အမေရိကန်ဂီတဆုပေးပွဲမှာ Artist of the Year ဆုကြီးအပါအဝင် ဆန်ကာတင်စာရင်းဝင်သမျှဆုတွေကို ရရှိသွားခဲ့တဲ့ BTS

22-11-2021yyl1.jpg

ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS ကတော့ ၂၀၂၁ခုနှစ် အမေရိကန်ဂီတဆုပေးပွဲမှာ အခြားဆုတွေအပြင် ဆုကြီးဖြစ်တဲ့ Artist of the Year ဆုကို ရရှိသွားခဲ့ပါတယ်။ ၂၀၂၁ခုနှစ် အမေရိကန်ဂီတဆုပေးပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့ လော့စ်အိန်ဂျယ်လိစ်မြို့က Microsoft Theater မှာ ကျင်းပပြုလုပ်သွားခဲ့တာပါ။ BTS က ဒီဆုပေးပွဲကို လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး Favorite Pop Duo or Group၊ Favorite Pop Song for Butter ၊Artist of the Year ဆုအမျိုးအစားတွေနဲ့ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဆုအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Artist of the Year ဆုကြီးကိုတော့ BTS က ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ တေလာဆွစ်၊ the Weeknd၊ အာရီယာနာ ဂရန်ဒီ၊ ဒရိတ်၊ အိုလီဗီယာ ရိုဒရီဂို တို့ကို ကျော်ပြီး ရရှိသွားခဲ့တာပါ။ အမေရိကန်ဂီတဆုပေးပွဲရဲ့ဆုကြီးကို ရရှိသွားခဲ့တဲ့အတွက် BTS က သမိုင်းမှာ ပထမဆုံးအာရှအနုပညာရှင်ဖြစ်လာခဲ့ပါပြီ။ BTS က Favorite Pop Duo or Group ဆုကိုလည်း (၃) နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။

Favorite Pop Duo or Group ဆုရရှိသူကို ကြေညာပြီးတဲ့နောက်မှာ BTS ဟာ ဆုလက်ခံဖို့အတွက် စင်မြင့်ထက်ကို တက်ရောက်လာခဲ့ပြီး J-Hope က “ဒီဆုအတွက် ARMY နဲ့ AMAs ကို ကျေးဇူးတင်ပါတယ်။ ၃ နှစ် ဆက်တိုက်ပါပဲ” လို့ ပြောခဲ့ပါတယ်။ Jin က မိုက်ကို ယူပြီး “ဒါက ARMY တွေရဲ့ကျေးဇူးကြောင့် အားလုံးဖြစ်နိုင်တာပါ။ ARMY က ကျွန်တော်တို့ရဲ့စကြဝဠာပါပဲ” လို့ သူတို့ရဲ့ပရိသတ်တွေကို ကျေးဇူးတင်ခဲ့ပါတယ်။

“ဒီဆုကို ရဖို့ ဒီစင်မြင့်ထက်ရောက်ဖို့ (၄) နှစ် အချိန်ယူခဲ့ရပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒါက ကျွန်တော်တို့အတွက် ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကိုရီးယားနိုင်ငံက အမျိုးသားအဆိုအဖွဲ့ငယ်လေးဖြစ်လို့ပါပဲ။ ကျွန်တော်တို့ရဲ့ဂီတအတွက် ချစ်ခြင်းတရားနဲ့ ကျွန်တော်တို့ တစ်သားတည်းဖြစ်နေတာပါ။ ကျွန်တော်တို့လုပ်ချင်တဲ့အရာအားလုံးက ဂီတနဲ့ ဖျော်ဖြေတင်ဆက်မှုတွေကနေတဆင့် ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှုနဲ့ ခွန်အားတွေပေးဖို့ပါပဲ။ ဒါပေမဲ့ ARMY တွေမရှိရင် ကျွန်တော်တို့ ဘာတစ်ခုမှ လုပ်နိုင်မှာမဟုတ်ပါဘူး။ ARMY ကို အရမ်းကျေးဇူးတင်ပါတယ်”လို့ RM က ကျေးဇူးတင်စကားဆိုတာကို အဆုံးသတ်ခဲ့ပါတယ်။

BTS ဟာ Favorite Pop Song ဆုအတွက် စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒီဆုအတွက် အရင်ဆုံး ကျေးဇူးတင်စကားပြောခဲ့တာကတော့ Jimin ပါ။ Jimin က “ARMY ကို ကျေးဇူးတင်ပါတယ်။ AMAs ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ Butter သီချင်းကို ကြိုက်နှစ်သက်ခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်”လို့ ဆိုပါတယ်။ Jungkook ကလည်း “Butter က ကျွန်တော်တို့အတွက် သီးသန့်သီချင်းတစ်ပုဒ်ပါ။ ဒါက ထောပတ်လိုပဲ ပရိသတ်တွေကို ချောမွေ့မှု ခံစားရစေမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။ RM က ထပ်ပြီး ကျေးဇူးတင်စကားကို အဆုံးသတ်ပေးခဲ့ပါတယ်။ “အားလုံးကို ကျေးဇူးတင်ပါတယ်။ Butter က ဒီနှစ်မှာ ချစ်ခြင်းမေတ္တာတရားတွေအများကြီး ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အရာအားလုံးက ဒီလိုခက်ခဲတဲ့အချိန်တွေမှာ ခွန်အားပေးဖို့ပါပဲ။ ဒီသီချင်းက လူအများကြီးရဲ့နှလုံးသားထဲ ရောက်တယ်ဆိုတာ ဒီဆုက သက်သေပြနေပါတယ်။ ဘယ်တော့မှ ရယူလိုခြင်းမျိုးနဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ အရမ်းကျေးဇူးတင်ပါတယ်”လို့ ဆိုပါတယ်။

