ပရိသတ်တွေမျှော်လင့်ထားတာနဲ့ ထပ်တူနီးပါးကျခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် အော်စကာဆုရှင်များ

OScar.jpg

၂၀၁၉ ခုနှစ်အတွက် အော်စကာဆုပေးပွဲကို ဒီနေ့ကျင်းပပြုလုပ်ခဲ့ပြီး (၉၁) ကြိမ်မြောက်ဖြစ်တဲ့ ဒီဆုပေးပွဲမှာ ဆုရရှိမှုတွေကလည်း ပရိသတ်တွေခန့်မှန်းထားတာနဲ့ ထပ်တူနီးပါးကျခဲ့ပါတယ်။ ဆုရရှိသူတွေရဲ့စာရင်းကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦး။

  • အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို BOHEMIAN RHAPSODY ဇာတ်ကားနဲ့ ရာမီ မဲလစ်ခ် (Rami Malek)
  • အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို GREEN BOOK ဇာတ်ကားနဲ့ မာ့ဟရှာလာ အလီ (Mahershala Ali)
  • အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို THE FAVOURITE ဇာတ်ကားနဲ့ အိုလီဗီယာ ကိုးလ်မန်း (Olivia Colman)
  • အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို IF BEALE STREET COULD TALK ဇာတ်ကားနဲ့ ရက်ဂျီနာ ကင်း (Regina King)
  • အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို Green Book ဇာတ်ကား
  • အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်သီချင်းဆုကို A Star is Born ဇာတ်ကားက Shallow သီချင်း
  • အကောင်းဆုံး ရုပ်ရှင်နောက်ခံတေးဂီတဆုကို Black Panther ဇာတ်ကား
  • အကောင်းဆုံးကွန်ပျူတာအထူးဖန်တီးမှုဆုကို First Man ဇာတ်ကား
  • အကောင်းဆုံး ရုပ်ရှင်အသံအထူးဖန်တီးမှုဆုနဲ့ အကောင်းဆုံးရုပ်ရှင်အသံတည်းဖြတ်ဆုတွေကို Bohemian Rhapsody ဇာတ်ကား
  • အကောင်းဆုံး မိတ်ကပ်နှင့်ဆံပင်အထူးဖန်တီးမှုဆုကို Vice ဇာတ်ကား
  • အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို Roma ဇာတ်ကား
  • အကောင်းဆုံးဒါရိုက်တာဆုကို ROMA ဇာတ်ကားနဲ့ ဒါရိုက်တာ အယ်လ်ဖွန်ဆို ကွာရွန် (Alfonso Cuarón)
  • အကောင်းဆုံးကာတွန်းရုပ်ရှင်ကားဆုကို SPIDER-MAN: INTO THE SPIDER-VERSE ဇာတ်ကား
  • အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို FREE SOLO ဇာတ်ကား
  • အကောင်းဆုံးနိုင်ငံခြားစကားပြောရုပ်ရှင်ဆုကို ဒါရိုက်တာ အယ်လ်ဖွန်ဆို ကွာရွန် (Alfonso Cuarón) ရိုက်ကူးတဲ့ မက္ကဆီကိုရုပ်ရှင်ဇာတ်ကား ROMA
  • အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို BOHEMIAN RHAPSODY ဇာတ်ကားနဲ့ ဂျွန် အော့တ်မန်း (John Ottman)
  • အကောင်းဆုံးဝတ်စုံဒီဇိုင်းဆုကို BLACK PANTHER ဇာတ်ကားရဲ့ ဝတ်စုံဒီဇိုင်နာ ရုသ် ကာတာ (Ruth Carter)

Ref: Oscar.go.com
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top