sun.jpg

နေမျက်နှာပြင်ပေါ်မှ ဝဲဂယက်လှိုင်းဖြစ်စဉ်ကို ဖြေရှင်းနိုင်ပြီ

ကမ္ဘာ့အားအကောင်းဆုံး နေကြည့်မှန်ပြောင်း အသုံးပြု ရိုက်ကူးထားတဲ့ နေမျက်နှာပြင်ရဲ့ ကြည်လင်ပြတ်သားမှုအရှိဆုံး ဓာတ်ပုံဟာ နေရဲ့ အခြေခံ ရူပဗေဒဖြစ်စဉ်ကို ပိုမိုရှင်းလင်းစွာ နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ မာဝီကျွန်းပေါ်မှ ဟာလီယာကာလာမီးတောင်ထိပ်မှာ တပ်ဆင်ထားတဲ့ ဒန်နီယယ်အီနိုယေး (Daniel Inouye)…

doct-1.webp

နှလုံးကို ကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်မည့် ဂျယ်တစ်မျိုးကို အာဂျင်တီးနားဇီဝဗေဒပညာရှင် စမ်းသပ်လုပ်ဆောင်နေ

အာဂျင်တီးနားနိုင်ငံမှ အသက် ၂၅ နှစ်အရွယ် ဇီဝဗေဒပညာရှင်တစ်ယောက်ဟာ နှလုံးဖောက်မှု ကုသမှုပုံစံကို တော်လှန်ပြောင်းလဲနိုင်မယ့် ဂျယ်တစ်မျိုးကို စမ်းသပ်လုပ်ဆောင်လျက် ရှိပါတယ်။ Universidad Favaloro မှ ဇီဝဗေဒသိပ္ပံဘွဲ့ ရရှိခဲ့တဲ့ ပီလာဖာရာ (Pilar Ferrer) ဟာ…

bat.jpg

အဆိပ်သင့်ယူရေနီယမ်ဓါတ်ကို ဖယ်ရှားပေးနိုင်တဲ့ ဘက်တီးရီးယား

သိပ္ပံပညာရှင်တွေဟာ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေအတွက် သဘာဝအခြေခံ ဖြေရှင်းနည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံရဲ့ ရေလွှမ်းမိုးခံရတဲ့ ဆိုဗီယက် မိုင်းဟောင်းတစ်ခုထဲမှ စွန့်ပစ်ရေဆိုးတွေထဲမှာ အဆိပ်သင့်ယူရေနီယမ်ဓာတ်ကို လျှော့ချပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို တွေ့ရှိခဲ့တာလို့ Nature Communications ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အောက်ဆီဂျင်နည်းပါးတဲ့ အခြေအနေမှာ…

1000034781.jpg

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှ တတိယအခြေအနေသစ်ကို သိပ္ပံပညာရှင်များ တွေ့ရှိ

သက်ရှိတွေ သေဆုံးသွားတဲ့အခါ တချို့ ဆဲလ်တွေဟာ ချက်ချင်းသေဆုံးမသွားကြပါဘူး။ သူတို့ဟာ အခြေအနေနဲ့အမျှ အလိုက်သင့်ပြောင်းလဲတာ၊ ပြန်လည်ဖွဲ့စည်းတာနဲ့ အသစ်ပြန်လည် တည်ဆောက်တာတွေ လုပ်ဆောင်ကြပါတယ်။ သေဆုံးသွားတဲ့ သက်ရှိတစ်ခုဆီမှ ဆဲလ်တချို့ကို ထုတ်ယူပြီး သင့်တော်တဲ့ ပတ်ဝန်းကျင်တခုပေးလိုက်ရင် အဲဒီဆဲလ်တွေက အသက်ဝင်တဲ့…

moon4.jpg

သမိုင်းဝင် Artemis II (အာတီမစ် ၂) မစ်ရှင်မှာ လကမ္ဘာရဲ့အနောက်ဘက်ခြမ်းဓာတ်ပုံများ ထွက်ပေါ်လာ

သမိုင်းဝင် Artemis II (အာတီမစ် ၂) မစ်ရှင်မှာ အိုရီယွန်အာကာသယာဉ်ကနေ ပေးပို့ခဲ့တဲ့ ဓာတ်ပုံတွေမှာတော့ လကမ္ဘာရဲ့ အနောက်ဘက်ခြမ်း မြင်ကွင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Artemis II မစ်ရှင်မှာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၂၅၂၇၅၆…

ai.jpg

အထက်တန်းကျောင်းသားလေးက AI သုံးပြီး အာကာသထဲမှ အရာဝတ္တုပေါင်း ၁.၅ သန်းကျော်ကို ဖော်ထုတ်နိုင်ခဲ့