Artist of the Year ဆုအတွက် RM က သူပြောဖို့လုပ်ထားတာတွေ မေ့သွားခဲ့ပေမဲ့ “AMAs ကို ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ ဒီလိုမျိုး အမိုက်စားအနုပညာရှင်တွေနဲ့အတူ ဒီစင်မြင့်ထက်မှာ ရှိနေရတဲ့အတွက် တကယ်ကိုပဲ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ အရမ်း ဂုဏ်ယူမိတယ်။ ဒါအတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ စကားပြောတာခဏရပ်သွားပြီးတော့ “ဟုတ်ပါတယ်…ကျွန်တော် စိတ်လှုပ်ရှားနေတယ်”လို့ ဝန်ခံခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၄ နှစ်က ဒီစင်မြင့်ထက်မှာ ပထမဆုံး ဖျော်ဖြေခဲ့ပါတယ်။ DNA သီချင်းနဲ့။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားပြီး စိုးရိမ်စိတ်ဖြစ်ခဲ့တယ်။ အဲဒီကတည်းဆို ကြာလှပါပြီ။ ဒါပေမဲ့ ဒီဆုကို ဒီနေရာမှာ ကျွန်တော်တို့ လက်ခံရမယ်လို့ ဘယ်သူကမှ လောင်ကြေးထပ်နိုင်မှာမဟုတ်ပါဘူး။ မင်းတို့အားလုံးကလွှဲလို့ ကိုရီးယားနိုင်ငံက ကောင်လေး ၇ ယောက်က ဂီတအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစည်းခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ARMY တွေအားလုံးဆီကက ချစ်ခြင်းမေတ္တာနဲ့ အားပေးပံ့ပိုးမှုတွေ ရရှိခဲ့တယ်။ ကျွန်တော်တို့ ဒါကို မျှော်လင့်ချက်ကြီးနဲ့ ရယူလိုခြင်းမျိုးနဲ့ ဘယ်တော့မှ ယူမှာမဟုတ်ပါဘူး။ အရမ်းကျေးဇူးတင်ပါတယ်။ ARMY တွေအားလုံးကို ချစ်ပါတယ်။ ဒီဆုကို ARMY တွေကို ပေးချင်ပါတယ်။ HYBE ကို ကျေးဇူးတင်ပါတယ်။ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ RM က ဆက်လက်ပြောကြားခဲ့ပါတယ်။

Suga က “လွန်ခဲ့တဲ့ ၄ နှစ်က AMAs မှာ ကျွန်တော်တို့ ပထမဆုံး ဖျော်ဖြေခဲ့ပါတယ်။ Artist of the Year ဆုကို လက်ခံရရှိနိုင်မယ်လို့ ကျွန်တော် စိတ်တောင်မကူးခဲ့ပါဘူး။ ဒါတွေအားလုံးက ARMY တွေကြောင့်ပါပဲ။ ARMY ကို ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ Jungkook က “ကျွန်တော်တို့ရဲ့ဂီတနဲ့ လူတွေကို ပျော်ရွှင်စေချင်ခဲ့တာပါ။ ဒီဆုက ကျွန်တော်တို့ အခန်းသစ်ရဲ့အစကို ဖွင့်လှစ်ပေးမယ်လို့ ယုံကြည်ရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ အခိုက်တန့်တစ်ခုချင်း၊ အခိုက်တန့်တိုင်းက တန်ဖိုးရှိတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရတယ်။ ဒါကြောင့် ၂၀၂၂ခုနှစ်မှာ ကျွန်တော်တို့ ဆက်ပြီးသွားမယ်”လို့ ဆိုပါတယ်။ V ကလည်း “ဒီဆုကြောင့် ကျွန်တော် အရမ်းဝမ်းသာမိခဲ့တယ်။ ပရိသတ်တွေရဲ့အချစ်ကို အလေးထားတန်ဖိုးထားပါတယ်။ ARMY ကျေးဇူးတင်ပါတယ်။ AMAs ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ We purple you” လို့ ပြောကြားခဲ့ပါတယ်။

ဆုပေးပွဲမှာ BTS က My Universe သီချင်းကို Coldplay နဲ့အတူ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ Butter သီချင်းကိုတော့ Megan Thee Stallion နဲ့အတူ ဖျော်ဖြေမယ်လို့ စီစဉ်ခဲ့ပေမဲ့ Megan မပါဘဲ သူတို့ပဲ ဖျော်ဖြေတင်ဆက်သွားခဲ့ပါတယ်။

Ref: Soompi “BTS Makes History As They Win Artist Of The Year At 2021 American Music Awards”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top