mosquito.jpg

ဂေဟစနစ်မှာ အရေးပါတဲ့ ပုစဉ်းတွေရဲ့ အခန်းကဏ္ဍ

သဘာဝအတိုင်း အပြန်အလှန် ထိန်းကျောင်းပေးနေတဲ့ ဂေဟစနစ်မှာ ပုစဉ်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ ပုစဉ်းတွေဟာ နေ့စဉ်နေ့တိုင်း ခြင်အကောင်ရေ တစ်ရာကျော် ဖမ်းယူစားသောက်နိုင်စွမ်းရှိပါတယ်။ တကယ်လို့ လူတွေကသာ ပုစဉ်းတွေကို ဖမ်းယူသတ်ဖြတ်မယ်ဆိုရင် ဂေဟစနစ်ရဲ့ဟန်ချက်ပျက်ပြီး တန်ပြန်ဆိုးကျိုးတွေ သက်ရောက်လာမှာပါ။ ပုစဉ်းအကောင်ရေ…

bird.jpg

စာကလေးသိုက်ရှိတဲ့ ငှက်ပျောပင်ကို မဖျက်ဆီးခဲ့တဲ့ ဆင်အုပ်

၂၀၂၁ ခုနှစ် မေလ ၆ ရက်က အိန္ဒိယနိုင်ငံ တမီလ်နာဒူပြည်နယ်မှာ ငှက်ပျောခင်းထဲကို ဆင်တစ်အုပ် ဝင်စားလို့ ငှက်ပျောပင် ၃၀၀ ကျော် လဲပြိုကျသွားခဲ့တယ်။ ဒါပေမဲ့ ထူးထူးခြားခြားပဲ ငှက်ပျောပင်တစ်ပင်ကတော့ အကောင်းပကတိအတိုင်း ကျန်နေခဲ့တယ်။ ငှက်ပျောခင်းပိုင်ရှင်က…

blue.jpg

ကန်ဒေါ်လာ ၂၁.၅ သန်းနဲ့ လေလံတင်ရောင်းထွက်ခဲ့တဲ ရှားပါးအပြာရောင်စိန်

အထူးရှားပါးတဲ့ အပြာရောင်စိန် ၁ ပွင့်ကို ဂျနီဗာမှာ ဒေါ်လာ ၂၁.၅ သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ အဲ့ဒီစိန်က အလေးချိန် ၁၀.၃ ကာရက်ရှိပြီး လေလံဆွဲတဲ့သူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်လူမျိုး ( အမည်မဖော်ပြ) က…

ocean.png

သမုဒ္ဒရာကြမ်းပြင်မှာ ဘာအသံတွေ ကြားရသလဲ

သမုဒ္ဒရာကြမ်းပြင်မှာ ငြိမ်သက်တိတ်ဆိတ်နေမှာပဲလို့ ယူဆကြတဲ့ သိပ္ပံပညာရှင်တွေဟာ လက်တွေ့စမ်းသပ်မှုမှာတော့ အံ့အားသင့်စရာ ဖြစ်ခဲ့ကြပါတယ်။ သုတေသီတွေဟာ ကမ္ဘာ့အနက်ဆုံး ရေအောက်ကြမ်းပြင် ဖြစ်တဲ့ မာရီယာနာသမုဒ္ဒရာချောက်နက်ထဲကို ရေအောက်အသံဖမ်းကိရိယာ(hydrophone) ချထားခဲ့ကြပါတယ်။ ရေအောက်အသံဖမ်းကိရိယာကနေ ငလျင်လှုပ်ခတ်သံ၊ သင်္ဘောတွေ ဖြတ်သွားတဲ့အသံ၊ ဝေလံငါးတွေရဲ့ အသံ…

pite.jpg

ရောမခေတ်က ရေသွယ်ပြွန်အဖြစ် အသုံးပြုခဲ့တဲ့ အခေါင်းပေါက်သစ်လုံးတွေ ရှာဖွေတွေ့ရှိ

ဘယ်လ်ဂျီယံမြို့လယ်စင်တာရဲ့ မြေအောက်ကို တူးဖော်မှုလုပ်ရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀ က ရောမခေတ်မှာ ရေသွယ်ပြွန်အဖြစ် အသုံးပြုခဲ့တဲ့ အခေါင်းပေါက်သစ်လုံးတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မြေအောက်အနက် ၁၃ ပေမှာ မြှုပ်ထားတဲ့ အခေါင်းပေါက်သစ်လုံးတွေဟာ တစ်ချောင်းကို ၅ ပေ…

dna.png

လူ့ခန္ဓာကိုယ်ထဲမှ DNA အရှည်မှာ ကမ္ဘာမြေမှ ပလူတိုဂြိုဟ်သို့ ၁၇ ခေါက် အသွားအပြန် လုပ်နိုင်တဲ့ အကွာအဝေး ရှိ

