မင်းသမီး Yoon Son Ha ကနေဒါမှာ အခြေချနေထိုင်မယ့် သတင်းမှန်ကန်မှုမရှိ

Yoon-Son-Ha1.jpg

တောင်ကိုရီးယား မင်းသမီး Yoon Son Ha ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက သူမရဲ့သားဖြစ်သူကို အငြင်းပွားဖွယ်ရာ ခြိမ်းခြောက် အနိုင်ကျင့်တာတွေဖြစ်ခဲ့ပြီးနောက် ကနေဒါ နိုင်ငံ ကို သားနဲ့အတူ ပြောင်းရွေဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေမှုအပေါ် အေဂျင်စီဖြစ်တဲ့ CL&COMPANY ကတုံပြန်ဖြေရှင်းလိုက်ပါတယ်။

မင်းသမီး ဟာ ကနေဒါနိုင်ငံကို သွားရောက်ဖို့ ပြည်ပသွားရောက်ရေး လုပ်ငန်း စဉ်တွေ တရားဝင် လုပ်ကိုင်ခဲ့ပြီး အဲဒီ လုပ်ငန်းစဉ်တွေ ဟာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ သူမရဲ့ သားဖြစ်သူ ဟာ ခြိမ်းခြောက်အ နိုင်ကျင့်ခံရမှုတွေဖြစ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံမှာကျောင်းတက် ဖို့ အဆင်မပြေတာကြောင့် ကနေဒါနိုင်ငံဆီသွားရောက်ဖို့ စိစဉ်နေတာဖြစ်တယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားမင်းသမီး နီးစပ်သူတစ်ဦးက Yoon Son Ha ဟာသားဖြစ်သူ ခွဲခြားဆက်ဆံခံရမှု တွေကြောင့် နာကျင်မှုတွေဖြစ်နေတယ် လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားမင်းသမီး Yoon Son Ha ရဲ့အေဂျင်စီက မင်းသမီး Yoon Son Ha ဟာ သားဖြစ်သူနဲ့အတူ ကနေ ဒါကို ပုဂ္ဂိုလ်ရေး ကိစ္စတွေကြောင့် သွားရောက် မှာမှန်ပေမယ့် ပြောင်းရွေနေထိုင်ဖို့ စဉ်းစားမှာမဟုတ်ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပုဂ္ဂိုလ်ရေးအကြောင်း ကိစ္စတွေဖြစ်လို့ ထုတ်ဖော်ပြောဆိုဖို့ ဆိုတာ ခ က်ခဲတယ်လို့ အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ကနေဒါ နိုင်ငံမှာ အခြေချနေထိုင်မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အဲဒီတွေ ဟာမှန်ကန်မှုမရှိပါဘူးလို့ အေဂျင်စီက တုံပြန်ထားပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Soompi : Yoon Son Ha’s Agency Responds To Rumors Of Her And Son Moving To Canada

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top