံးနိုင်ပါတယ်။ အောက်ဖော်ပြပါ ပါဝင်ပစ္စည်းလေးများနဲ့ အသားအရေအတွက် ရေဓာတ်ကို နှစ်ဆတိုးမြင့်နိုင်မှာပဲ ဖြစ်ပါတယ်။

ဝက်ခြံများအား ရှင်းလင်းဖယ်ရှားရန်

• Lemon သည် အစာခြေစနစ်ကို ကောင်းမွန်စေရုံသာမကဘဲ အသားအရေရှိ အညစ်အကြေးများကိုလည်း ဖယ်ရှားရှင်းလင်း ပေးနိုင်ပါသည်။

• Apple cider vinegar (ပန်းသီးရှလကာရည်) သည် Lemon ကဲ့သို့ပင် အသားအရေအတွက် အဆိပ်အတောက်များ ဖယ်ရှားရှင်းလင်း ပေးနိုင်ပါသည်။ ရေတစ်ဖန်ခွက်အတွင်းသို့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ပေါင်းထည့်ကာ သောက်သုံးပေးနိုင်ပါသည်။

• ပျားရည်သည် ဘတ်တီးရီးယားများကို ဖယ်ရှားရှင်းလင်းပေးနိုင်ပြီး ရေအတွင်း ထည့်သွင်း သောက်သုံးပေးလျှင် အသားအရေ ကြည်လင်စေပါသည်။

စိုပြေတောက်ပမှုမရှိဘဲ မွဲခြောက်သော အသားအရေအား ပြန်လည်ကောင်းမွန်စေရန်

• သောက်မည့်ရေအတွင်းကို စတော်ဘယ်ရီသီးလေးများ ပေါင်းထည့်ပေးသည့်အခါ ရေသည် အသီးထဲရှိ ဗီတာမင်စီနှင့် antioxidants များကို စုပ်ယူပေးကာ ခန္ဓာကိုယ်အတွက် ကြည်လင် တောက်ပစေပါသည်။

• ပင်စိမ်းသည် အသားအရေကို အတွင်းမှ အပြင်သို့ ပြုပြင်ထိန်းသိမ်းပေးကာ အသားအရေကို ဝင်းမွတ်စေပါတယ်။

• Chia seeds သည် မွဲခြောက်သော အသားအရေအား ကြည်လင်တောက်ပစေအောင် ပြောင်းလဲပေးနိုင်သော antioxidants နှင့် Omega-3s များ ပါဝင်ပါသည်။

ရောင်ရမ်းခြင်းအား လျော့ကျစေရန်နှင့် အသားအရေအား ရေဓာတ်ဖြည့်တင်းရန်

• သခွားသီးလေးများအား သောက်မည့်ရေအတွင်းသို့ ထည့်သွင်း သောက်သုံးပေးခြင်းသည် အသားအရေအား spa ပြုလုပ်သကဲ့သို့ ဖြစ်စေပြီး ရောင်ရမ်းခြင်းကို မဖြစ်စေဘဲ ရေဓာတ်ကို နှစ်ဆ တိုးမြှင့် ပေးနိုင်ပါသည်။

• ရှားစောင်းလက်ပပ်သည် နေလောင်သော အသားအရေကို အကျိုးပြုစေရုံသာမကဘဲ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်ပါသည်။ သောက်မည့်ရေအတွင်းသို့ ရှားစောင်းလက်ပပ်ဖျော်ရည် ပေါင်းထည့်ပေးခြင်းဖြင့် အသားအရေကို ရေဓာတ်ပြည့်ဝစေမည် ဖြစ်ပါသည်။

• Rose Water သည် အသားအရေအတွက် ကြီးမားသော ရေဓာတ် အကျိုးကျေးဇူးများကို ခံစားရရှိစေမည် ဖြစ်ပါသည်။

• ဖရဲသီးသည် ရေဓာတ်ကို များစွာ ဖြည့်တင်းပေးကာ သောက်သုံးမည့်ရေကိုလည်း အရသာရှိစေပြီး ထူးကဲသော အနံ့အသာနှင့် ပြည့်စုံစေမည် ဖြစ်ပါသည်။

Ref : Health : What to Add to Your Water for Flawless Skin

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top