မန်ချက်စတာဒါဘီမှာ မန်စီးတီး အနိုင်ရ၊ ဝုဗ်ကို အာဆင်နယ် ရှုံးနိမ့်

58378433_2293899317319974_489417815506288640_n.jpg

မန်ချက်စတာဒါဘီပွဲစဉ်မှာတော့ မန်စီးတီးက မန်ယူကို (၂) ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ပထမပိုင်းကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တိုက်စစ်ဆင်ကစားခဲ့ပေမဲ့ ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ပါဘူး။ ဘာနာဒိုဆေးလ်ဗားရဲ့ အပြင်းကန်ချက်ကိုလည်း ဒီဂီယာကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် (၅၄) မိနစ်မှာတော့ ဘာနာဒိုဆေးလ်ဗားက ဧရိယာထဲ ဆွဲဝင်ပြီး ဒီဂီယာပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ကန်သွင်းရာမှာ မန်စီးတီး အဖွင့်ဂိုးရခဲ့ပါတယ်။ နောက် (၂) မိနစ်အကြာမှာလည်း အဂူရိုရဲ့ ကန် (၂၀) အကွာကန်ချက် တိုင်ထိထွက်ခဲ့ပါတယ်။ ပွဲချိန် (၆၆) မိနစ်မှာ စတာလင်ရဲ့ ဖန်တီးမှုကနေ ဆာနေး ကန်သွင်းတာကို ဒီဂီယာ ခြေထောက်နဲ့တားဆီးဖို့ ကြိုးစားပေမဲ့ ထိချက်မမှန်ခဲ့ဘဲ ဂိုးထဲဝင်သွားခဲ့လို့ မန်ယူအသင်း ဒုတိယဂိုး ထပ်ပေးခဲ့ရတာပါ။

ပွဲချိန် (၆၆) မိနစ်မှာ စတာလင်ရဲ့ ဖန်တီးမှုကနေ ဆာနေး ကန်သွင်းတာကို ဒီဂီယာ ခြေထောက်နဲ့တားဆီးဖို့ ကြိုးစားပေမဲ့ ထိချက်မမှန်ခဲ့ဘဲ ဂိုးထဲဝင်သွားခဲ့

မန်စီးတီးဟာ အခုနိုင်ပွဲကြောင့် ပွဲစဉ် (၃) ပွဲပဲ ကစားဖို့ ကျန်တော့ချိန်မှာ ဒုတိယနေရာက လီဗာပူးကို ၁ မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာကတော့ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူကို (၃) ပွဲဆက်တိုက် အနိုင်ကစားနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။

မန်စီးတီးဟာ ဒီရာသီပြိုင်ပွဲစုံမှာ (၁၅၇) ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေပြီး ၂၀၁၃-၂၀၁၄ ရာသီက သူတို့ရဲ့စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက နီဗက်စ်၊ ဒိုဟာတီ၊ ဂျိုတာတို့က ဝုဗ်အတွက် ဂိုးတွေသွင်းယူခဲ့

ဝုဗ်နဲ့ အာဆင်နယ်အသင်း ပွဲစဉ်မှာ ဝုဗ်က ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက နီဗက်စ်၊ ဒိုဟာတီ၊ ဂျိုတာတို့က ဝုဗ်အတွက် ဂိုးတွေသွင်းယူခဲ့ပြီး ပွဲချိန် (၈၀) မိနစ်မှာ ဆိုကရေးတစ်က အာဆင်နယ်အတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းပေးခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top