လူ့ခန္ဓာကိုယ် ဆဲလ်တွေအတွင်းမှာရှိတဲ့ DNA တွေဟာ အထပ်ထပ်ဆင့်ကာ ရစ်ခွေထားတဲ့ ပုံသဏ္ဍာန်ရှိတာကြောင့် အလွန်ရှည်လျားပြီး အလျားလိုက် ဆွဲဆန့်လိုက်မယ်ဆိုရင် ကမ္ဘာမြေကနေ ပလူတိုဂြိုဟ်ကို ၁၇ ခေါက် အသွားအပြန် လုပ်နိုင်တဲ့ အကွာအဝေး ရှိပါတယ်။ လူသားမျိုးဗီဇအစုအဝေးမှာ အခြေခံအတွဲအစပ်…

math.png

ကမ္ဘာကျော် ပုစ္ဆာ ၂ ပုဒ်ကို အိမ်စာထင်ပြီး တွက်ချက်ဖြေရှင်းနိုင်ခဲ့သူ

ညဉ့်နက်တဲ့အထိ စာ လေ့လာလေ့ရှိတဲ့ ဂျော့ဒန်းဇစ်ဟာ တစ်ရက်မှာတော့ အိပ်ယာထ နောက်ကျသွားပြီး အတန်းချိန် မိနစ် ၂၀ နောက်ကျသွားခဲ့ပါတယ်။ အဲဒီအတွက် ကျောက်သင်ပုန်းပေါ်မှာ သင်္ချာပါမောက္ခ နေမန် ရေးထားတဲ့ ပုစ္ဆာ ၂ ပုဒ်ကို အိမ်စာလို့…

2bro.jpeg

ညီအစ်ကိုရင်း နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကနေ ဖြစ်ပေါ်လာတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် ၂ ခု

လုပ်ငန်းတစ်ခုကို အတူတကွ ထူထောင်ခဲ့ကြတဲ့ ညီအစ်ကိုရင်း နှစ်ဦးဟာ သံသယနဲ့ အမုန်းတရားကြောင့် ခွာပြဲခဲ့ကြပြီး သူတိုသေရင် အုတ်ဂူ ၂ လုံးကိုတောင် တတ်နိုင်သမျှ အဝေးဆုံးမှာ ထားဖို မှာကြားခဲ့တဲ့အထိ မုန်းတီးခဲ့ကြပါတယ်။ သူတိုနှစ်ယောက်ကတော့ ဂျာမနီနိုင်ငံ၊ ဟဲဇိုဂင်အော်အာမြိုမှာ…

island.webp

၃ မိုင်လောက်ပဲ ကွာဝေးပေမဲ့ အချိန် ၂၂ နာရီကွာတဲ့ မနေ့ကကျွန်းနဲ့ မနက်ဖြန်ကျွန်း

ပုံမှာ မြင်ရတဲ့ ကျွန်းနှစ်ကျွန်းက ၅ ကီလိုမီတာ (၃ မိုင်) လောက်ပဲ ဝေးပြီး ဆောင်းရာသီ ရေခဲသွားတဲ့အချိန်တွေမှာ လမ်းလျှောက်သွားရင် ကျွန်းတစ်ကျွန်းကနေ နောက်တစ်ကျွန်းကို ရောက်ဖို့ ၁ နာရီလောက် ကြာပါတယ်။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာကတော့…

တငျိသာ.jpg

မြေပြင်ပေါ် မဆင်းသက်ဘဲ ၆ နှစ်ကြာ ပျံသန်း

တောင်ပံ ဖြန့်လိုက်ရင် ၁၁ ပေ အရှည်ရှိတဲ့ ပင်လယ်စင်ရော်ငှက်ကြီး(Albatros)တွေဟာ မြေပြင်ပေါ်ကို မဆင်းသက်ဘဲ နှစ်ပေါင်းများစွာကြာအောင် ပျံသန်းနိုင်စွမ်း ရှိပါတယ်။ ကမ္ဘာပေါ်က ပျံသန်းနိုင်စွမ်းရှိတဲ့ ငှက်မျိုးစိတ်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး တစ်ကြိမ်ကို မိုင် ၁၀၀၀၀ ကျော်အထိ ပျံသန်းနိုင်သလို…