အကျိုးမလိုလားတဲ့ ချစ်ခြင်းမေတ္တာ

loving-couple-holding-a-heart-in-hands-2HXBRKU.jpg

တစ်ခါတုန်းက လူငယ်လေးတစ်ယောက်က မိန်းကလေးတစ်ယောက်အပေါ် ချစ်ခင်စုံမက်နေရှာပါသတဲ့။

သူမဟာ အလှပဆုံး ချစ်စရာအကောင်းဆုံး မဟုတ်ပေမယ့် လူငယ်လေးအတွက်ကတော့ မိန်းကလေးက ချစ်စရာ ကောင်းလို့ နေပါတယ်။ ကောင်လေးဟာ ကောင်မလေးအကြောင်း အိပ်မက်တွေမက်ပြီး သူမနဲ့အတူ ကျန်ရှိတဲ့ ဘဝအချိန်တွေကို ကုန်ဆုံးချင်ရှာလိုပါသတဲ့။ “ကောင်မလေးက မင်းကို သဘောကျလား မကျသလား မသိဘဲနဲ့တောင် မင်းက ဘာလို့ ဒီလောက် တမ်းတမ်းစွဲနေရတာလဲ။ အရင်ဆုံး မင်းခံစားချက်တွေကို ပြောပြပြီး သူ မင်းကို သဘောကျသလား မကျဘူးလားဆိုတာ မေးပေါ့ကွာ” လို့ သူ့ သူငယ်ချင်းတွေက ပြောပါတယ်။

ဒါဟာ အကောင်းဆုံးနည်းလမ်းလို့ သူလက်ခံလိုက်ပါတယ်။ အစကတည်းကလည်း မိန်းကလေးကလည်း လူငယ်လေးက သူ့ကို သဘောကျနေတယ်ဆိုတာ သိနေပါတယ်။ တစ်ရက်မှာ လူငယ်လေး ဖွင့်ပြောလိုက်ပါတယ်။ ဒါပေမဲ့ မိန်းကလေးက သူ့ရဲ့မေတ္တာကို ငြင်းပယ်ပါတယ်။ သူ့ သူငယ်ချင်းတွေကတော့ သူ့ကို အရက်သောက်သင့်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက လူငယ်လေးက စိတ်ဓာတ်ကျမနေခဲ့ပါဘူး။

လူငယ်လေး သူငယ်ချင်းတွေက ဘယ်လိုဖြစ်လို့ စိတ်မကောင်း မဖြစ်ရတာလဲလို့ မေးမြန်းကြတဲ့အခါ လူငယ်လေးက ဒီလို ပြန်ပြောလိုက်ပါသတဲ့။ “ငါက ဘာကိစ္စ စိတ်မကောင်း ဖြစ်ရမှာလဲကွာ။ ငါ့ကို မချစ်ခင် မနှစ်သက်တဲ့ သူကို ငါ ဆုံးရှုံးလိုက်ရတာပါ။ ကောင်မလေးကတော့ သူ့ကို တကယ်ချစ်ခင်မြတ်နိုးပြီး ဂရုစိုက်တတ်တဲ့ သူကို ဆုံးရှုံးခဲ့ရတာလေ” လို့ ပြောလိုက်ပါသတဲ့။

ဒီပုံပြင်လေးကနေ ရရှိတဲ့ သင်ခန်းစာကတော့ အချစ်စစ် အချစ်မှန်ဆိုတာ ရရှိဖို့ ခက်ခဲပါတယ်။ အချစ်ဆိုတာ အပြန်အလှန် အနေနဲ့ ပြန်လည်ရရှိဖို့ လောဘမပါဘဲ တစ်ခြားသူ တစ်ဦးတစ်ယောက်ကို ပေးဆပ်ခြင်းပါပဲ။ ထိုသူက ငြင်းပယ်တယ်ဆိုရင်တော့ ဘဝမှာ အရေးအကြီးဆုံး အရာကို ဆုံးရှုံးရသူပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်တော့မှ စိတ်ပျက် အားငယ်ဖို့ မလိုကြောင်းကို နားလည် သဘောပေါက် ရမှာပဲ ဖြစ်ပါတယ်။

Ref : Knowledge : Why Should I feel Bad?

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top