ရန်ကုန်မြို့၌ကျင်းပသွားမည့် ONE: REIGN OF VALOR ပြိုင်ပွဲ၏တွဲဆိုင်းများကို ONE Championship™ ကထုတ်ပြန်ကြေညာ

unnamed-1.jpg

မတ်လ (၈) ရက်၊ (သောကြာနေ့) ညမှာ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းအတွင်းကျင်းပသွားမယ့် ONE: REIGN OF VALOR ပြိုင်ပွဲကြီးရဲ့တွဲဆိုင်းအပြည့်အစုံကို ONE Championship™က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဒီ ONE: Reign of Valor ပွဲအတွက် Open Workout အခမ်းအနားကို မတ်လ (၅) ရက်နေ့ (အင်္ဂါနေ့ ) မှာပြုလုပ်သွားမှာပါ။ ပွဲကျင်းပမယ့်နေရာက Transcend Gym၊ Junction Mawtin (၅) လွှာ၊အနော်ရထာလမ်းနဲ့ လမ်းသစ်လမ်းထောင့်ဖြစ်ပြီး ပွဲအချိန်ကတော့ နေ့လယ် (၂) နာရီကနေ ညနေ (၄) နာရီအထိဖြစ်ပါတယ်။

ဒီပွဲအတွက် လာရောက်အားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရိုးရာလေးက ONE အမှတ်တံဆိပ်ပါတီရှပ်တွေ မဲဖောက်ပေးသွားမယ့်အစီအစဉ်လည်း ရှိနေပါတယ်။ ဒီအစီအစဉ်မှာပါဝင်ဖို့ အခုပို့စ်ကို Like and Share (Public) လုပ်၊ screenshot ရိုက်ပြီး ကွန်မန့်မှာပြသပေးဖို့တော့လိုအပ်ပါတယ်။(March 4 ညပိုင်းအထိသာ)

မြန်မာနိုင်ငံဖွားကစားသမားတွေဖြစ်ကြတဲ့ တီရယ်လ် ထန်၊ အန်တိုနီရာနဲ့ ဖိုးသော်တို့အပြင် တခြားနိုင်ငံတကာကစားသမားတွေနဲ့လည်း တွေ့ခွင့်ရနိုင်မှာဖြစ်လို့ ရောက်အောင်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အမှတ်တရတီရှပ်တွေရနိုင်ဖို့အတွက် အခုပဲ ပို့စ်ကို Like and Share ပြုလုပ်ပြီး ပါဝင်နိုင်ပါပြီ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top