နောက်ထွက်လာမယ့် Xiaomi စမတ်ဖုန်းရဲ့ ဖန်သားပြင်ထဲမှာ လက်ဗွေဖတ်စနစ် ပါဝင်လာတော့မယ်

Xiaomi-Mi-7.jpg

Vivo ဟာ ဖန်သားပြင်ထဲ ထည့်ထားတဲ့ လက်ဗွေဖတ်စနစ်ကို တချို့ဖုန်းတွေမှာ ထည့်သွင်းထားကာ အောင်မြင်ပြီးသားလည်း ဖြစ်ပါတယ်။ Vivo X20 Plus UD ထွက်ရှိပြီးတဲ့နောက် မကြာသေးမီကပဲ Vivo X21 UD ကို ကြေညာခဲ့ပါတယ်။

Samsung ကတော့ နှောင့်နှေးမှု တချို့ကြောင့် လူကြိုက်မများတာဖြစ်ပြီး Note 9 မှာလည်း ဒီနည်းပညာ ပါဝင်မလားဆိုတာ မသေချာပါဘူး။ လူတွေက နောက်ထပ် ဘယ် အမှတ်တံဆိပ် (brand) ကို သုံးရင်ကောင်းမလဲဆိုတာပဲ စိတ်ဝင်စားနေကြတာပါ။

Huawei Porsche Design Mate RS မှာ ဒီလို လက်ဗွေဖတ်စနစ်ကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

Xiaomi က နောက်ထပ် ထုတ်လုပ်မယ့် ဖုန်းမော်ဒယ်ကိုတော့ Mi 7 လို မဖြစ်စေဖို့ မျှော်လင့်ရပါတယ်။ ဖန်သားပြင်အောက်ထဲမှာ လက်ဗွေဖတ်စနစ် ပါဝင်တဲ့ ဖုန်းတစ်လုံး ဖြစ်မယ်လို့လည်း ယုံကြည်နေကြပါတယ်။ Xiaomi က တန်ဖိုးမြင့် ဖုန်းတစ်လုံးဖြစ်တဲ့ Mi Mix 2S ကို ဖြန့်ချိပြီးသွားပြီ ဖြစ်ပြီး Mi 7 ဘယ်တော့ထွက်မယ်ဆိုတာနဲ့ အဟိုက် (Notch) ပါဝင်မလား ဆိုတာကလည်း စိတ်လှုပ်ရှားစရာ ဖြစ်နေပါတယ်။ ဖန်သားပြင်ထဲမှာ ထည့်သွင်းထားမယ့် အာရုံခံစနစ်က အဆင်သင့် မဖြစ်လောက်သေးပါဘူး။ လက်ဗွေဖတ်စနစ် ပါဝင်တဲ့ ဖုန်းမျိုးကို အသားပေးမှုမှာ Mi 7 ကို အရင်ထုတ်ဖို့ Xiaomi ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။

Xiaomi ရဲ့ပထမ မူလပုံစံဟာ FPC နဲ့ Goodix တို့က အာရုံခံစနစ်ကို အသုံးပြုထားတာဖြစ်ပြီး ဒုတိယအကြိမ် ထုတ်လုပ်တဲ့ ဖုန်းကိုတော့ Synaptics နဲ့ Goodix ရဲ့ လက်ဗွေစနစ် နှစ်ခုကို သုံးထားတာ ဖြစ်ပါတယ်။ ဒါဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အဆင့်မြှင့် မွမ်းမံမှုဖြစ်ပြီး Xiaomi က ဘယ်အချိန်လောက်မှာ ဖြန့်ချိ မိတ်ဆက်လာမလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top