အင်တာနက် သမိုင်းတလျှောက် လူကြည့်အများဆုံး Youtube Video (၇) ခု

USgKopgPmA5nSSMFHRUPpdBUukf6MtpLZ2KFHazsWfNYnGm5gBxXKBaKsedbWmzLDfVWsnBbGKVKynHaRV6Njg.jpg

မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေကြားမှာ Facebook နဲ့ ယှဉ်ရင်တော့ Youtube ဟာ ရေပန်းမစားလှရှာပါဘူး။ ဒါပေမယ့် အထူးအထွေ မိတ်ဆက်ပေးရလောက်အောင် စိမ်းတဲ့ website တော့ မဟုတ်ပြန်ဘူး။ ထွေလီကာလီ ဗီဒီယိုတွေ၊ MV တွေနဲ့ ဗဟုသုတ ရစရာ ဗီဒီယိုတွေ ရှိနေတဲ့ youtube မှာ လူကြည့်အများဆုံး ဗီဒီယိုတွေက ဘာတွေဖြစ်မယ်ထင်သလဲ။

လူကြည့်အများဆုံး နံပါတ် (၇) ကနေ နံပါတ် (၁) အထိ စီကြည့်ရရင်

၇) Ed Sheeran ရဲ့ Shape of You

https://www.youtube.com/watch?v=JGwWNGJdvx8

နားစွဲလွယ်တဲ့ သံစဉ်၊စာသားလေးတွေနဲ့ Ed Sheeran ရဲ့ Shape of you ကတော့ ကြည့်ရှုခံရမှုအကြိမ်ရေပေါင်း ၂.၅၀ ဘီလီယံကျော်နဲ့ နံပါတ် (၇)နေရာကို သိမ်းပိုက်ထားပါတယ်။ ၂၀၁၇ ဇန်နဝါရီလကမှ youtube ပေါ် ရောက်လာတဲ့ ဒီ mv ဟာ တခြားနာမည်ကျော် ဗီဒီယိုတွေကို ကျော်ဖြတ်ပြီး ဒီအဆင့်ကို ရောက်ရှိလာတာပါ။

၆) Masha and the Bear ရဲ့ Recipe For Disaster

https://www.youtube.com/watch?v=KYniUCGPGLs

လူကြည့်အများဆုံး ဗီဒီယို ခုနစ်ခုထဲမှာ ဒီတစ်ခုက လွဲရင် ကျန်တာတွေက သီချင်းဗီဒီယို တွေချည်းပါပဲ။ ရှားရှားပါးပါး ဒီတစ်ခုကတော့ ကလေးမလေး မာရှာနဲ့  ဝက်ဝံကြီးတို့ ပါဝင်တဲ့ ချစ်စရာ ကာတွန်းစီးရီးထဲက အပိုင်းလေး တစ်ပိုင်းပါ။ ကြည့်ရှုမှု အကြိမ်ရေပေါင်းကတော့ ၂.၅၃ ဘီလီယံပါတဲ့။

၅) Bruno Mars ရဲ့ Uptown Funk

https://www.youtube.com/watch?v=OPf0YbXqDm0

၂၀၁၄ ခုနှစ်က youtbube မှာ စ လွှင့်တင်ထားတဲ့ ဒီဗီဒီယိုလေးဟာလည်း ကြည့်ရှုမှုအကြိမ်ရေပေါင်း ၂.၇၀ ဘီလီယံနဲ့ နံပါတ် (၅) နေရာမှာ ရပ်တည်နေပါတယ်။

၄) Justin Biber ရဲ့ Sorry

https://www.youtube.com/watch?v=fRh_vgS2dFE

ဘယ်သူရှိရမလဲ … ပျိုမေတို့ အချစ်တော် ၊  ဆယ်ကျော်သက်တို့ အသည်းကျော် ဂျက်စတင်ဘီဘာပေါ့ ။ ကြည့်ရှုမှုအကြိမ်ရေပေါင်း ၂.၇၉ ဘီလီယံနဲ့  စတုတ္ထနေရာမှာပါ တဲ့။ ကကွက်တွေကလည်း ဟာခနဲ၊ ဟင်ခနဲ ဖြစ်ချင်စရာ ပါပဲ။

ပထမ၊ ဒုတိယ ၊ တတိယ သုံးခုပဲ ကျန်တဲ့ အချိန်မှာ စကားဖြတ်ပြောရရင် Youtube ဆိုတာလည်း လွင့်မျောစရာကောင်းတဲ့ ကမ္ဘာလေးတစ်ခုပါပဲ။ အရင်ကဆိုရင် အင်တာနက် လိုင်းတွေ သိပ်မကောင်းသေးလို့ပါတဲ့။ ဟုတ်တယ်လေ၊ သီချင်းဗီဒီယို တစ်ပုဒ်ကို အထစ်ထစ် အငေါ့ငေါ့နဲ့ ကြည့်ရတာလောက် စိတ်ပျက်စရာကောင်းတာ ဘာရှိမှာလဲ။ အခုဆိုရင်တော့ ဖုန်းဘေလ် အရမ်းစားမလား စိုးရိမ်စိတ်နဲ့ Youtube မကြည့်ကြသေးသူတွေ ရှိပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက Ooredoo က မကြာသေးခင်ကမှ တစ်မီဂါဗိုက်ကို ၅ ကျပ်ပဲကျမယ့် ဖလန်းဖလန်း အစီအစဉ်ကို မိတ်ဆက်ထားတာပါ။ နှိုင်းယှဉ်ကြည့်ရရင် တခြား အော်ပရေတာတွေကတော့ တစ်မီဂါဗိုက်ကို ၈ကျပ်လောက်အထိ ကောက်ခံနေတော့ ၄၀ ရာခိုင်နှုန်းလောက်တောင် သက်သာသွားတယ်လို့ ဆိုရမှာပေါ့။  ဒါတောင် တချို့ operator တွေက night pack တွေနဲ့ ညမှသာ ဈေးလျှော့ပေးထားတာ ဖြစ်ပြီး Ooredoo ရဲ့ ဖလန်းဖလန်း အစီအစဉ်ကတော့ တစ်နေ့လုံး သုံးလည်း ဒီဈေးအတိုင်းပါပဲတဲ့။

