north-korea.jpg

တောင်ကိုရီးယားနဲ့ အမေရိကန်က ဒုံးကျည် ၈ စင်းပစ်လွှတ်ပြီး မြောက်ကိုရီးယားကို တုံ့ပြန်

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံက ဒုံးကျည် ၈ စင်း ပစ်လွှတ်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို တုံ့ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းလွန်ဘက်ကို ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ တနင်္လာနေ့ နံနက်အစောပိုင်းမှာတော့ တောင်ကိုရီးယားနဲ့ အမေရိကန်က မြေပြင်မှ မြေပြင်ကို…

myanmar1-superJumbo.jpg

မြန်မာပြည်သူတွေလိုအပ်နေတဲ့ အကူအညီတွေ အဟန့်အတားမရှိ ရောက်ရှိဖို့လိုအပ်တယ်လို့ အမေရိကန်ပြော

ရန်ကုန်၊ သြဂုတ် (၂၆) မြန်မာနိုင်ငံအတွင်းမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီကို လူသားချင်းစားနာမှု အကူအညီတွေ အဟန့်အတားမရှိရောက်ရှိဖို့လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းက ထိခိုက်လွယ်ပြည်သူတွေဟာ နဂိုတည်းကမှ ယိုင်နဲ့နဲ့ဖြစ်နေတဲ့ အခြေအနေကို ဖေဖော်ဝါရီလ…

27-10-2020-yyl-025.jpg

တရုတ်နိုင်ငံနဲ့ နယ်စပ်အရေး တင်းမာနေချိန်မှာ အိန္ဒိယနဲ့ အမေရိကန်တို့ အရေးကြီးကာကွယ်ရေးစာချုပ် ချုပ်ဆို

တရုတ်နိုင်ငံနဲ့ နယ်စပ်အရေး တင်းမာမှုတွေ ဖြစ်နေချိန်မှာ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံကြား ထိလွယ်ရှလွယ်တဲ့ ဂြိုဟ်တုသတင်းအချက်အလက်တွေ ဝေမျှဖို့ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဂြိုဟ်တုသတင်းအချက်အလက်တွေ ရရှိမှုဟာ ဒုံးကျည်တွေ၊ မောင်းသူမဲ့ယာဉ်တွေနဲ့ တခြားတိကျတဲ့ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ဖို့ အရေးပါတယ်လို့ သတ်မှတ်ထားကြပါတယ်။…

23-10-2020-yyl-017.jpg

တရုတ် (တိုင်ပေ)ကို ကန်ဒေါ်လာ ၁.၈ ဘီလျံတန် စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ အမေရိကန် အတည်ပြု

အမေရိကန်နိုင်ငံက တရုတ်(တိုင်ပေ)ကို အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံ တန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ အတည်ပြုပေးလိုက်ပါပြီ။ ဒီလုပ်ရပ်က တရုတ်နိုင်ငံနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံဟာ သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အရင်ကထက်ပိုပြီး တရုတ်(တိုင်ပေ)ထံ စစ်လက်နက်ပစ္စည်းတွေ…

23-9-2020-yyl-001.jpg

ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုမြင့်တက်

နယူးယော့ခ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအတွက် တရုတ်နိုင်ငံအပေါ် အပြစ်တင်ခဲ့လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအတွက် တရုတ်နိုင်ငံကို တာဝန်ယူခိုင်းရမယ်လို့ ဒေါ်နယ်ထရမ့်က…

18-9-2020-yyl-021.jpg

တရုတ်(တိုင်ပေ)ကို အမေရိကန်အရာရှိ လာရောက်ချိန်မှာ တရုတ်နိုင်ငံ စစ်ရေးလေ့ကျင့်

တရုတ်(တိုင်ပေ)ကို အမေရိကန်နိုင်ငံ ထိပ်တန်းအရာရှိ လာရောက်ချိန်မှာ တရုတ်နိုင်ငံက အချုပ်အခြာအာဏာကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ထိုင်ဝမ်ရေလက်ကြားအနီး စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုမြင့်တက်နေပြီး အမေရိကန်နိုင်ငံက တရုတ်(တိုင်ပေ)ကို ထောက်ခံအားပေးကြောင်း ပြသလာချိန်မှာ တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့တာပါ။ ကိ(သ်)ခရက်ချ်ဟာ…

