Mytel နှင့် MBAPF တို့ ပူးပေါင်း၍ ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု ပရိုဂရမ်များပြုလုပ်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Mytel-and-MBAPF-MOU-Signing.jpg

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး အော်ပရေတာ Mytel သည် ယနေ့တွင် မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတ အဖွဲ့ (MBAPF) နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တက္ကသိုလ် ၁၄ ခုမှ ကျောင်းသား/ကျောင်းသူပေါင်း ၄၉၅၂၅ ယောက်အား ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်မှု ပရိုဂရမ်များပြုလုပ်ပေးရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ယနေ့ လက်မှတ်ထိုးပွဲအခမ်းအနားကို Park Royal ဟိုတယ်၊ နေပြည်တော်၊ မြန်မာ၌ ကျင်းပခဲ့သည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဂုဏ်သရေရှိလူကြီးမင်းများဖြစ်သော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အခြားဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များမှ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

နားလည်မှု စာချွန်လွှာအရ Mytel သည် ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်မှု ပရိုဂရမ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝါရှင်တန်တက္ကသိုလ်မှ လူမှုအဖွဲ့အစည်း အသွင်ကူးပြောင်းရေးအစီအစဉ်တွင် အချက်အလက်ပိုင်းဆိုင်ရာ နည်းဗျူဟာများအား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ယခင် အစီအစဉ်တွင်မူ Beyond Access Myanmar စာကြည့်တိုက်၊ အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်းပြု တက္ကသိုလ်များတွင် ပြုလုပ်ခဲ့သော ထိုသင်တန်းပို့ချမှုများတွင် မြန်မာနိုင်ငံမှ တက်ရောက်သူ ၈၀၀၀ ခန့်ရှိခဲ့သည်။ ယခု ပို့ချမှုအစီအစဉ်တွင် MBAPF နှင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ် ၁၄ ခုမှ ကျောင်းသား/သူပေါင်း ၄၉၅၂၅ ယောက်အား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ယခု အစီအစဉ်သည် ၂၀၁၉ ဒီဇင်ဘာလမှ ၂၀၂၀ ဇူလိုင်လအထိ တစ်လလျှင် သင်ခန်းစာနှစ်ခုနှုန်းဖြင့် ပို့ချပေးသွားမည်ဖြစ်သည်။

ယခုအစီအစဉ်သည် မြန်မာကျောင်းသားများနှင့် တက္ကသိုလ်များမှ ဆရာ/ဆရာမများ အားလုံးအား နေ့စဉ်သင်ခန်းစာများနှင့် တက္ကသိုလ်နှင့်သက်ဆိုင်သောစီးပွားရေးလုပ်ငန်းများတွင် ICT ၏မရှိမဖြစ်သော လုပ်ဆောင်ချက်များကို သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဒစ်ဂျစ်တယ်ဂေဟစနစ်ကို အကျိုးပြုစေနိုင်ပြီး မြန်မာနိုင်ငံအား ဒစ်ဂျစ်တယ်နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲနိုင်ရန် ခြေလှမ်းအသစ်တစ်ခုအဖြစ် စတင်နိုင်မည်ဖြစ်သည်။ ယခုသင်တန်းသည် စိတ်ဝင်စားဖွယ်အကြောင်းအရာများ ဖြစ်သော ICT နှင့် Cloud Computing အားမိတ်ဆက်ခြင်းများ၊ Cloud Storages၊ Online လုံခြုံရေးမှုနှင့် ဝေဖန်တွေးခေါ်မှုများ၊ Google စာသင်ခန်းများ၊ Youtube သင်ခန်းစာများ စသည်တို့ပါဝင်ပါသည်။

ဒစ်ဂျစ်တယ်နှင့် သတင်းအချက်အလက်နည်းပညာပိုင်းဆိုင်ရာ သင်တန်းတစ်ခုစီတိုင်းကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ ပြည်တက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မအူပင်)၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)၊ ပုသိမ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ပုသိမ်)၊ ပဲခူးတက္ကသိုလ်၊ အစိုးရ နည်းပညာကောလိပ် (မိုးညှင်း)၊ နည်းပညာတက္ကသိုလ် (ဘားအံ)၊ အစိုးရ နည်းပညာကောလိပ် (မြင်းခြံ)၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ချောက်) စသည့်တက္ကသိုလ်များမှ သက်ဆိုင်ရာ ဆရာ/ဆရာမ အယောက် ၃၀ အား ပို့ချပေးသွားမည်ဖြစ်ပါသည်။

Mytel သည် ပညာရေးဆိုင်ရာလူထုအကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သော အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးများ သင်ကြားပို့ချနေသော ကျောင်းပေါင်း ၁၀၃ ကျောင်းတွင် အင်တာနက် ဝန်ဆောင်မှုများ အခမဲ့ပေးခြင်းဖြင့် ICT ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်ခဲ့သည်။ ထို့အပြင် Mytel သည် အခမဲ့ဝန်ဆောင်မှုများအား အခြားသော ဘာသာရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ဘုရား၊ ဗုဒ္ဓဘာသာ တက္ကသိုလ်များနှင့် ဘုန်းကြီးကျောင်းများ၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ပုဂ္ဂလိကနှင့် အထွေထွေဆေးရုံများနှင့် အစိုးရဆိုင်ရာကဏ္ဍများဖြစ်သော Video Conferencing စနစ်နှင့် အင်တာနက်ဝန်ဆောင်မှု များကို ဆက်လက်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top