စိတ်ဝင်စားစရာကောင်းသည့် အပိုဆောင်းဝန်ဆောင်မှု (VAS) အသစ်များစွာကို Mytel က ထပ်မံမိတ်ဆက်

Apitor-1.jpeg

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး အော်ပရေတာ Mytel သည် မြန်မာနိုင်ငံရှိ Mytel သုံးစွဲသူများ၏ အကျိုးကိုရည်ရွယ်၍ Mytel ၏ လက်ရှိ အပိုဆောင်းဝန်ဆောင်မှုများဖြစ်သည့် MyTV၊ MyMusic၊ MyTone အပြင် MyClip၊ MyNews၊ MyBahuthuta နှင့် အခြားသော အပိုဆောင်းဝန်ဆောင်မှုအသစ်များအား ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ သုံးစွဲမှုအလေ့အထနှင့် လိုအပ်ချက်များကို အစဉ်တစိုက် လေ့လာဖြည့်ဆည်းပေးလျက်ရှိသော ဆက်သွယ်ရေးအော်ပရေတာ Mytel သည် Value Added Services (VAS) ဟုခေါ်သည့် အပိုဆောင်းဝန်ဆောင်မှုအသစ်များအား ထပ်မံဖြည့်စွက် လိုက်ပြီဖြစ်သည်။ ယခင်က MyMusic၊ MyTV နှင့် MyTone ဟုခေါ်သည့် အပိုဆောင်းဝန်ဆောင်မှု သုံးမျိုးသာရှိရာ ဖျော်ဖြေရေးကဏ္ဍအောက်တွင် Hloot Thone၊ MyNews၊ Appitor၊ MyClip၊ အသိပညာကဏ္ဍ အောက်တွင် MyBahuthuta၊ ဆက်သွယ်ရေးစီမံခန့်ခွဲမှုကဏ္ဍအောက်တွင် MyCallBack၊ MyConference၊ MyCall Transfer၊ MyForward၊ MyWaiting၊ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍ အောက်တွင် MyMiss Call၊ MyVoiceCall၊ MyNotification၊ MyShare၊ နှင့် ဖုန်းဘေလ်လျော့နည်းမှု (Low Balance) ကဏ္ဍအောက်တွင် MyCredit အစရှိသော အပိုဆောင်း ဝန်ဆောင်မှုအသစ်များအား ထပ်မံထည့်သွင်းမိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။

Mytel ၏ Hloot Thone သည် လက်တလောတွင် မိတ်ဆက်ခဲ့သည့်အစီအစဉ်ဖြစ်ပြီး မည့်သည့်အွန်လိုင်းဗီဒီယို ကြည့်ရှုခြင်းအတွက်မဆို ဒေတာသုံးစွဲမှု ပမာဏ (၄၀) ရာခိုင်နှုန်းအထိ သက်သာမည့် ဝန်ဆောင်မှုဖြစ်သည်။ MyNews ဝန်ဆောင်မှုတွင် မတူညီသော သတင်းစာများအား အင်္ဂလိပ်လိုလည်းကောင်း မြန်မာလိုလည်းကောင်း ပြည်တွင်း၊ ပြည်ပသတင်းများ၊ စီပွားရေး သတင်းများ၊ ဟာသကာတွန်းများ၊ အားကစားသတင်းများ အစရှိသည့်သတင်းများအား တစ်နေရာထဲတွင် စုံစုံလင်လင်ဖတ်ရှုနိုင်မည်ဖြစ်သည်။

ထို့အပြင် ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်သော Appitor ဟုခေါ်သည့် အက်ပလီကေးရှင်းသည် Google Playstore နှင့် Apple Store တို့နှင့် အလားတူ လူမှုကွန်ယက်၊ ဂိမ်း နှင့် အခြားသော အက်ပလီကေးရှင်းများစွာ ဒေါင်းလုပ်ဆွဲ၍ ရယူနိုင်သော အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ အခြား ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်သော MyClip သည် Mytel ၏ မူရင်း အပိုဆောင်းဝန်ဆောင်မှု တစ်ခုဖြစ်သော MyTV နှင့် အလားတူ နိုင်ငံတကာ ဗီဒီရိုများ၊ DIY၊ ကျန်းမာရေးဗီဒီယိုများ နှင့် အလှအပဆိုင်ရာဗီဒီယိုများ ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။

Mytel ၏ MyBahuthuta မှတဆင့် သုံးစွဲသူများအတွက် အားကစား သတင်း၊ ရာသီခွင်၊ ဖျော်ဖြေရေး သတင်း၊ ခရီးသွား သတင်း၊ ကျန်းမားရေး သတင်း၊ အာရှတိုက်သတင်းများနှင့် အခြားသော စိတ်ဝင်စားစရာကောင်းသည့် သတင်းများအား SMS မှတဆင့် ပေးပို့သွားမည့် ဝန်ဆောင်မှု ဖြစ်သည်။ MyBahuthuta ဝန်ဆောင်မှုအား အသုံးပြုနိုင်ရန် သုံးစွဲသူများအနေဖြင့် စာတိုပေးပို့ခြင်းဖြင့် စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

ထို့အပြင်ဆက်သွယ်ရေး လုပ်ဆောင်ချက်များနှင့်အဓိကသက်ဆိုင်သောကဏ္ဍများဖြစ်သည့် စီမံခန့်ခွဲမှုကဏ္ဍ၊ ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုကဏ္ဍ နှင့် ဖုန်းဘေလ်လျော့နည်းမှု (Low Balance) ကဏ္ဍများအောက်တွင် MyCallBack၊ MyConference၊ MyCall Transfer၊ MyForward၊ MyWaiting၊ MyMiss Call၊ MyVoiceCall၊ MyNotification၊ MyShare၊ နှင့် MyCredit အစရှိသော အပိုဆောင်း ဝန်ဆောင်မှု အသစ်များအား ဖြည့်စွက်လိုက်ပြီ ဖြစ်သည်။ Mytel ၏ အပိုဆောင်းဝန်ဆောင်မှုများအား Mytel ၏ အက်ပလီကေးရှင်းထဲသို့ ဝင်ရောက်ကြည့်ရှုပြီး စာရင်းပေး ဝယ်ယူသုံးစွဲနိုင်မည် ဖြစ်ပြီး Mytel ၏ ဝက်ဘ်ဆိုက်ဒ် http://mytel.com.mm တွင်လည်း အချက်အလက်များကို အသေးစိတ် လေ့လာဖတ်ရှုနိုင်မည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top