အထက်တန်းကျောင်းသားတစ်ဦးဟာ နာဆာရဲ့ဒေတာအဟောင်းတွေကို ဉာဏ်ရည်တုနည်းပညာ(AI)နဲ့ ဆန်းစစ်ပိုင်းခြားပြီး အာကာသထဲမှ အရာဝတ္တုပေါင်း ၁.၅ သန်းကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ပါဆာဒီနာအထက်တန်းကျောင်းမှ စီနီယာကျောင်းသား မက်တီယိုပက်ဇ်ဟာ နာဆာရဲ့ မစ်ရှင်အဟောင်းထဲမှ ဒေတာတွေကို AI နဲ့ ခွဲခြားစိတ်ဖြာခဲ့ရာမှာ…

frog.jpg

ဖားတွေရဲ့ အူဘက်တီးရီးယားတစ်မျိုးက ကင်ဆာကျိတ်ကို တိုက်ဖျက်နိုင်စွမ်း ရှိကြောင်းတွေ့ရှိ

ဖားတွေရဲ့ အူလမ်းကြောင်းထဲမှ ဘက်တီးရီးယားတစ်မျိုးဟာ ကင်ဆာကျိတ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ ဂျပန်နိုင်ငံ အဆင့်မြင့်သိပ္ပံနဲ့နည်းပညာသိပ္ပံဌာနမှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကုန်းနေရေနေ သတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေမှာ ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းပါးတာ တွေ့ရှိခဲ့ပြီးနောက် သုတေသီတွေက အခုလို စူးစမ်းရှာဖွေခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဖား၊…

sell.jpg

ဒေတာသိမ်းဆည်းမှု ဂစ်ဂါဘိုက် ၁.၄ သန်းရှိတဲ့ လူ့ဦးနှောက်တစ်သျှူး တစ်ကုဗမီလီမီတာရဲ့ ပုံ

ဒီပုံမှာ မြင်ရတာကတော့ အမြစ်ရှုပ်ထွေးတဲ့ အပင်တွေ မဟုတ်သလို ရေအောက်ထဲက အပင်တွေလည်း မဟုတ်ဘူး။ လူ့ဦးနှောက်တစ်သျှူး တစ်ကုဗမီလီမီတာကို Scan ဖတ်ပြီး ကြည်လင်ပြတ်သားမှု ကောင်းကောင်းနဲ့ ပုံကြီးချဲ့ပြထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ သေးငယ်ပြီး ထောင်ပေါင်းများစွာရှိတဲ့ နျူရွန်လေးတွေ အပြန်အလှန်…

skin.jpg

သဘာဝအရေပြားအတိုင်း လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အရေပြားတစ်မျိုးကို ဂျပန်သိပ္ပံပညာရှင်တွေ တီထွင်

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ အရေပြားအစစ်အတိုင်း လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အရေပြားတစ်မျိုးကို ဓာတ်ခွဲခန်းမှာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဂျပန်သိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့တဲ့ အရေပြားမှာ ချွေးဂလန်း၊ မွေးညှင်းပေါက်၊ အဆီထုတ်ဂလန်းတွေ ပါဝင်တာကြောင့် သဘာဝအရေပြားအတိုင်း အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။ လက်ရှိအသုံးပြုနေတဲ့…

ျငါ.jpg

Blu-ray discs အချပ် ၇၀၀၀ စာ သိုလှောင်နိုင်တဲ့ 5D ဖန်ချပ် တီထွင်ဖန်တီး

ဆောက်သမ်တန်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ ဒေတာအချက်အလက်ပေါင်း 360 တီရာဘိုက် (360,000 ဂစ်ဂါဘိုက်)အထိ သိုလှောင်နိုင်တဲ့ 5D ဖန်ချပ်တစ်မျိုးကို တီထွင်ခဲ့ကြပါတယ်။ ပျက်စီးယိုယွင်းခြင်းမရှိဘဲ ဒေတာတွေကို နှစ်ဘီလျံပေါင်းများစွာ သိုလှောင်ထားနိုင်မယ့် ဖန်ချပ်ဟာ 5D နည်းပညာဖြစ်ပြီး ဒေတာသိုလှောင်နိုင်စွမ်း ပမာဏကတော့…