14-9-2020-yyl-002.jpg

TikTok ဝယ်ယူဖို့ ဈေးခေါ်မှုကို Microsoft ငြင်းပယ်ခံရ

တနင်္ဂနွေနေ့ညက လက်ရှိလူအများအကြား ခေတ်စားအသုံးများနေတဲ့ TikTok အက်ပလီကေးရှင်းရဲ့တရုတ်ပိုင်ရှင်ဟာ TikTok ရဲ့အမေရိကန်အော်ပရေရှင်းကို ထိန်းချုပ်ဖို့ Microsoftရဲ့ ဈေးခေါ်မှုကို ပယ်ချခဲ့တယ်လို့ Microsoft က ပြောပါတယ်။ နိုင်ငံတော်အဆင့်လုံခြုံရေးပြဿနာတွေ ရည်ညွှန်းပြောဆိုရင်း ရက် (၉၀) အတွင်း TikTokရဲ့…

df4103.jpg

အမေရိကန်စစ်တပ်နဲ့ ပခုံးချင်းယှဉ်နိုင်လာတဲ့ တရုတ်စစ်တပ်

တရုတ်နိုင်ငံဟာ လာမယ့်ဆယ်စုနှစ်အတွင်း သူတို့လက်နက်တွေမှာ တပ်ဆင်တဲ့ နျူကလီးယားထိပ်ဖူး အရေအတွက်ကို အနည်းဆုံး ၂ ဆ မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ တရုတ်စစ်တပ်ဟာ အဓိကကျတဲ့ ကဏ္ဍတွေမှာ အမေရိကန်စစ်တပ်နဲ့ တန်းတူ ဒါမှမဟုတ်…

23-7-2020-yyl-024.jpg

ပတ်လမ်းထဲရှိ ဂြိုဟ်တုတွေကို တိုက်ခိုက်ဖို့ ရုရှားနိုင်ငံက အာကာသထဲ လက်နက်တွေစမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ ဗြိတိန် စွပ်စွဲ

ပတ်လမ်းထဲရှိ ဂြိုဟ်တုတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ အသုံးပြုနိုင်တဲ့ လက်နက်ပုံစံ ဒုံးကိရိယာကို အာကာသထဲ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက စွပ်စွဲခဲ့ပါတယ်။ မကြာသေးခင် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ကိရိယာဟာ ပတ်လမ်းသွား ဂြိုဟ်တုဖျက်လက်နက် ဖြစ်ဖွယ်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ ရုရှားနိုင်ငံရဲ့…

11-7-2020-yyl-009.jpg

ဒေါ်နယ်ထရမ့်ရဲ့ တူမဖြစ်သူ ရေးသားထားတဲ့စာအုပ်က စထွက်တဲ့နေ့မှာ အုပ်ရေတစ်သန်းနီးပါး ရောင်းချခဲ့ရ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ပတ်သက်ပြီး သူ့ရဲ့တူမဖြစ်သူ ရေးသားထားတဲ့စာအုပ်သစ်ဟာ အမေရိကန်နိုင်ငံမှာ စတင်ရောင်းချခဲ့တဲ့ ပထမဆုံးနေ့မှာပဲ အုပ်ရေတစ်သန်းနီးပါး ရောင်းချခဲ့ရတယ်လို့ ထုတ်ဝေသူက ပြောပါတယ်။ ရလေလိုလေ အိုတစ္ဆေ၊ ကျွန်မတို့မိသားစုက ကမ္ဘာ့အန္တရာယ်အရှိဆုံးအမျိုးသားကို မွေးထုတ်မိခဲ့တဲ့အကြောင်း (Too Much and Never Enough:…