ဒါပေမဲ့  Operator တစ်ခုချင်းစီအလိုက် သူ့ အားသာချက်၊ အားနည်းချက်တွေ အသီးသီးတော့ ရှိဦးမှာပါပဲ။ Youtube video အများကြီး တစ်ထိုင်တည်းကြည့်တာ၊ အင်တာနက် အများအပြား သုံးစရာ ရှိတာတွေ ဆိုရင်တော့ ဈေးသက်သာလေ ကောင်းလေ မဟုတ်လားနော်။

တခြား နိုင်ငံသူနိုင်ငံသားတွေ Youtube မှာ ကိုယ်တိုင် ရိုက်ဗီဒီယိုတွေ၊ channel တွေနဲ့ စွာနေသလို မြန်မာ့အင်တာနက် သုံးသူတွေလည်း Youtube မှာ များလာရင် ကြည့်စရာ ပိုများလာမှာပေါ့။ ဒါနဲ့ တတိယ လူကြည့်အများဆုံး Youtube ဗီဒိယို အကြောင်း ပြန်ပြောမယ်ဆိုရင်

၃) Psy ရဲ့ Gangnam Style

https://www.youtube.com/watch?v=9bZkp7q19f0

ဟုတ်ပါတယ်၊ တမူထူးခြားတဲ့ မြင်းစီးအကနဲ့ အိုပါးဂန်းနမ်း စတိုင်လို့ ကျော်ကြားခဲ့တဲ့ ၂၀၁၂ ခုနှစ်ထွက် ဒီဗီဒီယိုဟာဆိုရင် ကြည့်ရှုမှု အကြိမ်ရေပေါင်း ၂.၉၇ ဘီလီယံနဲ့ တတိယနေရာမှာ ရှိနေတာပါ။

၂) Wiz Khalifa ( featuring Charlie Puth) – See You Again

https://www.youtube.com/watch?v=RgKAFK5djSk

Fast and Furious 7ဇာတ်ကားကို ရိုက်ကူးနေစဉ်မှာ သရုပ်ဆောင် မင်းသား Paul Walker ကွယ်လွန်ခဲ့ပါတယ်။ လူစားထိုးပြီး ဆုံးသည်အထိ ရိုက်ကူးခဲ့ပေမယ့် ဇာတ်ကား နောက်ဆုံးပိုင်းမှာ Paul Walker နဲ့ Vin Disel တို့ ကိုယ့်လမ်းကို ကားဆက်မောင်းပြီး သွားကြတော့မယ့် နှုတ်ဆက်ချိန်လေးမှာ ဝင်လာတဲ့ ဇာတ်ဝင်တေးလေးပါ။ ပရိသတ်တွေအဖို့ Paul ကို မြင်ရတော့မှာ မဟုတ်ပါလား ဆိုတဲ့ အသိစိတ်နဲ့ ဆွေးဆွေးမြည့်မြည့် တီးလုံး၊စာသားတွေနဲ့ ပေါင်းစပ်သွားတဲ့ အခါမှာ မျက်ရည်ကျလောက်အောင်ထိ ကြေကွဲစရာကောင်းတဲ့ သီချင်းပါပဲ။ ကြည့်ရှုမှု အကြိမ်ရေပေါင်း ၃.၁၅ ဘီလီယံ ရှိပါတယ်။

၁) Luis Fonsi ( featuring Daddy Yankee ) – Despacito

https://www.youtube.com/watch?v=kJQP7kiw5Fk

၂၀၁၇ ခုနှစ် ဇန်နဝါရီကမှ ထွက်ရှိလာတဲ့ ဒီ သီချင်းဗီဒီယိုကတော့ သူ့အရင်က လူကြည့်အများဆုံးဖြစ်တဲ့ See You Again ကို ကျော်ပြီး လက်ရှိအချိန်ထိ ကြည့်ရှုမှု အကြိမ်ရေပေါင်း ၄ ဘီလီယံ နီးပါး နဲ့ ပထမ နေရာကို ရောက်လာခဲ့တာပါ။  ဧပြီလမှာ Justin Bieber က Remix ပြန်ဆိုခဲ့ပေမယ့် မူလ ဗီဒီယို ရဲ့ လူကြည့်များမှုနှုန်းကိုတော့ မမီခဲ့ပါဘူး။ သီချင်းရဲ့ မြူးကြွမှုနဲ့ Puerto Rico ဒေသရဲ့ လူမှုသဘာဝကို ဖော်ကြူးနိုင်တာကြောင့် စိတ်ဝင်စားရတာပါလို့ ဆိုသူတွေ ရှိသလို ခပ်ကြမ်းကြမ်းကကွက်တွေကြောင့်၊ ပြီးတော့ နေရာတိုင်းမှာ ကြားနေရတာကြောင့် ဒီသီချင်းကို မုန်းတီးနေကြသူတွေလည်း ရှိပါသတဲ့။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top