ရာသီစာဆီးဖြူသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ အများဆုံးရဖို့ဆိုရင်

20-11-2020-yyl-031.jpg

ဆီးဖြူသီးက အအေးမိတာတိုက်ဖျက်ဖို့အတွက် စားသုံးပေးသင့်တဲ့ ရာသီစာအစားအစာပါပဲ။ ဆီးဖြူသီးက လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကို ထိခိုက်စေမယ့် ဆိုးကျိုးတွေကို လျော့ချပေးတဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးနိုင်စွမ်းရှိပါတယ်။ ဆီးဖြူသီးကို တစ်နှစ်ပတ်လုံး ရရှိနိုင်အောင် စီမံထုတ်လုပ်ထားတာတွေ စူပါမားကတ်တွေမှာ ရှိပေမဲ့ ဆောင်းရာသီမှာတော့ လတ်လတ်ဆတ်ဆတ်စားရပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအကျိုးကျေးဇူးရဖို့အတွက် မှန်ကန်တဲ့နည်းနဲ့ အချိန်မှန်မှန်စားပေးဖို့တော့လိုပါတယ်။

တချို့မြို့တွေမှာ ဆောင်းတွင်းဝင်နေပြီဖြစ်တဲ့အတွက် နည်းနည်းအေးလာပါပြီ။ ဆောင်းရာသီမှာ အအေးမိ၊ တုပ်ကွေးတင်မဟုတ်ပါဘူး။ အေးချမ်းတဲ့ရာသီဥတုကြောင့် နှလုံးရောဂါ၊ သွေးဖိအားများတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ခြေများပါတယ်။ လက်ရှိမှာလည်း လေထုညစ်ညမ်းမှုတွေဖြစ်နေတဲ့အတွက် ဆီးဖြူသီးကို စားပေးရင် အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကာကွယ်ပေးရာရောက်ပါတယ်။ ဆီးဖြူသီးမှာ ပါဝင်တဲ့ဂုဏ်သတ္တိတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကို ထိန်းပေးတဲ့အပြင် အသည်းမပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်စီပါဝင်မှုမြင့်မားတာကြောင့် ဆီးဖြူသီးက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး သဘာဝအလျောက် အိုမင်းရင့်ရော်မှုဖြစ်စဉ်ကိုလည်း နှေးကွေးစေပါတယ်။

ဆီးဖြူသီးကို ဖျော်ရည်လုပ်သောက်တာထက် ဒီအတိုင်းစားတာက ပိုကောင်းပါတယ်။ ဒီအသီးကို ဘာမှလုပ်စရာမလိုဘဲ ဒီအတိုင်းစားလို့ရတဲ့သဘာဝအသီးပါပဲ။ ဒါပေမဲ့ ဆီးဖြူသီးပေါတဲ့အချိန်က ဆောင်းရာသီဖြစ်တဲ့အတွက် တခြားအချိန်တွေမှာလည်းရဖို့အတွက် ဆီးဖြူသီးယိုလုပ်ထားတာ၊ ဆေးထုတ်လုပ်ထားတွေလို နည်းအမျိုးမျိုးနဲ့ ပြုလုပ်ထားကြပါတယ်။ အခုတော့ ဆောင်းရာသီဝင်လာပြီးဖြစ်တဲ့အတွက် ဆီးဖြူသီးလည်း ပေါများလာတော့မှာဖြစ်တာကြောင့် တစ်နေ့တာ စားသုံးပေးသင့်ပါတယ်။ ဆီးဖြူသီးကနေ အကျိုးကျေးဇူးအများဆုံးရဖို့အတွက် မနက်ခင်းတိုင်း ဘာမှမစားခင် ဆီးဖြူသီးကို စားပေးသင့်ပါတယ်။ တစ်နေ့ကို မနက်ခင်းတိုင်း ဆီးဖြူသီး (၁) လုံးကနေ (၂) လုံးအထိ စားပေးလို့ရပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့အတွက် (၂) လုံးထက်ပိုမစားသင့်ပါဘူး။ ဝမ်းချုပ်တာတွေဖြစ်လာနိုင်ပါတယ်။ တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝအောင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးသင့်ပါတယ်။

ဆီးဖြူသီးက သဘာဝအလျောက် ချဉ်ပြီး ခါးသက်သက်ဖြစ်တဲ့အတွက် လူတော်တော်များများက ဒီအတိုင်းစားတဲ့အခါမှာ နည်းနည်းအခက်အခဲဖြစ်ပါတယ်။ ဆီးဖြူသီးရဲ့အချဉ်ဓာတ်နဲ့ ခါးသက်သက်အရသာကို လျော့ချဖို့ဆိုရင် ဆီးဖြူသီးကို လှီးလိုက်ပြီး ဆားအနည်းငယ်၊ ငရုတ်သီးမှုန့်တို့နဲ့ဖြူးစားလို့ရပါတယ်။ ဆီးဖြူသီးကို ဆား၊ နနွင်းတို့နဲ့အတူ ပြုတ်ပြီး သောက်ပေးလို့လည်းရပါတယ်။

ဆီးဖြူသီးက ကျန်းမာရေးနဲ့ညီညွှတ်ပေမဲ့ တချို့အခြေအနေတွေမှာတော့ မစားတာအကောင်းဆုံးပါပဲ။ သင်က သွေးကျဲဆေးသောက်နေရတာ (ဒါမှမဟုတ်) ခွဲစိပ်ကုသမှုခံယူရတော့မယ်ဆိုရင် ဆီးဖြူသီးကို မစားခင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးနို့တိုက်နေတဲ့မိခင်တွေလည်း ဆီးဖြူသီးကို ရှောင်ကျဉ်သင့်ပါတယ်။

Ref: Amla for air pollution: When and how to eat it for maximum health benefits

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top