သမ္မတရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေထဲမှာ ဘိန်းစားတစ်ယောက်ပါတယ်လို့ ဒူတာတေး စွပ်စွဲ

19-11-2021yyl10.jpg

သမ္မတရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေထဲမှာ ကိုကိန်းစွဲနေသူတစ်ယောက်ပါနေတယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စွပ်စွဲခဲ့ပါတယ်။ ဒူတာတေးဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူနဲ့ သုံးစွဲသူ ထောင်ချီ သေဆုံးစေခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ ဆင်နွှဲခဲ့သူပါ။ အခုစွပ်စွဲမှုနဲ့ပတ်သက်ပြီး ဒူတာတေးက သက်သေအထောက်အထား ပြသခဲ့ခြင်းမရှိသလို ဘယ်သူ့ကို ရည်ညွှန်းတယ်ဆိုတာလည်း ထုတ်မပြောခဲ့ပါဘူး။ လာမယ့်နှစ်မှာ ကျင်းပမယ့် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အာဏာရှင်ဟောင်း မားကို့စ်ရဲ့သား ဖာဒီနန်ဘွန်ဘွန်မားကို့စ်၊ လက်ဝှေ့ကျော် ပက်ကွီအိုတို့ အပါအဝင် လူဒါဇင်ကျော် စာရင်းပေးသွင်းထားပါတယ်။

” ကိုယ်စားလှယ်တစ်ယောက်က ကိုကိန်းစွဲနေသူပါ။ ဒီလူက ဘာတွေ လုပ်ပေးခဲ့လဲ၊ ဖိလစ်ပိုင်ကို ဘာတွေ အကျိုးပြုခဲ့လဲ။ ဖိလစ်ပိုင်ပြည်သူတွေက ဘာလို့အရူးအမူး အားပေးနေကြလဲဆိုတာ ကျွန်တော် ဝေခွဲမရဖြစ်မိတယ်။ ဒီလူက ခေါင်းဆောင်နေရာအတွက် တော်တော်အားနည်းသူပါ။ ဒါပေမဲ့ သူ အလွယ်တကူ နိုင်သွားနိုင်တယ်။ ဖိလစ်ပိုင်ပြည်သူတွေက ဒီလိုဖြစ်စေချင်တယ်ဆိုရင်လည်း လုပ်ကြပေါ့။ ကျွန်တော်က အခြေအနေရှုပ်ထွေးအောင် လုပ်နေတာ မဟုတ်ပါဘူး။ အဆုံးအဖြတ်က ခင်ဗျားတို့အပေါ် မူတည်ပါတယ်။ ဘယ်သူလဲဆိုတာ စုံစမ်းကြပေါ့” လို့ ဒူတာတေးက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုပ်သံမိန့်ခွန်းပြောကြားမှုမှာ သူ့နေရာ ဆက်ခံမယ့်သူအဖြစ် သူကိုယ်တိုင် ရွေးချယ်ထားတဲ့ အထက်လွှတ်တော်အမတ် ခရစ္စတိုဖာဘွန်ဂိုကိုတော့ ဒူတာတေးက ချီးကျူးသွားခဲ့ပါတယ်။

Ref: CNN “Philippines’ Duterte says cocaine user among presidential election candidates “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top