ရှေးကောင်းမှုကံ အရင်းခံ၍ ပစ္စုပ္ပန်ကျိုး ပွားတိုးစေရာ မင်္ဂလာ
(၁) ”လူတွင်တစ်ယောက်၊ ဆိုရလောက်အောင်ထွန်းတောက်မည့်သူ၊ ထိုသည့်လူကားငယ်မူငယ်သွေး၊ ငယ်ကလေးကဘိုးဘေးလည်းစောင့်၊ မျိုးလည်းစောင့်၍စောင့်မည့်အရာ တွေ့မြဲသာတည့်”တဲ့။ဒီလင်္ကာလေးဟာ ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ကြီး ”အရှင်ဇနကာဘိဝံသ၏ တစ်ဘဝသာသနာ”ကျမ်းစာအုပ်မှာပါဝင်တဲ့ ကဗျာလင်္ကာလေးပါ။ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ယောက်ဟာ နောင်တစ်ချိန်မှာ အောင်မြင် ထွန်းတောက်လာမယ့်သူမှန်ရင် ငယ်စဉ်ကတည်းက မိဘဆွေမျိုး၊ အဘိုးအဘွား၊ ဆရာသမားစတဲ့…