မြို့တော်ဝန်အဖြစ်ထမ်းဆောင်နေတဲ့ ခွေးနဲ့ဆိတ်တွေက ကစားကွင်းအတွက် ရန်ပုံငွေရှာပေးခဲ့

18-1-2021-yyl-01.jpg

ဗားမောင့်ပြည်နယ်မှာ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံထားရတဲ့ ဆိတ်တစ်ကောင်နဲ့ ခွေးတစ်ကောင်တို့ဟာ ကစားကွင်းတစ်ခုကို ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် ရန်ပုံငွေရှာတဲ့နေရာမှာ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ကစားကွင်းပြန်လည်ပြင်ဆင်ဖို့အတွက် ရန်ပုံငွေရဖို့၊ ဒေသတွင်းကလေးတွေကို အကူအညီပေးဖို့ အိမ်မွေးတိရစ္ဆာန်တွေကို မြို့တော်ဝန်တင်မြှောက်တယ်ဆိုတာက မြို့မန်နေဂျာရဲ့အကြံဉာဏ်ပါပဲ။

၂၀၁၈ခုနှစ်က Fair Haven မြို့လေးမှာနေထိုင်တဲ့သူတွေက လင်ကောလ် ဆိုတဲ့ ဆိတ်လေးကို မြို့တော်ဝန်အဖြစ် တင်မြောက်ခဲ့တာပါ။ လင်ကောလ်က ဒေါ်လာ ၁၀,၀၀၀ ခန့် ရန်ပုံငွေရှာပေးနိုင်ခဲ့ပါတယ်။ လက်ရှိမြို့တော်ဝန်ဖြစ်တဲ့ မာဖီဆိုတဲ့ စပန်နီရယ်ခွေးလေးကလည်း ဒေါ်လာ ၂၀,၀၀၀ ရန်ပုံငွေရှာပေးခဲ့တယ်လို့ မြို့မန်နေဂျာ ဂျိုး ဂန်တာက ပြောပါတယ်။ မြို့လေးကလည်း နောက်ထပ် ဒေါ်လာ ၂၀,၀၀၀ ရရှိခဲ့ကြပါတယ်။

မာဖီကို နိုင်ငံရေးမှာ ပါဝင်ပတ်သတ်ဖို့ ပြောတော့ ကပ်ရောဂါကလည်းဖြစ်ပွားနေတဲ့အတွက် တီရှပ်တွေကနေတဆင့် ရန်ပုံငွေရဖို့ လွယ်ကူနိုင်ပါ့မလားလို့ တွေးခဲ့ကြောင်း မာဖီရဲ့သခင် လင်ဒါ ဘိတ်ကာက ပြောပါတယ်။ ဒါကြောင့် သူဟာ Mask ထုတ်ဖို့ စိတ်ကူးဖြစ်ခဲ့တယ်။ ရန်ပုံငွေရှာဖို့အတွက် မာဖီရဲ့သခင်က Mask (၁၀၀၀) နီးပါး ပြုလုပ်ခဲ့ပြီး Valentin’s Day အတွက် နောက်တစ်ခေါက်ပြုလုပ်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။ လင်ဒါ ဘိတ်ကာက Mask ကနေ ဒေါ်လာ ၅၀၀၀ ကျော် ရန်ပုံငွေရှာနိုင်ခဲ့ပြီး ကံစမ်းမဲဖောက်ပြီးရန်ပုံငွေရှာတာကနေလည်း တူညီတဲ့ငွေပမာဏကို ရရှိခဲ့ပါတယ်။

မကြာသေးခင်က the Federal Land and Water Conservation Fund ကနေလည်း ထောက်ပံ့ကြေး ဒေါ်လာ ၅၀,၀၀၀ ရရှိခဲ့တယ်လို့ မာဖီရဲ့သခင်က ပြောပါတယ်။ ဂုဏ်ပြုချီးမြှောက်ခြင်းခံရတဲ့ မြို့တော်ဝန်ခွေးလေးကတော့ ကစားကွင်းကို သွားခွင့်ရမှာမဟုတ်ပါဘူး။ ခွေးတွေ ခွင့်မပြု ဆိုတဲ့ ဆိုင်းဘုတ်ကို ကစားကွင်းမှာ ထားရှိမှာဖြစ်လို့ပါပဲ။

Ref: ABCNews “Dog and goat serving as mayor raise money for a playground”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top